အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

တာချီလိတ်မြို့နယ်နှင့် ကျိုင်းတုံမြို့နယ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ် မူးယစ်အထူး အဖွဲ့နှင့် ပူးပေါင်း အဖွဲ့ဝင်များသည် မေ ၂၈ ရက် နေ့လယ်ပိုင်းက လွယ် တော်ခမ်း ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် တာဝန် ထမ်းဆောင်စဉ် တာချီလိတ်မြို့ ဘက်မှ
မိုင်းဆတ် မြို့ ဘက်သို့ ယာဉ်မောင်း ဆမ်ဖ မောင်းနှင်လာသည့် တိုယိုတာ ဟိုင်းလတ်ယာဉ်အား ရပ်တန့်ရှာဖွေ စစ် ဆေး ရာ ယာဉ်နောက်ခန်း အတွင်း လေဆာ တံဆိပ်ပါ စက္ကူချပ်ဖာ အတွင်း အဝါရောင်တိပ်ဖြင့် ပတ်၍ ပလတ် စတစ်စဖြင့် ထုပ်ပိုးထားသည့် အထုပ် တစ်ထုပ်လျှင် အလေးချိန်

တရားမဝင်နိုင်ငံခြားငွေကြေးလဲလှယ်သူများရှိနေခြင်းက မြန်မာရောက် ပြည်ပဧည့်သည်များအတွက် အဓိကပြဿနာဖြစ်ဟုဆို

ရန်ကုန်ရှိ တရားမဝင် နိုင်ငံခြားငွကြေေး လဲ လှယ်နေသူများသည် မြန်မာနိုင်ငံ ရောက် ပြည်ပဧည့်သည်များအ တွက် အဓိကပြဿနာ ဖစြ် ကြောင်း NFID Asia မှ ဒါရိုက်တာ မတ် ဝယ်လ်ဆွန်က ပြောသည်။ ရန်ကုန်နှင့် အခြားမြို့ကြီး များရှိ လူစည်ကားသော နရော တချို့တွင် ဒေါ်လာဝယ်ရောင်း လုပ်သူများ အနေဖြင့် နိုင်ငံခြားသားများ တွေ့ရှိပါက ဒေါ်လာအ ရောင်းအဝယ်ကိစ္စများကို အတင်း ခေါ်ယူ

လားရှိုး မန်ဆူရှမ်းဘုန်းကြီးကျောင်းတွင် ဒုက္ခသည် ၁၀၀၀ ခန့် ခိုလှုံ

ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဧပြီ ၂၈ နဲ့ ၂၉ ရက် အြကမ်းဖက်မီးရှို့မှုတွေကြာင့် နေအိမ်တွေ မီးလောင် ပျက်စီးသွားတဲ့အတွက် နေစရာမရှိတဲ့ ဒုက္ခသည် ၁၀၀၀ လောက် လားရှိုးမြို့ပေါ်က မန်ဆူရှမ်းဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနြေကတယ်လို့ ကျောင်းထိုင်ဆရာတော် ဦးပုညက မိန့်ပါတယ်။“အစ္စလာမ်ဘာသာဝင်တွေရာ၊ တြခားဘာသာဝင်တွေရာ ၁၀၀၀ လောက်ရှိမယ်၊ ရောက်လာကြပါတယ်။ နေထိုင်စရာတွေ အားလုံး အခက်အခဲတွေဖြစ်နေတာ့ တဆင့် တဆင့်

စစ်တွေ့မြို့နယ်မှ အနိမ့်ပိုင်းရပ်ကွက်များတွင် ပင်လယ်ရေတက်..

အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရခိုင်ပြည်နယ်စစ်တွေ့မြို့တွင် ဆင်းကူလမ်းရပ်ကွက်၊ အုန်းတစ်ပင်၊ ရွာကြီးမြောက်၊ လမ်မတော်မြောက်အစရှိသောရပ်ကွက်များတွင်(၂)ပေ၊ (၃)ပေခန်ရှိသည့် ပင်လယ်ရေများတက်နေကြောင်း သိရသည်။
ယခုလိုရေတက်ရခြင်းမှာ လပြည်နေ့နှင့် လပြည့်ကျော်(၁)ရက်မှ (၃)ရက်(၄)ရက်အထိ ရေကြီးပြီး လကွယ်နေ့တွင် လည်း၏ရေတက်လေ့ရှိပြီး ညပိုင်းတွင်လည်း တက်လေ့ရှိကြောင်းသိရသည်။ရေတက်
တိုင်းအဆိုပါရပ်ကွက်များတွင်ရေတက်တတ်ပြီးအိမ်ထဲအထိရောက်ကာလမ်းမတော်မြောက်အလယ်လမ်း

ကချင်ပြည်သူများ ငြိမ်းချမ်းရေးအတွက် သဘောထားအမြင်ပေးနိုင်စေရန် Techincal Team ဖွဲ့မည်

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)သည် ကချင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ကချင်လူထု၏ သဘောထားအမြင်များကို ရယူနိုင်ရန် အမြဲထိတွေ့ဆက်ဆံနိုင်မည့် အဖွဲ့ (Technical Team) တခု ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း ဗိုလ်ချုပ် ဂွန်မော်က ဆိုသည်။Technical Team တခုပြုလုပ်ရန် အစီအစဉ်ရှိရခြင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ပြည်သူများပါဝင်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
ကနဦးအနေဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့သည် ကချင်ပြည်သူလူထုနှင့် မေလ (၂၉)ရက် နေ့လည်တွင် (၂)နာရီကြာ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းရှိ ကချင်ရိုးရာယဉ်ကျေးမှု နှင့်

ခရမ်းမြို့ကြက်ခြေနီက ကတ်ကြေးဖြင့်ထိုးမှု အရေးယူပေးစေလို

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် 28.5.2013 နေ့ ညနေ ၄ နာရီတွင် ကျင်းပသော
အားကစားနှင့် ကာယပညာ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲတွင် အမှတ် (၁၂) ရပ်ကွက် နှင့်ကမာကလူကျေးရွာဘောလုံးအသင်းတို့ယှဉ်ပြိုင်ပွဲတွင်ဘောလုံးပွဲကျင်းပနေစဉ်ကမာကလူကျေးရွာမှ
မောင်ပြည့်စုံသည် ပရိတ်သတ် အထဲမှ အော်ဟစ် အားပေးခဲ့သည် ။ ပွဲပြီးချိန်တွင် ကွင်းအပြင်မှ မောင်ပြည့်စုံအား ခရမ်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့က ၄ ဦးမှ နှစ်ဦးက ဖမ်းချုပ်ပြီး ကျန်နှစ်ဦးမှ

Graffiti သမား အာကာကျော်အား မရမ်းကုန်းစည်ပင် မှ တရားစွဲ

မြန်မာ Graffiti အနုပညာသည် အာကာကျော်အား ယနေ့တွင် မရမ်းကုန်း မြို့နယ် စည်ပင်ရုံးမှ သမ္မတ ဦးသိန်းစိန် ၏ ပုံတူအား နံရံတွင်ရေးဆွဲမှုဖြင့် အမှုဖွင့် တရားစွဲ လိုက်ကြောင်း ၄င်း၏ ပြောကြားချက်အရသိရသည်။
မနေ့ညက ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန် ရယက ရုံးက ခေါ်တာ နဲ့သွားတော့ မရမ်းကုန်းစည်ပင်က တရားစွဲထားကြောင်း နဲ့မနက် ပြန်လာ ဖြေရှင်းဖို့ ပြောမှ ကျွန်တော့်ကို တရားစွဲထားမှန်း သိရတယ်။
စည်ပင်က တော့ ကျွန်တော်တို့ အခု စည်ပင်ဥပဒေနဲ့ပဲ တရားဆွဲထားပြီး မြို့နယ် စည်ပင် အုပ်ချုပ်ရေးမှူး

