အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

31 May, 2013

"ခရီးသွားလုပ်ငန်း ကောင်းမွန်လာမှုကြောင့် ပုဂံညောင်ဦး တစ်ဝိုက် လက်မှု လုပ်ငန်းထည်များ ယခုနှစ် ပိုမိုအားထည့် လုပ်ကိုင်လာ"

ပုဂံညောင်ဦး ဒေသတွင် ခရီးသွားလုပ်ငန်း ကောင်းမွန်လာသည့် အလျောက်လက်မှု လုပ်ငန်းထည်များ ယခုနှစ်တွင် ပိုမိုအားထည့် လုပ်ကိုင်လာကြောင်း ဒေသခံ လက်မှု လုပ်ငန်း လုပ်ကိုင်နေ သူများထံမှ သတင်း ရရှိသည်။”ပြီးခဲ့တဲ့ ကာလတွေ တုန်းက ခရီးသွား လုပ်ငန်းက အတော်ကို ကျသွားခဲ့တာ ဆိုတော့ ဒီဒေသမှာ ရှိတဲ့ ရိုးရာ ပန်းချီ၊ ပန်းပု၊ ယွန်းစတဲ့ လက်မှုလုပ်ငန်းလေးတွေ အားလုံး အထိ နာတာပေါ့။ ဧည့်လမ်းညွှန်တွေ ဆို တာတောင် တခြား အလုပ်တွေ ပြောင်းလုပ်ကိုင်ခဲ့ကြတယ်။ မနှစ် လောက်ကစပြီး ခရီးသွား လုပ်ငန်းက ပြန်ကောင်းလာတယ် ဆိုတော့ ဘာပဲဖြစ်ဖြစ် အားထည့် လုပ်ကိုင်ဖြစ်သွားတာပေါ့” ဟု ပိတ် ပန်းချီဆရာ တစ်ဦး က ပြောသည်။ပုဂံဒေသသို့ ပြည်ပ ခရီးသွား ဝင်ရောက် မှုသည် ၂ဝဝ၇ ခုနှစ်မှ စတင်၍ လျော့ကျသွား ခဲ့ရာ ၂ဝ၁၁ ခုနှစ်တွင်မှ ခရီးသွား ဝင်ရောက်မှု ပြန်လည် မြင့်မားလာခဲ့ကြောင်း သိရသည်။”ဘာပဲဖြစ်ဖြစ် ခုချိန်တစ်နှစ်၊ နှစ် နှစ်အ တွင်းကတော့ ခရီးသွားက သေချာပေါက်တိုး လာဦးမှာပါ။ ဒါကြောင့် လုပ်ငန်း တိုးချဲ့မှုလေး တွေလုပ်ထားတယ်။ ငွေကြေးသုံးစွဲမှု စနစ်က လည်း ပြောင်းလဲလာပြီ ဆိုတော့ ယွန်းကို နိုင်ငံခြားသားတွေ အရင်ထက် ပိုပြီးဝယ်ယူနိုင်တော့ မယ်။ ရိုးရာဟန်လည်း မပျက်၊ အဆင်လည်း ဆန်း မယ့် ဒီဇိုင်းလေးတွေ ထုတ်လုပ်ဖို့ စီစဉ်နေပါ တယ်”ဟု ယွန်း လုပ်ငန်းရှင် တစ်ဦးက ပြော သည်။

ပုဂံသစ္စာ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...