အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

29 May, 2013

ကယ်လီဖိုးနီးယားရှိ Disneyland တွင် အသေးစား ပေါက်ကွဲမှုဖြစ်

ကယ်လီဖိုးနီးယားရှိ Disneyland အပန်းဖြေ ဥယျာဉ်တွင် အသေးစား ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ယင်းသည် ရေခဲခြောက်ကြောင့်ဖြစ်ပြီး အကြမ်းဖက်မှု မဟုတ်ကြောင်း ရဲများက ပြောကြား...
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ Disneyland အပန်းဖြေ ဥယျာဉ်တွင် အသေးစား ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ယင်းသည် ရေခဲခြောက်ကြောင့်ဖြစ်ပြီး အကြမ်းဖက်မှု မဟုတ်ကြောင်း ရဲများက ပြောကြားခဲ့သည်။ အင်္ဂါနေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် Walt Disney ကုမ္ပဏီမှ တာဝန်ရှိသူများသည် လာရောက် လည်ပတ်သူများကို အရေးပေါ် ရွှေ့ပြောင်းမှု ပြုလုပ်ပေးခဲ့ရသည်။ အမှိုက်ပုံး တစ်လုံးအတွင်း ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲများက စုံစမ်းမှုများ စတင်ခဲ့ရာ ပလတ်စတစ် ပုလင်းထဲ ထည့်ထားသည့် ရေခဲခြောက် အပိုင်းအစ တစ်ခုအား စွန့်ပစ်ထားရာမှ ဖြစ်ခြင်းဟု ဖော်ထုတ်နိုင်ခဲ့သည်။

ယင်းသည် လူနောက် တစ်ဦးဦးက တမင်တကာ လုပ်ဆောင်မှု ဖြစ်နိုင်ကြောင်းလည်း ရဲများက မှတ်ချက်ပြုထားသည်။ ရှင်းလင်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် နာရီပိုင်း အတွင်းမှာပင် လာရောက် လည်ပတ်သူများကို ပြန်လည် ဝင်ရောက်ရန် ခွင့်ပြုခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆာဂျင်ဘော့ဘ်ဒန်းက ဖြစ်စဉ်အတွင်း မည်သူမျှ ထိခိုက်ဒဏ်ရာရမှု မပေါ်ပေါက်ခဲ့ကြောင်းလည်း ပြောကြားသွားသည်။

"ကျွန်တော်တို့ စစ်ဆေးကြည့်တော့ ရေခဲခြောက်ကနေ ဖြစ်လာတဲ့ ပေါက်ကွဲမှုလေးပါ"ဟု ၎င်းက အတည်ပြုသွားသည်။ Disneyမှ ပြောရေးဆိုခွင့်ရ အမျိုးသမီးက "အင်္ဂါနေ့ မွန်းလွဲပိုင်းက Mickey's Toontown အပိုင်းမှာရှိတဲ့ အမှိုက်ပုံး တစ်ခုမှာ ပေါက်ကွဲမှု အငယ်စားတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီအတွက် လူတွေကို ရွှေ့ပြောင်းပေးပြီး ဒေသခံ အာဏာပိုင် အဖွဲ့အစည်းတွေကို စစ်ဆေးခွင့် ပြုခဲ့ပါတယ်။ ခုတော့ အားလုံးပုံမှန် ပြန်ဖြစ်နေပါပြီ"ဟု ကြေညာသွားသည်။

Planet.com.mm

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...