လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုသော နွားများကို ဈေးကောင်းပေး ၀ယ်ယူနေသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် နွားရှားပါးမှု ပြဿနာနှင့် ကြုံတွေ့လာနိုင်ကြောင်း လယ်သမားများက ပြောသည်။ မြန်မာနိုင်ငံတွင် နွားများကို စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိက ခိုင်းစေရန်
အတွက် မွေးမြူကြပြီး ယင်းခိုင်းနွားများကို အိမ်နီးချင်းနိုင်ငံများ၏ ၀ယ်လိုအားကြောင့် ဈေးကောင်းပေးကာ ၀ယ်ယူလျက်ရှိ ကြောင်း သိရသည်။“ကျွန်တော်တို့က ဆိပ်ကမ်းသာ ကျေးရွာရဲ့ မော်တော်ဆိပ်နားမှာ နေတာပါ။ညဖက်တစ်နာရီ ၀န်းကျင်လောက်ရောက်ပြီဆိုတိုင်း ကားကြီးကားငယ်တွေနဲ့
လာပြီးတော့ နွားတွေကို တင်ပါတယ်။ တစ်ခါတစ်လေကျရင် ကားအနေ
အထားပေါ်မူတည်ပြီး အကောင်များရင် များသလို နည်းရင်နည်းရင် နည်းသလို ပါတယ်။ နှစ်ရက်ခြား သုံးရက်ခြား တစ်ခါလာပါ
တယ်”ဟု မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါလုပ်ငန်းများကို ပြုလုပ်ရန် အတွက် ခရွဲကျေးရွာ၊ လက်ပံ့ကျေးရွာ၊ စန်းစုကျေးရွာနှင့် မုတ်ကမော့ကျေးရွာတို့မှ နွားများကို ဆိပ်ကမ်းသာကျေးရွာ
ရှိ ဒေသခံတစ်ဦးမှ ပွဲစားအဖြစ်ကြားခံ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ရွာထဲကနွားတွေကို ဘီးလင်းကို အရောက်ပို့ပြီး ဘီးလင်းကနေတစ်ဆင့်
ရွှေရောင်ပြလမ်းကို သွားတယ်။ အဲဒီ ရောက်တော့ နွားတွေကိုချပြီး
တောင်တက်လမ်းကနေတစ်ဆင့် မြ၀တီကို တင်ပို့နေတာကိုတော့
သိတယ်။ ကျွန်တော်တို့ကလည်း ဈေးသည်တွေ။ မိုးလင်းတာနဲ့ ဆိုင်ဖွင့်ရ
တော့ ဒီဘက်ကဒေသခံတွေနဲ့ ဒီလုပ်ငန်းနဲ့က အလွန်အဆင်မပြေ
ဖြစ်နေပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါကျေးရွာတွင်းရှိ နွားတစ်ကောင်၏ပေါက်ဈေးမှာ ကျပ် ၁၀ သိန်း ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။ “သူတို့တွေ လုပ်ငန်းလာလုပ်တဲ့
ညတိုင်း အိပ်ရေးကိုဝအောင်မအိပ်ရပါဘူး။ အိပ်ရေးပျက်ပေါင်းတွေလည်း
များပါပြီ။ ပြီးတော့သူတို့တွေက လက်နက်တွေလည်း ပါနေတော့
ကျွန်မတို့ဒေသခံတွေရဲ့ လုံခြုံရေးကလည်း စိတ်မချရပါဘူး။ ဒီလိုမျိုးကို
ခံစားနေရတာ ကျွန်မတို့ကျေးရွာတစ်ရွာလုံးအပါအ၀င်ပါပဲ။ လုပ်ငန်း
လုပ်ကိုင်နေတဲ့ နေရာကလည်း ကျွန်မတို့ဒေသက အိမ်တွေနဲ့ ဘယ်လောက်မှ မဝေးပါဘူး။ တာဝန်ရှိသူတွေအနေနဲ့ကလည်း ကြပ်မတ်ပေး
ကြပါ”ဟု ဆိပ်ကမ်းသာကျေးရွာနေသူ တစ်ဦးက ပြောသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး ရေစ ကြို မြို့နယ်ရှိ ဆင်ခြေရာ၊ ရွှေလှန်မြေစွန်း၊
တော်ရွာသစ်၊ ဇရပ်နီကျေးရွာအပါအ၀င် မြောင်မြို့နယ်ရှိ မြစ်ဆုံ၊ မြစ်သာ၊ ငါးရံ့အို၊မင်းလှကျေးရွာတို့ ရှိ နွားများကိုလည်း ဈေးမဆစ်ဘဲ ၀ယ်ယူလျက်ရှိ
