![]() |
စစ်သူကြီး သတိုးမဟာဗန္ဓုလ (၁၇၈၀ – ၁၈၂၅)
စစ်သူကြီး မဟာဗန္ဓုလသည် ဘိုးတော်ဘုရားနှင့် ဘကြီးတော်တို့ လက်ထက် ပထမ အင်္ဂလိပ် – မြန်မာစစ် အတွင်း ထင်ရှားကျော်ကြားခဲ့သော ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုပမ်း အမူတော် ထမ်းခဲ့သော မြန်မာစစ်သူကြီး ဖြစ်သည်။ မဟာဗန္ဓုလ၏ ဘွဲ့အပြည့်အစုံကား ‘စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓုလ’ ဖြစ်သည်။
မဟာဗန္ဓုလ၏ အမည်ရင်းမှာ မောင်ရစ်ဖြစ်ပြီး မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ပန်းယင်းရွာ (ငပယင်းရွာ) ၌ ဦးပေါက်တော၊ ဒေါ်မိငြိမ်းတို့က သက္ကရာဇ် ၁၁၄၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ (ခရစ်နှစ်