ယနေ့ နံနက် ရေနံမကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေရာနှင့်ချီ ပျက်စီးဆုံးရှုံး
မေလ (၃)ရက်နေ့မကွေးတိုင်း ဒေသကြီး အထက်မင်းလှမြို့နယ်၊ ရေနံမကျေးရွာတွင် ယနေ့မနက် ၄နာရီ ၃၀ ခန့်က မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေရာနှင့်ချီပြီး ပျက်စီးဆုံးရှုံး သွားကြောင်း သတင်းရရှိပါသည်။
မီးလောင်းရာတွင် လူအသေအပျောက် မရှိ သော်လည်း မီးဘေးသင့် ပြည်သူများ အား ကျေးရွာ စာသင်ကျောင်းတွင် ခေတ္တယာယီ နေရာချထား ပေးထားပြီး စာဝတ်နေရေး အတွက် အကူအညီများစွာ လိုအပ်နေပါသည်။
မီးဘေးသင့် ပြည်သူများအား ၀ိုင်းဝန် ကူညီပေးကြပါရန် ဒေသခံများက Myanmar News Now ကို ပြောပါသည်။
သစ်ထူးလွင်