လားရှိုးပဋိပက္ခ ကြိုးကိုင်သူရှိဟု ၀န်ကြီးဦးအောင်မင်း ပြော

ရှမ်းပြည်နယ် လားရှိုးမြို့တွင် မေလ ၂၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ နောက်ကွယ်တွင် ကြိုးကိုင်သူ ရှိကြောင်း သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ပြောဆိုလိုက်သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မေလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သော ကေအိုင်အေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအစ ဖွင့်ပွဲမိန့်ခွန်းတွင် ဦးအောင်မင်းက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း

NLD မြို့နယ် ဥက္ကဌ တစ်ဦး နှုတ်ထွက်စာတင်

သန်လျင်မြို့နယ် NLD ပါတီဥက္ကဌမှ နှုတ်ထွက်စာတင်ခဲ့ကြောင်း သိရှိရပါသည်။ သံလျင်မြို့နယ် NLD ပါတီဥက္ကဌ ဦးစိုးဟန်သည် ပါတီ လုပ်ငန်းများအား ဆက်လက်လုပ်ကိုင်လိုစိတ် မရှိသဖြင့် ယခုကဲ့သို့
နှုတ်ထွက်စာတင်ခဲ့ကြောင်း ၄င်းနှင့် နီးစပ်သူ တစ်ဦးမှ ပြောကြားခဲ့ပါသည်။ယခုလ ၂၈ ရက်နေ့တွင် သံလျင်မြို့နယ် NLD ပါတီရုံးခန်းတွင် ပါတီဥက္ကဌ ဦးစိုးဟန် နှုတ်ထွက်မှုနှင့် ပတ်သက်ပြီး မြို့နယ်အလုပ်အမှုဆောင် အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။ ဦးစိုးဟန် အနေဖြင့် ၄င်းနှုတ်ထွက်စာ

၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ မတိုင်မှီ ရခိုင် အမျိုးသား ပါတီကြီး တစ်ရပ်ပေါ်ပေါက်ရေး RNDP မျှော်မှန်း

၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ မတိုင်မီ ညီညွှတ်တဲ့ ရခိုင်အမျိုးသား ပါတီကြီး တစ်ခု ပေါ်ပေါက်ရေး အတွက် ပါတီနဲ့ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ဘဲ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောဆိုလိုက်ပါတယ်။
မေလ ၂၇ ရက်ကနေ ၂၉ ရက်နေ့ထိ (၃) ရက်ကြာ အမ်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ဗဟိုကော်မီတီ အစည်းအဝေး အပြီးမှာ ရခိုင်ပြည်သူတွေ အထူး လိုလားနေတဲ့ ALD နဲ့ ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး

UNICEF မှ သူငယ်တန်း ကျောင်းသုံး စာအုပ်များ ရခိုင်ပြည်နယ်တွင် အခမဲ့ ဖြန့်ဝေ

ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF မှာ ရခိုင်ပြည်နယ်တွင် သူငယ်တန်းကျောင်း ကျောင်းသုံး စာအုပ်များကို ကလေးငယ်များ အတွက် အခမဲ့ ကူညီ ထောက်ပံ့ ပေးနေသည်ဟု သိသည်။
မြေပုံမြို့နယ်တွင် လွန်ခဲ့သော တစ်ရက်ခန့်က စတင်ပြီး ကျောင်းသားများ အကြား စာအုပ်များ ပေးအပ်ခဲ့သလို မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ မြို့နယ်တို့တွင် ယမန်နေ့က ပေးအပ်ခဲ့သည်ဟု

"မြန်မာ့ဓလေ့ပန်းချီကား ပြည်ပဧည့် အဝယ်တက်"

ပြည်တွင်းသို့နိုင်ငံခြားသား အဝင် အထွက်များလာမှုသည် ပန်းချီကား ဈေးကွက်ကိုပို၍ သွက်လာစေကြောင်း မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးမောင်မောင်လှမြင့်က ပြောသည်။ ”ပြခန်းတွေမှာဆိုရင်လည်း အရင် ကထက် နိုင်ငံခြားသားအဝင်အထွက် များလာတယ်။ ဒါက ပွင့်လင်းလာတဲ့ နိုင်ငံရေးအခြေ အနေနဲ့လည်း ဆိုင်ပါ တယ်”ဟု ၎င်းကပြောသည်။ဗိုလ်ချုပ်ဈေးရှိပန်းချီပြခန်းများ၌ လည်း ယခင်နှစ်ထက်ရောင်းအား တက် လာကာ ၎င်းပြခန်းများသို့ လာရောက် ဝယ်ယူသူများမှာ ပန်းချီကားစုသည့် မြန်မာအချို့နှင့် နိုင်ငံခြားသားများ ဖြစ်

မြန်မာ့ကြက်ခြေနီအတွက် ထိုင်းရဲ့ သိန်းတထောင်ကျော်အလှူ

မြန်မာနိုင်ငံကြက်ခြေနီအသင်းကဗုဒ္ဓဟူးနေ့မှာ အလှူငွေ ဒေါ်လာ ၁၄၅,
၆၄၂ (ကျပ်သိန်းပေါင်း ၁,၃၇၃) ရရှိခဲ့ပါတယ်။ထိုင်းနိုင်ငံ မိဖုရားကြီး သီရိခေတ်ရဲ့ အသက် ၈ဝ ပြည့်မွေးနေ့ အထိမ်းအမှတ် လှူဒါန်းတာပါတဲ့။အလှူရဲ့ ရည်ရွယ်ချက် တွေထဲမှာ ထိုင်းမြန်မာ
နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်မှု ၆၅ နှစ် ပြည့်သွားခြင်းဆိုတဲ့ အချက်လည်း ပါပါ တယ်။ ကြက်ခြေနီ အသင်းရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ ကူညီမှုလုပ်ငန်း တွေကို

မြရည်နန္ဒာ အုပ်ချုပ်ရေးမှူးအဖွဲ့ကတိမတည်မှု

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၄၉ လမ်းမှာ မြေဖို့ လမ်းခင်းလုပ်ငန်း များကို ဆောင်ရွက် နေသောကြောင့် ၄၉လမ်း အပေါ်ဘက်ဖြစ် သော ရပ်ကွက်များမှာ မိုးရေနှင့် ဆည်ရေများ ၀ပ်နေပါသဖြင့် ရေနုတ်မြောင်းကို ပိတောက်လမ်းအတိုင်း ၅၁လမ်း အထိ ဖောက်ချရန် နှင့် ရပ်ကွက် အတွင်းရေများ မ၀င်ရောက်ရန် ပြုလုပ်ပေးမည်ဟု မြရည်နန္ဒာ အုပ်ချုပ်ရေးမှူးနှင့် လမ်းခင်းနေသော ကုမ္ပဏီ မှ

