တာချီလိတ်မြို့နယ်
မူးယစ်အထူး အဖွဲ့နှင့် ပူးပေါင်း အဖွဲ့ဝင်များသည် မေ ၂၈ ရက် နေ့လယ်ပိုင်းက
လွယ် တော်ခမ်း ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် တာဝန် ထမ်းဆောင်စဉ်
တာချီလိတ်မြို့ ဘက်မှ
မိုင်းဆတ် မြို့ ဘက်သို့ ယာဉ်မောင်း ဆမ်ဖ မောင်းနှင်လာသည့် တိုယိုတာ ဟိုင်းလတ်ယာဉ်အား ရပ်တန့်ရှာဖွေ စစ် ဆေး ရာ ယာဉ်နောက်ခန်း အတွင်း လေဆာ တံဆိပ်ပါ စက္ကူချပ်ဖာ အတွင်း အဝါရောင်တိပ်ဖြင့် ပတ်၍ ပလတ် စတစ်စဖြင့် ထုပ်ပိုးထားသည့် အထုပ် တစ်ထုပ်လျှင် အလေးချိန် တစ်ကီလိုပါ ICE အထုပ် ၂ဝ၊ ကာလ တန်ဖိုး ငွေကျပ်သိန်း ၃၂ဝဝ ခန့်အား ရှာဖွေသိမ်းဆည်း ရမိသည်။
အလားတူ မေ ၂၈ ရက် နေ့လယ်ပိုင်းက ကျိုင်းတုံမြို့နယ် မူးယစ်(အထူး) အဖွဲ့နှင့် ပူးပေါင်း အဖွဲ့သည် သက်သေများနှင့် အတူ ကျိုင်းတုံမြို့နယ်၊ ကထိုက် ကျေးရွာအုပ်စု၊ မတ်ကျွန်း ကျေးရွာမှ ကထိုက်ကျေးရွာ ဘက်သို့ ဝမ်ကူသစ် ကျေးရွာနေ အားရဲ(ခ)အားခဲ မောင်းနှင်လာသည့် ဆမ်ဘိုဝေ့ဗ်-၁၂၅ ဆိုင်ကယ် အား ရပ်တန့် စစ်ဆေးခဲ့ရာ ဆိုင်ကယ် ဖင်ထိုင်ခုံအောက်မှ RUBBER တံဆိပ် ပါ မော်တော်ဆိုင်ကယ် ကျွတ်ထည့် သည့် အပြာရောင် ပလတ်စတစ်ခွံ အတွင်း ပလတ်စတစ် အကြည်ဖြင့် ထုပ်ထားသည့် ဘိန်းစိမ်း ၁၅ဝ ဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ် ၇၂ဝဝဝ ခန့်အား ရှာဖွေ သိမ်းဆည်း ရမိခဲ့ကြောင်း သတင်း ရရှိသည်။
မြ၀တီ