ကြောင်း သိရသည်။
ယင်းကျေးရွာများရှိ ဒေသခံတောင် သူများထံမှ နွားများကို ဆိုဈေးကို မဆစ်ဘဲ ၀ယ်ယူလျက်ရှိနေပြီး ၁၀ ကောင် ခန့်ဝယ် ယူပြီးပါကအငှား
မောင်းသူက မောင်းယူသွားကြောင်း၊ ယခုကဲ့သို့ လတ်တလော
ငွေကြေးအကျိုးအမြတ်ကိုကြည့် ကာ နွားများကို စည်းကမ်းမဲ့ရောင်းချ
နေခြင်းကြောင့် စိုက်ပျိုးရာသီတွင် ခိုင်းနွားမရှိဘဲ စိုက်ပျိုးရေးလုပ်ငန်းများ
တွင် ထိခိုက်လာနိုင်ကြောင်း ဒေသခံတို့က ပြောသည်။
ယခင်က နွားများကိုဝယ်ယူရာတွင် ကျေးရွာနှင့် မြို့နယ်ဖြတ်ကျော်မှုတို့
အတွက် ကျေးရွာဥက္ကဋ္ဌများက နွား၏ အမွေး၊ အရပ်အမြင့်၊ အမွေးအရောင်၊ ချိုအမျိုးအစား တို့ကို မှတ်သားကာ ရောင်းသူဝယ်သူတို့ တန်ဖိုးနှင့် သယ်ယူမည့်နေရာ၊ သယ်ယူသူအမည်၊ လိပ်စာစသည့် ထောက်ခံချက်ယူပြီး မှ သယ်ဆောင်ခဲ့ရကြောင်း၊ ယခုအခါတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
ရဲကင်းသို့ အသိပေးတိုင်တန်းခြင်းမရှိဘဲ လုပ်ဆောင်နေခြင်းကို စည်းကမ်းတကျပြုလုပ်စေရန်နှင့် လယ်ယာလုပ်ငန်းခွင် အန္တရာယ်မရှိ
စေရေးအတွက် သက်ဆိုင်ရာဘက်မှ ထိန်းသိမ်းကြပ်မတ်ပေးရန်
ဒေသခံတို့ဘက်မှ လိုလားလျက်ရှိကြောင်း သိရသည်။
“၀ယ်တဲ့သူတွေကလည်း ကြိုက် ဈေးပေးဝယ်တယ်။ ဒါကိုရောင်းတဲ့
သူတွေကလည်း ရှိနေတယ်။ စားဝတ်နေ ရေးပိုင်းမှာ အဆင်မပြေတော့
လည်း ရောင်းတဲ့သူတွေကိုတော့ အပြစ်မဆိုနိုင်ဘူးလေ။ ဒါပေမယ့် နောင်တစ်ချိန်မှာတော့ လယ်ယာလုပ်ငန်းခွင်တွေမှာ အသုံးပြုတဲ့
နွားတွေမျိုးတုန်းကုန်ရင် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိလာနိုင်တယ်”ဟု ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်မှ လယ်သမား တစ်ဦးက ပြောသည်။
- ဂျူးမေဇင်
The Farmer Media
အတွက် မွေးမြူကြပြီး ယင်းခိုင်းနွားများကို အိမ်နီးချင်းနိုင်ငံများ၏ ၀ယ်လိုအားကြောင့် ဈေးကောင်းပေးကာ ၀ယ်ယူလျက်ရှိ ကြောင်း သိရသည်။“ကျွန်တော်တို့က ဆိပ်ကမ်းသာ ကျေးရွာရဲ့ မော်တော်ဆိပ်နားမှာ နေတာပါ။ညဖက်တစ်နာရီ ၀န်းကျင်လောက်ရောက်ပြီဆိုတိ
လာပြီးတော့ နွားတွေကို တင်ပါတယ်။ တစ်ခါတစ်လေကျရင် ကားအနေ
အထားပေါ်မူတည်ပြီး အကောင်များရင် များသလို နည်းရင်နည်းရင် နည်းသလို ပါတယ်။ နှစ်ရက်ခြား သုံးရက်ခြား တစ်ခါလာပါ
တယ်”ဟု မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါလုပ်ငန်းများကို ပြုလုပ်ရန် အတွက် ခရွဲကျေးရွာ၊ လက်ပံ့ကျေးရွာ၊ စန်းစုကျေးရွာနှင့် မုတ်ကမော့ကျေးရွာတို့မှ နွားများကို ဆိပ်ကမ်းသာကျေးရွာ
ရှိ ဒေသခံတစ်ဦးမှ ပွဲစားအဖြစ်ကြားခံ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြေ
“ရွာထဲကနွားတွေကို ဘီးလင်းကို အရောက်ပို့ပြီး ဘီးလင်းကနေတစ်ဆင့်
