အားကစားအတွက် အချိန် မပေးနိုင်တဲ့ ပျိုမေများ အတွက် တစ်နေ့ ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သား သိသိသာသာ ကျစ်လစ် လှပစေမှာပါ။
ဒီလေ့ကျင့်ခန်း လေးကို Good Housekeeping (Digital Edition) မှ ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းရဲ့ အနှစ်သာရကတော့ ဗိုက်မှာရှိတဲ့ DeepTransverse Abdominalis ကြွက်သားကို ကျစ်လစ်စေတာ ဖြစ်ပါတယ်။ ခေါင်းအုံး တစ်လုံးကို ခေါင်းအောက်မှာထား၊ စာအုပ် တစ်အုပ်ကို ဗိုက်ပေါ်တင်၊ ဗိုက်ကိုကျောနဲ့ ကပ်တဲ့အထိ လေကို တဝကြီး ရှူထုတ်လိုက်တဲ့ အခါမှာ စာအုပ် နစ်ဝင်သွားတဲ့ နေရာဟာ DeepTransverse muscle ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကစားနည်း အသေးစိတ်ကို ကြည့်ကြ ရအောင်နော်။
လေ့ကျင့်ခန်း (၁)
ကြမ်းပြင်ဆီသို့ မျက်နှာမူ၍ ကိုယ်ကို ဆန့်တန်း ထားပါ။ ကိုယ်ရဲ့ အလေးချိန်သည် တံတောင်နှင့် ခြေဖျားပေါ်တွင် ရှိပါစေ။ ထိုအနေအထားကို စက္ကန့် ၁၀ မှ ၂၀ အထိ ထိန်းထားပေး ရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
(A) လူကို ဘေးဆောင်း အနေအထားနှင့် ဆန့်ထားပြီး ဘယ်ခြေကျင်းကို ညာခြေကျင်း ပေါ်သို့ ချိတ်ပါ။ ကိုယ်ကို ညာလက်ဖြင့် ထောက် ထားပြီး ဘယ်ဘက် လက်ကို ဦးခေါင်း အနောက်တွင် ထားပါ။
(B) ဝမ်းဗိုက်ကြွက်သားကို သုံး၍ ဘယ်တံတောင်ကို ကြမ်းပြင်နှင့် မျင်းပြိုင် အနေအထားသို့ ရောက်အောင် ဆွဲယူပါ။
တစ်ဘက်ကို ၆ ကြိမ်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
Myawady Health