အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

31 May, 2013

မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ဆီးဂိမ်းစီစဉ်ပုံကို ဖိလစ်ပိုင်က မကျေနပ်

မြန်မာနိုင်ငံမှာ အခုနှစ်ကုန်ပိုင်း ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများ အားကစားပွဲတော် ဆီးဂိမ်း (SEA Games) မှာ သမရိုးကျအရေးပါတဲ့ အားကစားနည်းတွေ ချန်လှပ်ထားတာကို ကန့်ကွက်တဲ့အနေနဲ့ ဖိလစ်ပိုင်နိုင်ငံက အားကစားအဖွဲ့ဝင်နည်းနည်းကိုသာ စတိအဖြစ်စေလွှတ်မှာဖြစ်ကြောင်း ဖိလစ်ပိုင် အားကစားအဖွဲ့ချုပ် ဥက္ကဌ Mr Garcia က ပြောကြားလိုက်ပါတယ်။နောက်ဆုံး ပြီးစီးခဲ့တဲ့ Indonesia နိုင်ငံက အရှေ့တောင်အာရှနိုင်ငံများ အားကစားပွဲတော်တုန်းက ဖိလစ်ပိုင်အနေနဲ့ အားကစားသမား ၅၀၀ ကျော် စေလွှတ်စေခဲ့ပေမယ့် အခု မြန်မာနိုင်ငံက အားကစားပွဲတော်ကိုတော့ သုံးလေးဆယ်လောက်ပဲ စေလွှတ်မယ်။ သူကိုယ်တိုင်လဲ မတက်ရောက်ဘူးလို့ Mr Garcia က ပြောပါတယ်။လာမယ့် ဆီးဂိမ်းပွဲတော်မှာ တင်းနစ်နဲ့ ဂျွမ်းဘား အားကစားနည်းတွေလို ခေတ်အဆက်ဆက်ပါဝင်မြဲဖြစ်တဲ့ သမရိုးကျအားကစားတွေ ချန်လှပ်ထားပြီး ခြင်းလုံးခတ်နည်းလို အားကစားတွေထည့်မယ်လို့ မြန်မာနိုင်ငံက ကြေညာလိုက်တာဟာ အိမ်ရှင်နိုင်ငံအနေနဲ့ ကိုယ့်လူတွေ အသာစီးရရှိအောင် စီစဉ်တာဖြစ်တယ်လို့ အိမ်နီးချင်းနိုင်ငံတွေက စွပ်စွဲထားပါတယ်။

RFA Burmese
See More

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...