ရွှေရောင်ပြလမ်းကို သွားတယ်။ အဲဒီ ရောက်တော့ နွားတွေကိုချပြီး
တောင်တက်လမ်းကနေတစ်ဆင့် မြ၀တီကို တင်ပို့နေတာကိုတော့
သိတယ်။ ကျွန်တော်တို့ကလည်း ဈေးသည်တွေ။ မိုးလင်းတာနဲ့ ဆိုင်ဖွင့်ရ
တော့ ဒီဘက်ကဒေသခံတွေနဲ့ ဒီလုပ်ငန်းနဲ့က အလွန်အဆင်မပြေ
ဖြစ်နေပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါကျေးရွာတွင်းရှိ နွားတစ်ကောင်၏ပေါက်ဈေးမှာ ကျပ် ၁၀ သိန်း ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။ “သူတို့တွေ လုပ်ငန်းလာလုပ်တဲ့
ညတိုင်း အိပ်ရေးကိုဝအောင်မအိပ်ရပါဘူ
များပါပြီ။ ပြီးတော့သူတို့တွေက လက်နက်တွေလည်း ပါနေတော့
ကျွန်မတို့ဒေသခံတွေရဲ့ လုံခြုံရေးကလည်း စိတ်မချရပါဘူး။ ဒီလိုမျိုးကို
ခံစားနေရတာ ကျွန်မတို့ကျေးရွာတစ်ရွာလုံ
လုပ်ကိုင်နေတဲ့ နေရာကလည်း ကျွန်မတို့ဒေသက အိမ်တွေနဲ့ ဘယ်လောက်မှ မဝေးပါဘူး။ တာဝန်ရှိသူတွေအနေနဲ့ကလည်း ကြပ်မတ်ပေး
ကြပါ”ဟု ဆိပ်ကမ်းသာကျေးရွာနေသူ တစ်ဦးက ပြောသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး ရေစ ကြို မြို့နယ်ရှိ ဆင်ခြေရာ၊ ရွှေလှန်မြေစွန်း၊
တော်ရွာသစ်၊ ဇရပ်နီကျေးရွာအပါအ၀င် မြောင်မြို့နယ်ရှိ မြစ်ဆုံ၊ မြစ်သာ၊ ငါးရံ့အို၊မင်းလှကျေးရွာတို
ကြောင်း သိရသည်။
ယင်းကျေးရွာများရှိ ဒေသခံတောင် သူများထံမှ နွားများကို ဆိုဈေးကို မဆစ်ဘဲ ၀ယ်ယူလျက်ရှိနေပြီး ၁၀ ကောင် ခန့်ဝယ် ယူပြီးပါကအငှား
မောင်းသူက မောင်းယူသွားကြောင်း၊ ယခုကဲ့သို့ လတ်တလော
ငွေကြေးအကျိုးအမြတ်ကိုကြည့်
နေခြင်းကြောင့် စိုက်ပျိုးရာသီတွင် ခိုင်းနွားမရှိဘဲ စိုက်ပျိုးရေးလုပ်ငန်းများ
တွင် ထိခိုက်လာနိုင်ကြောင်း ဒေသခံတို့က ပြောသည်။
ယခင်က နွားများကိုဝယ်ယူရာတွင် ကျေးရွာနှင့် မြို့နယ်ဖြတ်ကျော်မှုတို့
အတွက် ကျေးရွာဥက္ကဋ္ဌများက နွား၏ အမွေး၊ အရပ်အမြင့်၊ အမွေးအရောင်၊ ချိုအမျိုးအစား တို့ကို မှတ်သားကာ ရောင်းသူဝယ်သူတို့ တန်ဖိုးနှင့် သယ်ယူမည့်နေရာ၊ သယ်ယူသူအမည်၊ လိပ်စာစသည့် ထောက်ခံချက်ယူပြီး မှ သယ်ဆောင်ခဲ့ရကြောင်း၊ ယခုအခါတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင
ရဲကင်းသို့ အသိပေးတိုင်တန်းခြင်းမရှိဘဲ
စေရေးအတွက် သက်ဆိုင်ရာဘက်မှ ထိန်းသိမ်းကြပ်မတ်ပေးရန်
ဒေသခံတို့ဘက်မှ လိုလားလျက်ရှိကြောင်း သိရသည်။
“၀ယ်တဲ့သူတွေကလည်း ကြိုက် ဈေးပေးဝယ်တယ်။ ဒါကိုရောင်းတဲ့
သူတွေကလည်း ရှိနေတယ်။ စားဝတ်နေ ရေးပိုင်းမှာ အဆင်မပြေတော့
လည်း ရောင်းတဲ့သူတွေကိုတော့ အပြစ်မဆိုနိုင်ဘူးလေ။ ဒါပေမယ့် နောင်တစ်ချိန်မှာတော့ လယ်ယာလုပ်ငန်းခွင်တွေမှာ အသုံးပြုတဲ့
နွားတွေမျိုးတုန်းကုန်ရင် စိုက်ပျိုးရေးလုပ်ငန်းတွေမှ
- ဂျူးမေဇင်
The Farmer Media