အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

31 May, 2013

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟေဂယ် တရုတ်နှင့် ဆိုက်ဘာ ခြိမ်းခြောက်မှုကို ဆွေးနွေးမည်

အမေရိကန်သည် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအား ဆိုက်ဘာခြိမ်းခြောက်မှုများ သက်သာစေရန် လမ်းကြောင်းဥပဒေများ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပင်တဂွန်အကြီးအကဲ ချတ်ခ် ဟက်ဂယ်က ကြာသပတေးနေ့တွင် ပြောကြားသည်။ကာကွယ်ရေးဝန်ကြီးက တရုတ်ဟက်ကာတို့သည် ဆန်းပြားသည့် အမေရိကန်လက်နက်အစီအမံများ၏ လျှို့ဝှက်ဒီဇိုင်းများကို ရရှိထား ကြောင်း တွေ့ရှိသည်ဟူသော အမေရိကန်စစ်တပ်နည်းပညာကို အန္တရယ်ရှိလာဖွယ်ရှိသည့် ပင်တဂွန် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး နောက် ပြောကြားခဲ့ခြင်းဖြစ်သည်။အရာရှိများက ကာကွယ်ရေးသိပ္ပံဘုတ်အဖွဲ့မှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်သည် အမေရိကန်ထိပ်တန်းကာကွယ်ရေး စာချုပ် ချုပ်ဆိုထားသူ များနှင့် အစိုးရအဖွဲ့အစည်းများအား ကျယ်ပြန့်သည့် တရုတ်၏ လျှို့ဝှက်စုံစမ်းလှုပ်ရှားမှုမှ တစိတ်တပိုင်းသာဖြစ်ကြောင်း ဆိုသည်။

“အမေရိကန်အစိုးရကလည်း ဒီတိုက်ခိုက်မှုအများစု ဘယ်ကလာတယ်ဆိုတာ သိတယ်” ဟု စင်ကာပူရှိ နိုင်ငံတကာ လုံခြုံရေးကွန်ဖရင့်သို့ တက်ရောက်ရန် လေယာဉ်ခရီးစဉ်အတွင်း မစ္စတာဟက်ဂယ်က သတင်းထောက်များကို ပြောကြားသည်။

“အဲတာတွေကို ဘယ်ရန်သူက ညွှန်ကြားထားတယ်ဆိုတာ သက်သေပြဖို့ ခက်တယ်၊ ဒါပေမယ့် အဲဒါဟာ ဘယ်ကလာတယ်ဆိုတာ ကျွန်တော် တို့ ပြောနိုင်တယ်၊ ပြီးတော့ ကျွန်တော်တို့ဟာ ဒီဟာနဲ့ပတ်သက်လို့ ရိုးသားရပါမယ်” ဟု ဆက်လက်ပြောကြားသည်။

ဆိုက်ဘာလုံခြုံမှုကို လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပမည့် နေတိုးကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံပွဲတွင် ပထမဆုံးအကြိမ် အဖြစ်ဆွေး နွေးကြမည် ဖြစ်သည်။

“တရုတ်နိုင်ငံနဲ့ လုပ်ကိုင်ရာမှာ နိုင်ငံတိုင်းနဲ့ လုပ်ကိုင်ရာမှာ တချို့နိုင်ငံတကာနားလည်မှုများနဲ့ လမ်းကြောင်း ဥပဒေတွေကို ရှိလာဖို့ရန် နည်း လမ်းရှာဖွေရပါမယ်” ဟု ဟက်ဂယ်က ဆိုသည်။
ပင်တဂွန်အရာရှိများသည် တရုတ်နိုင်ငံအား လူသိရှင်ကြား သံတမန်နည်းလမ်းအားဖြင့်သော်လည်းကောင်း သီးခြားတွေ့ဆုံခြင်းဖြင့် လည်း ကောင်း ဖိအားပေးမည်ဖြစ်ကြောင်း ဆိုသည်။

“တခြားနိုင်ငံတွေနဲ့ ဆက်ဆံရာမှာ အရမ်းသိသာတဲ့ အမြင်တွေကို သုံးတာဟာ အမြဲတမ်းအရေးကြီးတယ်လို့ထင်တယ်” ဟု ၎င်းက ဆိုသည်။
“လူထုပါဝင်မှုဟာ ပြဿနာကို ပြေလည်စေတယ်ဆိုတာ မြင်ရခဲတယ်။ ဒါပေမယ့် လူတွေဟာ ဒီအရေးမှာ သူတို့တွေဘယ်နေရာမှာ ရှိနေတယ် ဆိုတာ နားလည်အောင်ပြောကြားဖို့ဟာလည်း အရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။

စင်္ကာပူတွင် တနင်္လာနေ့ထိ နေထိုင်မည့်အချိန်အတွင်း မစ္စတာဟက်ဂယ်သည် အာရှ ကာကွယ်ရေးဝန်ကြီးများနှင့် နှစ်နိုင်ငံချင်း ဆွေးနွေးချက် များ လုပ်ဆောင်ရန် စီစဉ်ထားသည်။

တရုတ်နှင့် အမေရိကန်ကြား တိုးတက်လာသော စစ်တပ်ချင်းဆက်နွယ်မှုကိုလည်း ညွှန်ပြခဲ့သည်။

အမေရိကန်ထိပ်တန်းစစ်တပ်အရာရှိ ဗိုလ်ချုပ်ကြီး မာတင်ဒင်ပဆေသည် ဧပြီလအတွင်း ဘေဂျင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး မစ္စတာဟက် ဂယ်သည်လည်း တရုတ်ကာကွယ်ရေးဝန်ကြီး ချန်ဝမ်ကွမ်အား သြဂုတ်လတွင် ဝါရှင်တန်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။

အမေရိကန်သမ္မတ သမ္မတအိုဘားမားသည် တရုတ်သမ္မတရှီကျင်းပင်နှင့် လာမည့်တစ်ပတ်အတွင်း ကယ်လီဖိုးနီးယားတွင် တွေ့ဆုံကြမည် ဖြစ်သည်။

မြန်မာ့ခေတ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...