အမှန်တရားနှင့် တရားမျှတမှု ခရီး စတင်ခြင်း

လွန်ခဲ့သော ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း ဒေသတွင် သူလျှိုဟု စွပ်စွဲကာ ညှဉ်းပမ်းသတ်ဖြတ်ခဲ့မှုများကြောင့် အဖွဲ့ဝင် ကျောင်းသားများ သေဆုံးခဲ့ရ ခြင်း နှင့် ပတ်သက်ပြီး အမှန်တရားနှင့် တရားမျှတမှု ပြန်လည် ဖော်ထုတ်ရန် ကော်မရှင်တရပ်ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီက စတင် ဖွဲ့စည်းခဲ့သည်။
ABSDF ကျောင်းသား တပ်မတော်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေး လူထု အုံကြွမှုကို စစ်တပ်က သွေးထွက်သံယို နှိမ်နှင်းအပြီး တောခိုသွား ခဲ့သည့် ကျောင်းသား လူငယ်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး

အလုပ်သမား လူမှုဖူလုံရေး ဥပဒေသစ် လက်တွေ့ကျင့်သုံးရန် ပြင်ဆင်နေ

လူမှုဖူလုံရေး ဥပဒေသစ်ကို လက်တွေ့ ကျင့်သုံးနိုင်ရန် မြန်မာနိုင်ငံရှိ အလုပ်သမား ၆ သိန်းကျော်၏ အချက်အလက်များ ကွင်းဆင်းကောက်ခံခြင်း လုပ်ငန်းများကို ဇွန် ၂ ရက်နေ့မှ စတင် လုပ်ဆောင်တော့မည် ဖြစ်သောကြောင့် အချက်အလက် အမှန် ရရှိနိုင်ရေး အတွက် အလုပ်ရှင်များဘက်မှ ပူးပေါင်း ပါဝင်သင့်ကြောင်း လူမှုဖူလုံရေး အဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်က ဧရာဝတီသို့ ပြောသည်။
“အလုပ်သမားတွေရဲ့ အချက်အလက်တွေ ရဖို့အတွက် ပုံစံဖြည့်မယ့် စာရွက်တွေကို စက်ရုံအလုပ်ရုံတွေဆီကို ပို့ပေးတယ်။ ဒါပေမယ့် ပြီးစလွယ် ဖြည့်ပေး လိုက်တော့ အချက်အလက်တွေက

သီးခြား ကချင်နိုင်ငံတည်ထောင်ရန် KNO ကြေညာချက် ထုတ်ပြန်

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မေလ ၂၈ ရက်နေ့ ငြိမ်းချမ်းရေးဆွေးနွေးနေချိန် ပြည်ပအခြေစိုက် အကြီးဆုံး ကချင်အဖွဲ့အစည်း KNO မှ ကချင် သီးခြားလွတ်လပ်သောနိုင်ငံ
တည်ထောင်ရန် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
၎င်းကြေညာချက်ကို UK နိုင်ငံတွင်ကျင်းပသည့် ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization - KNO) ဗဟိုလူကြီးများ၏ အစည်းအဝေးမှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“KNO ရည်ရွယ်ချက် ပန်းတိုင်ကို ကျနော်တို့ လက်တွေ့လုပ်ဆောင်လာချိန် တခါတလေစိတ်ကူးထားတာနဲ့

တပ်မတော်နှင့် ကေအိုင်အေ တပ်နေရာချထားရေး ညှိနှိုင်းမှုအောင်မြင်

တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ၂ နှစ် ပြည့်တော့မည်ဖြစ်သော တပ်မတော်နှင့် ကေအိုင်အေတို့ မြစ်ကြီးနားမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တပ်နေရာချထားရေး ကိစ္စများ ညှိနှိုင်းမှုအဆင် ပြေသွားပြီဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။တပ်ပိုင်းဆိုင်ရာများအတွက် မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကေအိုင်အေနှင့် တပ်မတော်တို့ သီးသန့်ဆွေးနွေးရာ ယင်းသို့ အောင်မြင်စွာ

မကွေးတိုင်းအတွင်း လယ်သိမ်းခံရသူများကို လျော်ကြေးပေးရန် ကော်မရှင်တိုက်တွန်း

မကွေးတိုင်း ဒေသကြီး အတွင်း မြို့နယ် ၂၅ ခုတွင် ဖြစ်ပွားခဲ့သော မြေသိမ်းမှုများတွင် တောင်သူ နစ်နာမှုများအတွက် ထိုက်တန်သော လျော်ကြေးပေးရန် မကွေး လယ်ယာမြေ စုံစမ်းရေး ကော်မရှင်က တိုက်တွန်ထားကြောင်း ယင်းကော်မရှင်၏ မကွေးတာဝန်ခံ ဦးလှဆွေက ဧရာဝတီသို့ ပြောသည်။
 မကွေးတိုင်း ဒေသကြီးတွင် လယ်ယာမြေ သိမ်းဆည်းခံရမှု ၇၆ မှုရှိရာ အားလုံးကို ကော်မရှင်က စစ်ဆေးခဲ့ပြီး အများစုမှာ နိုင်ငံတော် စီမံကိန်းနှင့် တပ်မြေအဖြစ် သိမ်းဆည်းမှုက အများဆုံးဖြစ်ကြောင်း

လားရှိုးပဋိပက္ခ ပျက်စီးမှုတန်ဖိုး သိန်း ၆ဝဝ ရှိ လုံခြုံရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း

ရှမ်းပြည်နယ် လားရှိုးမြို့တွင် မေလ ၂၈ ရက်ကဖြစ်ပွားခဲ့သော ပဋိပက္ခများမှ မီးလောင်ပြီး ပျက်စီးဆုံးရှုံးခဲ့မှု တန်ဖိုး သိန်း ၆ဝဝ နီးပါးရှိပြီး လုံခြုံရေးအတွက် အဖွဲ့ငါးဖွဲ့ ဖွဲ့စည်းလိုက်သည်ဟု လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက မဇ္ဈိမကို ပြောသည်။
ဖွဲ့စည်းလိုက်သည့် လုံခြုံရေးအဖွဲ့များတွင် အထွေထွေအုပ်ချုပ်ရဲမှူး၊ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် သံဃာတော်များ ပါဝင်ပြီး ''လုံခြုံရေးအဖွဲ့ ငါးဖွဲ့ချထားတယ်။ ညနေကမှ အစည်းအဝေးလုပ်တာဆိုတော့ ကျွန်တော်တို့လည်း အသေးစိတ်ကိုတော့မသိရသေးဘူး'' ဟု ဦးဝေလင်းက ပြောသည်။ ရိုက်နှက်မှုများ ဖြစ်ပေါ်လာခြင်းကြောင့်

