အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

31 May, 2013

ထူးဖောင်ဒေးရှင်းမှထားဝယ်မြို့နယ်အတွင်း အထွေထွေကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခဲ့

ထူးဖောင်ဒေးရှင်းမှ အထွေထွေကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တစ်ရပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ် နှင့် ပုလောမြို့နယ်တို့တွင် (၂၇.၅.၂၀၁၃) ရက်နေ့မှ (၂၉.၅.၂၀၁၃) ရက်နေ့အထိ သွားရောက်ဆောင်ရွက် ပေးခဲ့ကြပါသည်။ အဖွဲ့တွင် အထွေထွေကုဆရာဝန်ကြီး (၅) ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ ၊ထူးဖောင်ဒေးရှင်းမှ ၀န်ထမ်းများပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီး ဒေသခံကျန်းမာရေးဝန်ထမ်းများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြပါသည်။ (၂၇.၅.၂၀၁၃) ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာရှိ အထွေထွေရောဂါဝေဒနာရှင် (၁၇၇) ဦး၊ ထားဝယ်မြို့နယ် မင်းရပ်ကျေးရွာရှိ ဝေဒနာရှင် (၁၁၇)ဦး ၊စုစုပေါင်း (၃၀၄) ဦးတို့အား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းအစီအစဉ်များ ကိုဆောင်ရွက်ပေးနိုင်ခဲ့ကြပါသည်။ ကုသရေးခရီးစဉ်သို့ ထူးဖောင်ဒေးရှင်းနာယက ဦးတေဇကိုယ်တိုင်လာရောက်ပြီး ဆေးကုသမှုများဆောင်ရွက်နေသည့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများဆပ်ကပ်လှူဒါန်းခြင်း ၊ လူနာများအား အားပေးစကားပြောကြားခြင်း၊ ကုသပေးနေသည့်ဆရာဝန်ကြီးများအား ကျေးဇူးတင်စကားများပြောကြားခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။ ထူးဖောင်ဒေးရှင်းအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်လိုအပ်သည့် ဒေသများသို့ယခုကဲ့သို့ပင် နယ်လှည့်ကျန်းမာရေးကုသမှုအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

Htoo Foundation Facebook

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...