အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

31 May, 2013

ဟံသာဝတီ ဦးဝင်းတင်နှင့် ဒေါ်စန်းစန်းနွဲ့(သာယာဝတီ) တို့ကို ရွှေကလောင်ဆု (Golden Pen of Freedom) လာရောက်ချီးမြှင့်

မြန်မာနိုင်ငံမှ နာမည်ကျော် စာရေးဆရာနှင့် သတင်းစာဆရာများ ဖြစ်ကြသော ဟံသာဝတီ ဦးဝင်းတင်နှင့် ဒေါ်စန်းစန်းနွဲ့ (သာယာဝတီ) တို့ကို World Association of Newspapers and News Publishers အဖွဲ့မှ ရွှေကလောင်ဆု (Golden Pen of Freedom Award) ကို မေ ၃၀ ရက်တွင် လာရောက်ချီးမြှင့်ခဲ့သည်။၎င်းတို့နှစ်ဦးမှာ ရွှေကလောင်ဆုအတွက် ၂၀၀၁ ခုနှစ်ကတည်းက ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သော်လည်း အခြေအနေ အရပ်ရပ်ကြောင့် ယခုအချိန်မှ ကိုယ်တိုင်လာရောက်ပြီး အိမ်အရောက် လိုက်လံချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။''ဒီကနေ့ နိုင်ငံ့အခြေအနေက အများကြီး တိုးတက်လာပေမယ့် လုံလောက်မှု မရှိသေးပါဘူး။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာရော၊ လူ့အခွင့်အရေး ကိစ္စရပ်တွေမှာရော၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကိစ္စရပ်တွေမှာရော၊ ငြိမ်းချမ်းရေး ကိစ္စရပ်တွေမှာရော ပြောင်းလဲနေပြီ ဆိုပေမယ့် လုံလောက်တဲ့ နက်ရှိုင်းမှု မရှိသေးပါဘူး'' ဟု ဦးဝင်းတင်က ဆုကို လက်ခံရယူစဉ်တွင် ပြောကြားခဲ့သည်။

အဆိုပါဆုကို World Association of Newspapers အဖွဲ့က ၁၉၆၁ ခုနှစ်ကတည်းက စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စာပေလွတ်လပ်ခွင့် ရရှိစေရန် ရေးသားသူ၊ ပြုမူသူ တစ်ဦးတစ်ယောက်ချင်းကို ဖြစ်စေ၊ အစုအဖွဲ့ တစ်ခုကိုဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုကိုဖြစ်စေ နှစ်စဉ်ပေးအပ်သော ဆုဖြစ်သည်။

မြန်မာနိုင်ငံ၏ လတ်တလော မီဒီယာလွတ်လပ်ခွင့် အခြေအနေနှင့် ပတ်သက်၍လည်း ဦးဝင်းတင်က ''မီဒီယာကဏ္ဍဟာ လုံးဝ လွတ်လပ်ပြီလို့ ပြောလို့မရသေးပါဘူး။ အရင်က တစ်ချိန်လုံး ဆင်ဆာရှိခဲ့တော့ လူတွေက အကျင့်ပါပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ဆာဖြတ်မိနေတာတွေ ရှိနေတုန်းပါပဲ။ လူငယ်စာနယ်ဇင်းသမားတွေ အနေနဲ့လည်း လုပ်ချင်ကိုင်ချင်စိတ် ရှိကြပြီး စိတ်အားထက်သန် ကြပေမယ့် စနစ်ကျတဲ့ လေ့ကျင့်သင်ကြားမှုတွေ လိုအပ်နေပါသေးတယ်'' ဟု သုံးသပ်သည်။

''အခု မြန်မာနိုင်ငံက အရင်ကထက်စာရင် အများကြီး လွတ်လပ်လာပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ပြီးတော့လည်း အများကြီး လုပ်ဆောင်သွားရပါဦးမယ်'' ဟု ဒေါ်စန်းစန်းနွဲ့ (သာယာဝတီ)က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ရွှေကလောင်ဆု ရရှိခဲ့သူများမှာ ၁၉၆၃ ခုနှစ်တွင် နာမည်ကျော် သတင်းစာဆရာကြီး ဂါးဒီးယန်းဦးစိန်ဝင်း၊ ၂၀၀၁ ခုနှစ်တွင် ဟံသာဝတီဦးဝင်းတင်နှင့် ဒေါ်စန်းစန်းနွဲ့(သာယာဝတီ)တို့ ဖြစ်ကြသည်။

အဆိုပါ WAN အဖွဲ့သည် မေ ၃၀ ရက် ညနေပိုင်းတွင် စာနယ်ဇင်းကောင်စီသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

EMG

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...