မူးယစ် ပူးပေါင်း နှိမ်နင်းရေး မဲခေါင် စီမံချက် လူ ၁ ထောင်ကျော် ဖမ်းဆီးနိုင်

မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း ရဲတွေဟာ မဲခေါင်မြစ်တကြောမှာ ဧပြီလက စတင်ခဲ့တဲ့ မူးရစ်နှိမ်နင်းရေး စီမံချက် ပူးပေါင်း ဆောင်ရွက်နေရာမှာ မူးရစ်အမှုပေါင်း ၈၀၄ မှုနဲ့ သံသယရှိသူ လူ ၁၁၀၀ ကျော်ကို ဖမ်း ဆီးခဲ့ပါတယ်။ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာက ဗုဒ္ဓဟူးနေ့က ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပြီး မူရစ်ဆေး အမျိုးမျိုး ၃ တန်နီးပါးကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဒါဟာ မူးရစ်ဆေးနဲ့ ဆက်စပ်ပြီး နောက်ဆက် တွဲ ရာဇ၀တ်မှု ကျူးလွန်မှုတွေလည်း မဲခေါင်မြစ် တလျှောက်

ဗိုက်ချပ်စေမည့် 10 မိနစ်စာ လေ့ကျင့်ခန်း

အားကစားအတွက် အချိန် မပေးနိုင်တဲ့ ပျိုမေများ အတွက် တစ်နေ့ ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သား သိသိသာသာ ကျစ်လစ် လှပစေမှာပါ။
ဒီလေ့ကျင့်ခန်း လေးကို Good Housekeeping (Digital Edition) မှ ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းရဲ့ အနှစ်သာရကတော့ ဗိုက်မှာရှိတဲ့ DeepTransverse Abdominalis ကြွက်သားကို ကျစ်လစ်စေတာ ဖြစ်ပါတယ်။ ခေါင်းအုံး တစ်လုံးကို ခေါင်းအောက်မှာထား၊ စာအုပ်

ရင်းနှီးမြှုပ်နှံမှု စာချုပ်များသည် သက်ဆိုင်ရာ အစိုးရများမှ ကုမ္ပဏီများအား လျော်ကြေးပေးရနိုင်မှုအပေါ် သတိပြုသင့်ကြောင်း ကျွမ်းကျင်သူများ သုံးသပ်

ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် (Investment to State Debute Settlement) များက အစိုးရများ၏ အများပြည်သူဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ၊ တန်ဖိုးများကို ထိခိုက်စေပါက နိုင်ငံတကာ တရားရုံးများတွင် တရားဆွဲဆိုပိုင်ခွင့် ရှိစေသော အစီအစဉ်များ ဖြစ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူအား သန်းပေါင်းများစွာ လျော်ကြေးပေးဆောင်ရန် ဆုံးဖြတ်ပိုင်ခွင့် ရှိသောကြောင့် အလျင်မလို သင့်ကြောင်း၊ လူထုအား ချပြပြီးမှသာ အတည်ပြုသင့်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။"ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်ကို အစိုးရတွေက ရေးထိုးဖို့ ဘာကြောင့် သဘောတူကြ သလဲဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်တဲ့ အနေနဲ့ပါ။ ဒါပေမဲ့

ကင်မရွန်းနိုင်ငံသို့ တင်ပို့သည့် မြန်မာ့ဆန် အရည်အသွေး မကောင်း၍ ဖျက်ဆီးခံရသည် ဆိုခြင်းမှာ မဟုတ်မှန်ဟုဆို

မြန်မာနိုင်ငံမှ ကင်မရွန်းနိုင်ငံသို့ တင်ပို့သည့် မြန်မာ့ဆန် ဧည့်မထ ၂၅ မှတ်ဆန်မှာ အရည်အသွေး မကောင်း၍ ဖျက်ဆီးခံရသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဦးရဲမင်းအောင်က ပြောကြားသည်။ထို့ပြင် ကင်မရွန်းတွင် ဆန်တန်ချိန် ၇၀၀၀ (အိတ်ရေ ၁၄၀၀၀၀) ကုန်ချစဉ် အိတ်ရေ ၁၀၀၀ ကျော်သာ ပျက်စီးခြင်းဖြစ်၍ ပျက်စီးသော အိတ်ရေ ၁၀၀၀ ကျော် (တန် ၅၀) ကိုသာ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ တန် ၇၀၀၀ လုံးအား ဖျက်ဆီးခြင်း မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။"ကင်မရွန်းနိုင်ငံကို တင်ပို့တဲ့ မြန်မာ့ဧည့်မထ ၂၅ မှန်ဆန် အရည်အသွေး မကောင်းလို့ ဖျက်ဆီးခံရတယ်ဆိုတဲ့ AP သတင်းဌာနက စတင်ခဲ့တဲ့ သတင်းက မဟုတ်ပါဘူး။ အာဖရိက

အစာငတ်ခံ ဆန္ဒပြသူ အလုပ်သမားနှစ်ဦး ဆေးရုံတင်ရ

ရန်ကုန်တိုင်း လှိုင်သာယာ ငွေပင်လယ်စက်မှုဇုန် စံကောင်း ပီနံအိတ်စက်ရုံမှာ အခုလ ၂၇ ရက်နေ့ ညက စတင်အစာငတ်ခံဆန္ဒပြနေကြတဲ့ စက်ရုံအလုပ်သမား ၁၆ ဦးထဲက အမျိုးသမီးနှစ်ဦး ဒီကနေ့ မူးလဲသွားတဲ့အတွက်လှိုင်သာယာဆေးရုံမှာကုသမှုခံယူခဲ့ရတယ်လို့သိရပါတယ်။ရက်သတ္တနှစ်ပတ်ကျော်
ကြာလာတဲ့အထိ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောသေးတဲ့အတွက် လုပ်သားတစ်ထောင်ကျော်လောက် လုပ်ငန်းခွင်မ၀င်ကြပဲ ဆန္ဒပြနေကြပြီး လုပ်သား ၁၆ ယောက် အစာငတ်ခံဆန္ဒပြနေရာမှာ အလုပ်သမနှစ်ဦး အခုလို မူးလဲသွားကြတာလို့ ဆန္ဒပြလုပ်သားတစ်ဦးဖြစ်တဲ့

ပညာရေးစနစ် ပြုပြင်ရေး ဆွေးနွေးပွဲများ စစ်တွေနဲ့ ကော့သောင်းမှာ ကျင်းပ

မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက်ဟာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် အောက်ခြေအဆင့်ဒေသခံတွေရဲ့ အမြင်သဘောထားတွေကို ဒီနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မေးမြန်းဆွေးနွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကစလို့ သံတွဲခရိုင်၊ ကျောက်ဖြူခရိုင်တွေမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခုနောက်ဆုံးအစီအစဉ်အဖြစ် စစ်တွေခရိုင်မှာ ပြုလုပ်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရခိုင်ပြည်နယ် ဒုတိယဥက္ကဌဖြစ်သူ

ကရင်အမျိုးသားသဟာယအသင်း တရားဝင် မှတ်ပုံတင်မည်

ကရင်အမျိုးသားတစ်ရပ်လုံးကို စုစည်းလမ်းညွှန်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတစ်ဝန်းလုံးရှိ နယ်ပယ်အသီးသီးမှ ထင်ရှား သည့် ကရင်ခေါင်းဆောင်များဖြင့် ဖွဲ့ စည်းထားသည့် ကရင်အမျိုးသားသဟာယအသင်းကို တရားဝင် မှတ်ပုံတင် သွားမည်ဖြစ်ကြောင်း အသင်းဝင်တစ်ဦးဖြစ်သူ စောစေးဝါး (ဒုတိယဥက္ကဌ ကရင်ပြည်သူ့ ပါတီ)က ပြောကြားသည်။“အသင်းကို ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားအကျိုးကို လုပ်ဆောင်ဖို့ ဦးဆောင်အဖွဲ့အနေနဲ့ ရည်ရွယ်ပြီး ဖွဲ့ထားတာပါ။ ပါတီအနေနဲ့က

