ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတွင်းရေးမှူးဖြစ်သူ ဦးခင်အောင်မြင့်က
ကြံ့ခိုင်ရေးပါတီ သည်သာ ပြည်သူတို့၏ အားကိုးယုံကြည်ရသည့် ပါတီအဖြစ်
ပြည်သူကိုစည်းရုံးရန် သူ၏ ပါတီဝင်များကို မေ ၂၉ရက်တွင်ညွှန်ကြားလိုက်သည်။''ပြည်ခိုင်ဖြိုးပါတီသည်သာပြည်သူတွေရဲ့ယုံကြည်အားကိုးစရာဖြစ်လာ
အော င်
စည်းရုံးကြရမယ်။ ပြည်သူ အများ အားကိုးစရာဖြစ်လာအောင် အောက်ခြေကစပြီး
ဆောင်ရွက်ရမယ်'' ဟု မကွေးမြို့ ကြံ့ခိုင်ရေးပါတီရုံး တွင်
ပါတီဝင်များနှင့်တွေ့ဆုံစဉ် ညွှန်ကြားလိုက်သည်။
ပြည်ထောင်စုလွှတ်တော်၏ နာယကလည်းဖြစ်သူ ဦးခင်အောင်မြင့်က ရန်သူကိုမိတ်ဆွေလုပ်ရန်လည်း
တိုက်တွန်းလိုက်ပြီး မည်သည့်ပါတီဝင်မဆို မိတ်ဆွေဖြစ်အောင်
ပေါင်းသင်းရမည်ဟုလည်း ဆိုသည်။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအတွက်
ကြိုတင်ပြင်ဆင်ရန် ပါတီဝင်တစ်ဦးလျှင် ပါတီဝင်အသစ် ၁ဝ ဦး ထပ်မံစည်းရုံး
ရန်လည်း ညွှန်ကြားသည်။
''ဒီလိုမှ မစည်းရုံးနိုင်ရင်တော့ အနီရောင်ဆိုင်းဘုတ်နဲ့ ယှဉ်ပြိုင်ပြီး ထောင်လိုက်တာနဲ့ အဲဒီပါတီအောက်ကိုသာ
ရောက်သွားကြမယ်'' ဟုလည်း သတိပေးသည်။ ပါတီဝင်အင်အား ၂၆ သန်းရှိသည့် ကြံ့ခိုင်ရေးပါတီ ၂ဝ၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ရှုံးခဲ့ခြင်းနှင့် ပတ်သက်၍လည်း ''မဲတွေ ဘယ်ရောက်ကုန်သလဲ'' ဟု မေးခွန်းထုတ်သည်။
''အဲဒီမဲတွေ ဘယ်ရောက်ကုန်ပြီလဲ။ အဲဒီတုန်းက ပါတီတိုးပွားရေးအတွက်ဆို ပါတီကို တကယ်ယုံကြည်လို့ ဝင်တာမဟုတ်ဘဲ၊ စည်း ရုံးသူတွေက ပုံစံ(၁ဝ)စာရင်းတွေယူပြီး လက်မှတ် ထိုးဖြည့်ထားကြတာ တကယ် ဝင်တာမှ မဟုတ်ဘဲ။ အမှားကို အမှားအတိုင်း ဝန်ခံကြပါ'' ဟု ပြောသွားခဲ့သည်။
Mizzima News