အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

31 May, 2013

ဇေကမ္ဘာ ဦးခင်ရွှေကို ပုဒ်မ ၅၀၀ နဲ့ တရားစွဲလိုက်ပြီ

နာမည်ကြီး သူဌေးကြီး ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲလိုက်နိုင်ပြီလို့ မတူကွဲပြား ငြိမ်းချမ်းရေး ပါတီ
ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးနေမျိုးဝေက ခုနလေးတင် သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေး ရေးသား လိုက်ပါတယ်။ ဦးနေမျိုးဝေက ရေးသားထားရာမှာ ဒီကနေ့ မေလ ၃၁ ရက်နေ့မှာ ဒဂုံမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ရာ မှာ အခုတရားရုံးက ပုဒ်မ ၅၀၀ နဲ့ တရားစွဲနိုင်သွားပြီဖြစ်ပြီး ထုချေရှင်းလင်းဖို့အတွက် ရုံးတော်ကို လာမယ့် ဇွန်လ ၁၀ ရက်နေ့ကို ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။
ပုဒ်မ ၅၀၀ ဆိုတာ အသားရေဖျက်မှုပါ။ မနှစ်က တုန်းက ဦးနေမျိုးဝေက လယ်ယာမြေ သိမ်းဆည်းမှုတွေ နဲ့ပတ်သက်ပြီး တရားစွဲဆိုခဲ့ပါသေးတယ်။

အဲဒီတုန်းက ဦးနေမျိုးဝေကို သူက ပုဒ်မ ၅၀၀ နဲ့ ပြန်လည် တရားစွဲဆိုခဲ့ပါတယ်။အခုတော့ ဦးနေမျိုးဝေက ပြန်လည် တရားစွဲဆိုထားမှုကို တရားရုံးတော်က အခုလို တရားစွဲဆိုခွင့် အမိန့် ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...