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင်၏ ''Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand'' တော်ဝင်ဘွဲ့ တံဆိပ် ပေးအပ် ချီးမြှင့်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၂၈ ရက်၊ နံနက်ပိုင်းတွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၌ ကျင်းပ ပြုလုပ်သည့် ထိုင်းဘုရင် မင်းမြတ်မှ ပေးအပ် ချီးမြှင့်သော တော်ဝင် ဘွဲ့ တံဆိပ် ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်၍ တော်ဝင်ဘွဲ့ တံဆိပ်အား လက်ခံ ရယူသည်။အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဝင်း နှင့်ဇနီး၊ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမောင်နှင့် ဇနီးတို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ

PR စနစ် လက်မခံနိုင်ကြောင်း RNDP ဆုံးဖြတ်

ရခိုင်ပြည်နယ် အမ်းမြို့မှာ ဗုဒ္ဓဟူး နေ့က ပြီးဆုံး သွားတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီရဲ့ ၂ဝ၁၃ နှစ်ပတ်လည် ဗဟို ကော်မီတီ အစည်းအဝေးက ရွေးကောက်ပွဲ PR စနစ်ကို လက်မခံနိုင်ကြောင်း ဆုံးဖြတ်ချက် ချခဲ့ ပါတယ်။နောက်ထပ် ရခိုင် ပါတီ တခု ဖြစ်တဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်းရေး အတွက် (၅) ဦးပါ ကော်မီတီ တရပ် ဖွဲ့စည်းခဲ့သလို လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ဆွေးနွေးပွဲ စတင်နိုင်ဖို့ တရားဝင် ကမ်းလှမ်း သွားမယ်လို့ ပြောပါတယ်။၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြင်ဆင်နိုင်အောင် ပုဒ်မ တခုချင်းစီ အလိုက် စိစစ် တင်ပြ သွားဖို့ ဆုံးဖြတ်ချက်တွေ

ဗြိတိသျှ စစ်သား သတ်မှု စတင်စွဲဆို

လန်ဒန်မှာ အရင်ပတ်က ဗြိတိသျှ စစ်သား တယောက်ကို လမ်းပေါ်မှာ သတ်မှုနဲ့ သံသယ ရှိသူ ၂ ယောက်ထဲက တယောက်ကို လူသတ်မှုနဲ့ စွဲဆို ခဲ့ပါတယ်။အင်္ဂါနေ့က ဆေးရုံက ဆင်းလာတဲ့ Michael Adebowale ကို ကြာသပတေးနေ့ မနက်မှာ လန်ဒန် တရားရုံး တရုံးမှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။
လန်ဒန်, ဗြိတိန်အားလပ်ချိန်မှာ အပြင်ထွက်လာတဲ့ တပ်သား Lee Rigby ကို အရင်ပတ်က လမ်းမှာ ဓားနဲ့ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။နောက် သံသယ ရှိသူ တယောက်ကတော့ ဆေးရုံမှာ အစောင့် အရှောက်နဲ့

ဟစ်ဇ်ဘိုလာကို ဆီးရီးယားသူပုန် မခုခံနိုင်

လက်ဘနွန်က ဟစ်ဇ်ဘိုလာ တွေက အီရန် အကူအညီနဲ့ ဆီးရီးယားကို သိမ်းပိုက်ဖို့ ကြံစည် နေတယ်လို့ ဆီးရီးယား သူပုန် တပ်မှူးက စွပ်စွဲ လိုက်ပါတယ်။Qusair မြို့ကို ဝိုင်းထားတဲ့ ၇ ထောင် လောက် ရှိတဲ့ ဟစ်ဇ်ဘိုလာ တွေကို ခုခံဖို့ သူပုန်တွေမှာ လက်နက် အလုံအလောက် မရှိဘူးလို့ ဗိုလ်ချုပ်ကြီး Salim Idriss က ဘီဘီစီနဲ့ တွေ့ဆုံခန်းမှာ ပြောကြား ခဲ့ပါတယ်။အခြေအနေ သိပ်ဆိုးနေလို့ အမြန်ဆုံး လာပြီး ကယ်တင်ဖို့ ဆီးရီးယား လွတ်မြောက်ရေး ညွန့်ပေါင်း တပ်မတော်ရဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Idriss က

ဆေးဖက်ဝင် ချင်းစိမ်းအကြောင်း

အိမ်ရှင်မများ မီးဖိုချောင်တွင် မရှိမဖြစ် ဟင်းခတ် အမွှေးအကြိုင် ပစ္စည်း တစ်မျိုးဖြစ်၏။ အညှီနံ့များ ပျောက်ကင်း စေရန် အထူးအသုံးပြု ကြသည်။ ဆေးဖက်ဝင်အဖြစ် အသုံးပြုပါက လွန်စွာ အသုံးဝင်ပေသည်။ အော့အန်ခြင်း၊ ကြို့ထိုးခြင်းများဖြစ် ပါက ချင်းစိမ်း သတ္တုရည် ၁၂ ပဲသားခန့်ကို ကြက် သွန်နီဥ သတ္တု ရည်နှင့်ရော၍ သောက်သုံးပါက လျင်မြန်စွာ ပျောက်ကင်းစေ နိုင်ပါသည်။
နှာစေး၊ ချောင်းဆိုး၊ ပန်းနာ ရောဂါများကို ချင်းစိမ်း သတ္တုရည်နှင့် ပျားရည် အနည်းငယ် ရောစပ်၍ မကြာမကြာ လျက်ပေးခဲ့ပါက သက်သာ ပျောက်ကင်း စေပါသည်။ နားကိုက်ရောဂါ ခံစားနေရလျှင် ချင်းစိမ်း

မြန်မာ့စွယ်စုံဆင်အား ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုရန် သီရိလင်္ကာသို့ လှူဒါန်း

သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းမည့် စွယ်စုံဆင်အား တွေ့ရစဉ်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ မြန်မာ့စွယ်စုံဆင် တစ်ကောင်အား သီရိလင်္ကာနိုင်ငံ၌ ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။အဆိုပါ လှူဒါန်းပွဲကို မေ၂၈ ရက်နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်သက်သက်ဇင်နှင့် သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ

တည်ငြိမ် အေးချမ်းမှု ရရန် မလွယ်ကူ နိုင်တော့သော အီရတ်နိုင်ငံ

အီရတ် နိုင်ငံတွင် ဆဒမ်ဟူစိန် အုပ်ချုပ် ခဲ့စဉ်က လူနည်းစု ဆွန်နီ မွတ်စလင် တို့က အုပ်ချုပ်သူများ ဖြစ်၍ လူများစု ရှီးယိုက်တို့က အုပ်ချုပ်ခံ လူတန်းစား ဖြစ်ခဲ့သည်။အမေရိကန် ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့များက ဆဒမ်ဟူစိန်သည် လူအစုလိုက် အပြုံလိုက် သေစေနိုင်သော WMD လက်နက်များ ပိုင်ဆိုင်ထားသည် ဟူသော အကြောင်း ပြချက်ဖြင့် အီရတ်ကို Air Land Battle Doctrine ကျင့်သုံး၍ ၀င်ရောက် တိုက်ခိုက်ပြီး ဆဒမ်ဟူစိန်ကို ဖြုတ်ချကာ အစိုးရသစ် တစ်ရပ်ကို တင်ပေးခဲ့သည်။
ထိုအချိန်တွင် ဆဒမ်ဟူစိန် လက်ထက်က အုပ်ချုပ်ခံ ဖြစ်သော ရှီးယိုက်တို့သည် အုပ်ချုပ် သူများ

ရော်နယ်လ်ဒိုကို ကမ္ဘာ့လုပ်ခ အမြင့်ဆုံး ကစားသမားသစ် အဖြစ် စာချုပ်သစ် ကမ်းလှမ်းလိုကြောင်း ရီးယဲလ် ဥက္ကဋ္ဌဆို

ရီးယဲလ်မက်ဒရစ် အသင်း အနေဖြင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်း၌ ဆက်ကစားရေး အလွန် ကောင်းမွန်သည့် စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းသွား ရန် အသင့် ရှိနေကြောင်း သိရှိရသည်။
ဘာစီလိုနာ အသင်းက နေမာကို ဈေးကွက် မဖွင့်မီ ကတည်းက ခေါ်ယူရန် သဘော တူညီမှု ရရှိ ထားခြင်းသည် ရီးယဲလ် အတွက် တပ်လှန့်မှု ဖြစ်လာပြီး လူးဝစ်ဆွာရက်ဇ်နှင့် ဂါရတ်သ်ဘေးလ်ကဲ့သို့ ကစားသမားကောင်းများကို ဝယ်ယူနိုင်ရန် အင်နှင့်အားနှင့် ကြိုးစားလာခဲ့သည်။ တစ်ဖက်တွင်လည်း အသင်းမှ ကြယ်ပွင့် ကစားသမားဖြစ်သည့် ပေါ်တူဂီ လက်ရွေးစင် တိုက် စစ်မှူး ရော်နယ်လ်ဒိုကို စာချုပ်သက်တမ်းတိုးရေး ကြိုးပမ်းလာခြင်း ဖြစ်သည်။ ရော်နယ်လ်ဒိုအား အသင်းဟောင်း မန်ချက်စတာ

လူထုကျန်းမာရေး (ငှက်ဖျားရောဂါအကြောင်း သိကောင်းစရာ )

ငှက်ဖျား ရောဂါသည် ကျွန်တော်တို့ မြန်မာ နိုင်ငံအပါအဝင်၊ ကမ္ဘာ့နိုင်ငံ များတွင် ကြီးမားစွာ ဒုက္ခ ပေးလျက် ရှိသည်။ ငှက်ဖျား ရောဂါ ကြောင့် မသေ သင့်သော သူများ သေဆုံး ခဲ့ကြ ရပါသည်။ နှစ်စဉ် နှစ်တိုင်း၊ တစ်ကမ္ဘာလုံးရှိ ပြည်သူများနှင့် တပ်မတော်သားများကို ခြိမ်းခြောက်လျက် ရှိပါသည်။
ငှက်ဖျားရောဂါအတွက် နောက်ဆုံးပေါ်ခေတ်မီဆေးဝါးများ ပေါ်လာ သော် လည်း သေဆုံးခြင်း၊ အားအင်ချိနဲ့ခြင်း များ ဖြစ်ပေါ်လျက်ရှိပါသည်။ အဘယ် ကြောင့်ဆိုသော်၊ ကာကွယ်နည်းများကို လိုက်နာဆောင်ရွက်မှုအားနည်းခြင်းနှင့် ထိရောက်စွာကုသမှုမရှိခြင်းကြောင့်ဖြစ်ပါ သည်။
ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်း များတွင် ပြည်သူတစ်ရပ်လုံးပါဝင်မှုနည်း ခြင်း ကြောင့် လည်း ဖြစ်ပါသည်။
**ငှက်ဖျားဖြစ်စေသောအကြောင်း အရင်း**

World Statesman Award ဆုအား အင်ဒိုနီးရှား သမ္မတ လက်ခံရယူမည်

အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို၏ အမေရိ ကန်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်တွင် အမေရိကန် အခြေစိုက် ACF အဖွဲ့က ချီးမြှင့်သည် World Statesman Award ဆုအား လက်ခံရယူ
သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆုသည် ၎င်း၏ ပွင့်လင်း မြင်သာစွာ ဒီမိုကရေ စီဖွံ့ဖြိုး တိုးတက် အောင်ဆောင်ရွက်မှု၊ ကမ္ဘာ့ ငြိမ်းချမ်းရေး လမ်းစဉ်အတ...ိုင်း ပုံဖော် ဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ များအပေါ် အားပေးမှု တို့ကြောင့် ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆုအား သမ္မတ ယူဒိုယိုနို၏ မေ ၂၇ ရက်က စတင် ထွက်ခွာသည့် ဆွီဒင်နိုင်ငံ ခရီးစဉ်အပြီးတွင်

ကလေးဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်းချက်

ရခိုင်ပြည်နယ် မောင်တောခရိုင်မှာရှိတဲ့ မူဆလင် လူမှုအသိုင်းအ၀ိုင်းအနေနဲ့ ကလေး ၂ ဦးပဲ ယူရမယ်ဆိုတဲ့ ဒေသန္တရအမိန့်ကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန်တာဟာ တဘက်စောင်းနင်း
ကျပြီးတော့ ပကတိအခြေအနေတွေကို မသိလို့ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အာဏာပိုင်တွေက ပြောဆိုပါတယ်။ရခိုင်ပြည်နယ်အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူးဦးဝင်းမြိုင်
ကို ဒီအမိန့် ထုတ်ပြန်မှုနဲ့ပတ်သက်ပြီး ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။
“ဒီဥစ္စာက အခုမှ ထွက်တဲ့ဥစ္စာ မဟုတ်ဘူး။ ၉၂၊ ၉၃၊ ၉၄ လောက်က

အသက် ၆ နှစ်အရွယ် ကမ္ဘာ့အသက်အငယ်ဆုံး ဒီဂျေ

အင်္ဂလန်နိုင်ငံ အနောက်အလယ်ပိုင်း Pershore မြို့ မှာ နေထိုင်တဲ့ ကလေးငယ်လေး ဖြစ်ပါတယ်။
အသက် ၆ နှစ်သာ ရှိသေးပြီး ဖခင်ရဲ့ ရေဒိယို အသံလွင့်ဌာနမှာ ဒီဂျေ အဖြစ် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ TBFM Online အမည်ရ ရေဒီယို အသံလွင့်ဌာန တစ်ခုဖြစ်ပြီး သြစတေးလျ၊ အမေရိကန်၊ အဂ်လန်နဲ့ အခြား ကမ္ဘာတစ်ဝန်းက နိုင်ငံကြီးတွေမှာ နာမည်ရနေတဲ့ ရေဒီယိုလိုင်း တစ်ခု ဖြစ် ပါတယ်။
ညနေ Pershore မူလတန်းကျောင်းကနေပြန်တိုင်း ဖခင်ရှိရာ အသံလွင့် ဌာနသို့ သွားရောက်ပါတယ်။ ပြီးတော့ စတူဒီယိုမှာ ရှိတဲ့ စက်ပစ္စည်းတွေကို စမ်းသပ်အသုံးပြုရင်း သီချင်း၊ ဂီတကို ပါရမီပါတဲံ့ ၆ နှစ်အရွယ် Amber Jacobs က သီချင်းများကို စိတ်ကြိုက် ဖန်တီးပြသပါတယ်။ သူမရဲ့ ဖန်တီးချက်ဟာ

သီရိလင်္ကာ ခိုလုံခွင့်တောင်းခံသူ ၂၈ဦး ထပ်မံပြန်ပို့ခံရ

သြစတြေးလျအစိုးရက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုဖို့ အကြောင်းပြချက်မခိုင်လုံတဲ့အတွက် နောက်ထပ် သီရိလင်္ကာ လူမျိုး ၂၈ယောက်ကိုသီရိလင်္ကာမြို့တော်ကိုလန်ပိုကို ပြန်ပို့လိုက်တယ်လို့သိရပါ တယ်။
သီရိလင်္ကာလူမျိုး ၂၈ယောက်ပါအဖွဲ့ကို ခရစ္စမတ်ကျွန်းကနေ သီရိလင်္ကာနိုင်ငံကို မေလ ၂၈ရက်နေ့က ပြန်ပို့ခဲ့တာဖြစ်ပြီးတော့ အခု သီရိလင်္ကာနိုင်ငံကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လကစပြီတော့ သီရိလင်္ကာနိုင်ငံထဲကို ပြန်ပို့ခံရတဲ့ သီရိလင်္ကာလူမျိုး တစ်ထောင်နှစ်ရာကျော်လောက် ရှိသွားပြီးလို့သိရပြီး များသောအားဖြင့် သူတို့ရဲ့ ဆန္ဒမပါပဲ

မြန်မာနိုင်ငံအနောက်ပိုင်းမှာ တရုတ်စွမ်းအင်ကုမ္ပဏီ ၆လုံး တည်ဆောက်ပြီးစီး

မြန်မာနိုင်ငံအနောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်က ကျွန်းတစ်ကျွန်းမှာ တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ CNPC ကုမ္ပဏီက ရေနံသိုလှောင်ကုန် ၆ လုံးတည်ဆောက်ပြီးသွားပြီဖြစ်ပြီး အဲဒီသိုလှောင်ကန်တွေကနေ တရုတ်ပြည်ကို သွယ်တန်းမယ့် ပိုက်လိုင်း ၁ ခုဟာလည်း လာမယ့် ၆ လအတွင်းမှာ ပြီးစီးမှာဖြစ်တယ်လို့ သိရပါတယ်။ဒီလိုတည်ဆောက်ပြီးစီးမှုကြောင့် တရုတ်နိုင်ငံကို ရေနံတင်ပို့တဲ့ သင်္ဘောတွေအနေနဲ့ ကမ္ဘာပေါ်မှာ သင်္ဘောအသွားအလာ အထူထပ်ဆုံးရေကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး သွားစရာမလိုတော့ပဲ

ကျန်းမာရေးသတိပေးပုံပါ စီးရက်ဘူးထုတ်လုပ်ဖို့ အိုင်ယာလန်နိုင်ငံ ဥပဒေထုတ်ပြန်

သြစတြေးလျနိုင်ငံအတွင်း ရောင်းချတဲ့ စီးကရက်ဘူးတွေမှာ ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တွေ ဒီဇိုင်းတန်ဆာဆင်တာတွေမပါပဲ ထုတ်လုပ်ဖို့ သြစတြေးလျအစိုးရက ချမှတ်ခဲ့တာကို အိုင်ယာလန်နိုင်ငံကလည်း အတုယူပြီး လိုက်လုပ်ဖို့ရှိတယ်လို့ ကြေငြာခဲ့ပါတယ်။
ဒီလိုဥပဒေအတည်ပြုပြီးတဲ့နောက်မှာ အိုင်ယာလန်နိုင်ငံက စီးကရက်ဘူးခွံတွေမှာ သြစတြေးလျနိုင်ငံကလိုပဲ ကုမ္ပဏီအမှတ်တံဆိပ်မပါတဲ့အပြင် ကျန်းမာရေးဆိုင်ရာသတိပေးတဲ့

မြောက်ကိုးရီးယားက ခြောက်ပွင့်ဆိုင် စကားပြောဖို့ စဉ်းစား

မြောက်ကိုးရီးယားနိုင်ငံက ခြောက်ပွင့်ဆိုင် နျူးကလီးယားစကားပြောဆိုဆွေးနွေးမှုကို ပြန်လည် စတင်နိုင်မယ်လို့ယူဆရပေမယ့် နိုင်ငံထဲက နျူးကလီးယား လက်နက်ထုတ်လုပ်မှု အစီအစဉ်ကိုတော့ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။မြောက်ကိုးရီးယားနိုင်ငံက အစိုးရသတင်းမီဒီယာအရှေ့စာမျက်နှာမှာ ဖော်ပြထားတဲ့ အယ်ဒီတာ့အာဘော်မှာ မြောက်ကိုးရီးယားနိုင်ငံအနေနဲ့ နယ်ချဲ့စနစ်ကိုဆန့်ကျင်နိုင်ဖို့အတွက် အင်အားကြီးမားတဲ့ နျူးကလီးယားလက်နက်ကသာ အာမခံနိုင်တဲ့ တခုထဲသော နောက်ဆုံးအနိုင်ရနိုင်တဲ့ နည်းလမ်း ဖြစ်တယ်လို့ဆိုပါတယ်။
မြောက်ကိုးရီးယား နိုင်ငံ အနေနဲ့ ခြောက်ပွင့်ဆိုင် စကားပြောဆို ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး

အိုစမာ ဘင်လာဒင်၏ သေဆုံးမှုသည် မိမိကိုယ်ကို အဆုံး စီရင်ခဲ့ခြင်း ဖြစ်သည်ဟု ကိုယ်ရံတော်ဟောင်း တစ်ဦး ပြောကြား

အယ်လ်ကိုင်ဒါ ခေါင်းဆောင်ဟောင်း အိုစမာ ဘင်လာဒင် သေဆုံးခဲ့ရခြင်းသည် အမေရိကန် ရေတပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရခြင်း မဟုတ်ဘဲ ၎င်းကိုယ်တိုင် ဗုံးဖောက်ခွဲ၍ သတ်သေခဲ့ခြင်း ဖြစ်သည်ဟု Gulf သတင်းဌာနက မေ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
အိုစမာ ဘင်လာဒင်၏ ရုပ်အလောင်းကို ပင်လယ်အတွင်း၌ မြှုပ်နှံခဲ့သည် ဆိုသော ပြောကြားချက်သည် လိမ်ညာမှုသာ ဖြစ်သည်ဟု ၎င်းသတင်းတွင် ဖော်ပြထားပြီး ဘင်လာဒင်သည် မိမိကိုယ်ကို ဗုံးခွဲ၍ အဆုံးစီရင် ခဲ့ခြင်းကြောင့် ၎င်း၏ ကိုယ်ခန္ဓာသည် တစ်စစီ ဖြစ်သွားခဲ့ရာ အမေရိကန် ရေတပ်အနေဖြင့် ဘင်လာဒင်ဟု သက်သေ ပြနိုင်သည့် အထောက်အထား သဲလွန်စ တစ်ခုမျှ မကျန်ရှိတော့ခြင်း ဖြစ်သည်ဟု

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်အခဲရှိဆဲ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့လာသည့် ရခိုင်မျိုးနွယ်စုဝင် ဒုက္ခသည် မိသားစုများသည် ပြန်လည် အခြေချရာ၌ အခက်အခဲများ ရင်ဆိုင်နေကြရကြောင်း သတင်းရရှိသည်။
လတ်တလောတွင် နေအိမ်များ ရရှိသော်လည်း လုပ်ကိုင်စားသောက်ရန် လယ်မြေများ မရရှိသေးသောကြောင့် ကျဘမ်း အလုပ်များ လုပ်ကိုင်နေရကြောင်း၊ ရခိုင်ပြည်နယ် အစိုးရ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် လူမှုရေးအဖွဲ့များ၏ ကူညီပံ့ပိုးမှုများကို အားကိုးနေရကြောင်း ဘင်္ဂလားဒေ့ရှ်မှ မောင်တောမြို့နယ် လောင်းဒုံကျေးရွာသို့ ပြောင်းရွှေ့လာသည့်

စစ်မှုထမ်းဆောင် ပြီးနောက် အနုပညာ လုပ်ငန်းများကို ပြန်လည် လုပ်ဆောင်တော့မည့် ရိန်း

တောင်ကိုရီးယား အဆိုတော် ရိန်းသည် စစ်မှုထမ်းဆောင် ပြီးနောက် ၎င်း၏ အနုပညာလုပ် ငန်းများကို ပြန်လည်စတင်ရန် Cube Entertainment ကုမ္ပဏီနှင့် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
Cube Entertainment ကုမ္ပဏီမှ အမှုဆောင် အရာရှိ ဟောင်ဆောင်ဆုန်သည် အဆိုပါ သတင်းကို အေဂျင်စီ၏ တရားဝင် စာမျက်နှာတွင် ဖော်ပြခဲ့သည်။ မိမိတို့... အနေဖြင့် တစ်ဦးနှင့် တစ်ဦးအပြန်အလှန် ထောက်ပံ့ခဲ့ကြပြီး အကြံဥာဏ်ပေးရန် အတွက်လည်း တုံ့ဆိုင်းမှု မရှိခဲ့ကြောင်း၊ ထောက်ပံ့မှုများ

ဒီပဲယင်းဖြစ်စဉ် ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပမည်

ဒီပဲယင်းဖြစ်စဉ် ၁၀ နှစ်ပြည့် အခမ်းအနားအတွက် ပြင်ဆင်နေသည်ကို မေ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)
ဒီပဲယင်းဖြစ်စဉ် ၁၀ နှစ်ပြည့် အခမ်းအနားကို မေ ၃၀ ရက်တွင် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် အတွင်းရှိ ကျီရွာတွင် နံနက် ၆ နာရီ၌ သံဃာတော်အပါး ၃၀ အား ဆွမ်းကပ်လှူဒါန်းခြင်းဖြင့် စတင်ကျင်းပမည်ဟု သတင်းရရှိသည်။မေ ၃၀ ရက်တွင် ကျရောက်သော ဒီပဲယင်းဖြစ်စဉ် ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကလည်း သ၀ဏ်လွှာ ပေးပို့ထားကြောင်းလည်း သိရသည်။ ထိုအထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်ရာတွင် ပါဝင်သူဖြစ်သော NLD

ဒုက္ခသည်များအတွက် နေအိမ်များအား သတ်မှတ်ကာလအတွင်း အပြီးမဆောက်နိုင်သည့် ဆောက်လုပ်ရေး ကုမ္ပဏီများကို အရေးယူသွားမည်

ကင်းချောင်းကျေးရွာတွင် နေအိမ်များ ဆောက်လုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမောင်(မောင်တော))
ဒုက္ခသည်များအတွက် အမိုးအကာအောက် ရောက်ရှိစေရေး ပြည်နယ်အစိုးရ အဖွဲ့မှ ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ကာလအတွင်း အပြီးသတ် ဆောင်ရွက်မှု မရှိသည့် ဆောက်လုပ်ရေး ကုမ္ပဏီများအား အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
"ဇွန်လ မကုန်မီမှာ တာဝန်ယူထားတဲ့ တည်ဆောက်ရေး ကုမ္ပဏီတွေ အနေနဲ့ သတ်မှတ်ထားတဲ့ ကာလအတွင်း မပြီးရင် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာပါ" ဟု ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။
အိုးအိမ်မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် ဒေသခံများမှာ တစ်နှစ်တာ ကာလသို့ ရောက်ရှိလာသော်လည်း

လုပ်ခလစာနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပေါ်နေသောကြောင့် အခြေခံ လုပ်ခလစာအား အစိုးရက သတ်မှတ်ပေးမည်

လုပ်ခလစာနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုများ ၂၀၁၂ ခုနှစ် အတွင်းမှစ၍ စက်မှုဇုန်များအတွင်း လက်ရှိအချိန်ထိ ဖြစ်ပေါ်နေသောကြောင့် အစိုးရမှ အခြေခံ လုပ်ခလစာအား သင့်တော်ဆုံးနှုန်းထားဖြင့် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန်ဥက္ကဌ ဦးမြတ်သင်းအောင်ထံမှ သတင်းရရှိသည်။
လက်ရှိတွင် အစိုးရမှ သတ်မှတ်ပေးထားသော ယာယီအခြေခံလစာသာ ရှိသေးပြီး အတည်တကျဖြစ်သော ဥပဒေတစ်ရပ် ဖြစ်ပေါ်ရန်အတွက် လွှတ်တော်တွင် တင်ပြသွားမည် ဖြစ်ကြောင်းလည်း

အလုပ်သမား ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားရခြင်းတွင် စက်မှုဇုန် မီးပျက်ခြင်း၊ ဒေါ်လာဈေး တက်ခြင်းတို့မှာ အဓိက အကြောင်းအရာဖြစ်ဟု စက်မှုဇုန်ဥက္ကဋ္ဌ ပြောကြား

စက်မှုဇုန် မီးပျက်ခြင်း၊ ဒေါ်လာဈေး တက်ခြင်းတို့မှာ အလုပ်သမားဆန္ဒ ထုတ်ဖော်မှု ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းအရာဖြစ်ကြောင်း အလုပ်သမား ဆန္ဒထုတ်ဖော်မှု အများဆုံး ဖြစ်ပွားနေသည့် လှိုင်သာယာ စက်မှုဇုန်မှ ဥက္ကဌဖြစ်သူ ဦးမြတ်သင်းအောင်၏ ပြောကြားချက်အရ သိရသည်။
ယင်းသို့ ပြောကြားမှုကို မေ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့သော လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးရုံး၌ ကျင်းပသည့် လှိုင်သာယာ စက်မှုဇုန် လုပ်ငန်းရှင်များ နှစ်ပတ်လည် အစည်းအဝေးတွင်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...