ရန်ကုန်တက္ကသိုလ်က ဘွဲ့ရသူတွေအနေနဲ့ ဘွဲ့ရပြီး အလုပ်အကိုင်ကမရှိ၊ ဘာပညာမှလည်း မတတ် ဖြစ်နေတယ်ဆိုပြီး အိမ်မှာဘွဲ့ဓာတ်ပုံအလှချိတ် လို့ရတဲ့ အနေအထားမှာပဲ ရှိတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ဝေဖန်ပြောဆိုပြီး ဂျာနယ်တစ်စောင်မှာဖတ်ခဲ့ရပါ တယ်။ အမှန်တော့ အခုလိုစကားမျိုးကို ဟာသလူရွှင်တော်တွေ ပြောမယ်ဆိုရင် အလွန်ရီစရာ ကောင်းတဲ့ ပျက်လုံးတစ်ခုဖြစ်ပေမဲ့
ဒေါ်အောင်ဆန်းစုကြည်လို အားလုံးက လေးစားရတဲ့ ဒီမိုကရေစီခေါင်းဆောင် တစ်ဦးက
ပြောကြားလာတာကတော့ ကျောင်းက ဆရာတွေရော၊ ကျောင်းသားတွေပါ
ဒီစကားကိုလက်မခံနိုင်ပါဘူး။
မြန်မာနိုင်ငံပညာရေးစနစ်က အလွန်ညံ့တဲ့အကြောင်း ပြောချင်တာနဲ့ မြန်မာပြည်က
ဘွဲ့ရတဲ့သူတွေကို ၀ါးလုံးရှည်ကြီးနဲ့ သိမ်းကြုံးရမ်းလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံတက္ကသိုလ်တွေက ဘွဲ့ရပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ အတတ်ပညာပိုင်းဆိုင်ရာတွေ၊ အသိပညာပိုင်းဆိုင်ရာတွေမှာ အလုပ်အကိုင် ကောင်းကောင်းတွေရပြီး လုပ်ကိုင်နေကြတဲ့သူတွေအများ ကြီးပါ။ မြန်မာပြည်မှာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခဲ့လို့ ပြည်ပမှာသွားရောက်အလုပ်လုပ် နေကြတာပါ။ ပြောရမယ်ဆို အဲဒီအချိန်အခါတုန်းက စီးပွားရေးပိတ်ဆို့မှုတွေကြောင့်
ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်မရှိလို့ နိုင်ငံခြားထွက်ပြီး
အလုပ်လုပ်ကြရတာပါ။ ကိုယ့်နိုင်ငံကို အထင်သေးလို့ မဟုတ်ပါဘူး။
ကျွန်တော်ကတော့ ရန်ကုန်တက္ကသိုလ်က မဟာဘွဲ့ရပြီး အခု ဂျပန်နိုင်ငံ ပါရဂူဘွဲ့
တက်ရောက်နေပါတယ်။ ဘာပဲပြောပြော ရန်ကုန်တက္ကသိုလ်က Master ပြီးထားတဲ့
ကျောင်းသားတစ်ယောက် နိုင်ငံတကာအဆင့်မှီ ဂျပန်တက္ကသိုလ် မှာ
အခြားကျောင်းသားတွေနဲ့ အရည်အချင်းတူတက်ရောက်နိုင်ပါတယ်။
ဒါကျွန်တော်တစ်ယောက်ထဲ မဟုတ်ပါဘူး။ ကျွန်တော့်လို ရန်ကုန်တက္ကသိုလ်က
ကျောင်းပြီးသွားပြီး နိုင်ငံတကာအဆင့်မှီ တက္ကသိုလ်ကြီးတွေမှာ
ဘွဲ့လွန်ပညာတွေတက်ရောက်နေတဲ့ သူတွေအများကြီးရှိပါတယ်။
ကျွန်တော်တို့ သင်ကြားခဲ့ရတဲ့ ပညာရေးစနစ်တွေ မှာ အားနည်းချက်တွေရှိပေမဲ့
ဘယ်တုန်းကမှ ကိုယ့်နိုင်ငံကသင်ပေးလိုက်တဲ့ ပညာရေးစနစ် ညံ့ဖျင်းလွန်းတယ်လို့ တစ်ခါမှမပြောဖူးပါဘူး။
ရန်ကုန် တက္ကသိုလ်က ဘွဲ့ရသူတွေဟာ “ တက္ကသိုလ်မှာ ကုန်ဆုံးခဲ့ရတဲ့အချိန်တွေအတွက်
ရလိုက်တဲ့တစ်ခု တည်းသော အကျိုးအမြတ်က ဘွဲ့ယူတဲ့အခမ်းအနားမှာ
ရိုက်တဲ့အမှတ်တရဓါတ်ပုံပဲ” လို့ ပြောတာကတော့ ဘွဲ့ပေးနေတဲ့
တက္ကသိုလ်ပညာရေးကောင်စီကိုရော၊
မြန်မာနိုင်ငံ တက္ကသိုလ်တွေက ဘွဲ့ရခဲ့တဲ့သူတွေ အားလုံးကိုပါ စော်ကားရာ
ရောက်ပါတယ်။ ဘွဲ့ရပြီး အလုပ်မရသေးတဲ့နိုင်ငံဆိုတာ ကမ္ဘာမှာ
မြန်မာတစ်နိုင်ငံထဲမဟုတ်ပါဘူး။ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေမှာတောင် ဒီပြဿနာတွေရှိနေတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာပြည်ကပေးတဲ့ဘွဲ့ကို တန်ဘိုးမထားပေမယ့် တက္ကသိုလ်ကဘွဲ့ရတဲ့ သူတိုင်းက တန်ဖိုးထားကြပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေအားလုံးဟာ နိုင်ငံတကာနဲ့ယှဉ်ပြီးအဆင့် မီစွာ
သင်ကြားပေးနေတယ်လို့တော့ မဆိုလိုပါ။ ပညာတကယ် တတ်တယ်၊ မတတ်ဘူးဆိုတာကတော့
သင်ယူသူတွေရဲ့ စိတ်ပါဝင်စားမှု အပေါ်မှာပဲမူတည်တာပါ။ တကယ်တော့
ပညာသင်ယူတယ်ဆိုတဲ့အပေါ်မှာလဲ
မိဘက ပိုက်ဆံချမ်းသာလို့ ကျောင်းကို အပျော်သဘောမျိုးနဲ့ လာတက်တဲ့သူတွေအပြင်
တကယ်ကို နိုင်ငံအတွက် တစ်တောင့်တစ်နေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ
ဖြည့်ဆည်းချင်လို့ လာရောက်သင်ကြားတဲ့ သူတွေလည်းရှိပါတယ်။
အပျော်သဘောမျိုးနဲ့ လာတက်တဲ့သူတွေအနေနဲ့ ပညာရေးကို စိတ်မဝင်းစားဘဲ
နိုင်ငံရေးသမားလိုလို၊ စီးပွားရေးသမားလိုလို လုပ်နေတဲ့အတွက် သိကြားမင်းကြီး
ဆင်းပြီး လာသင်ပေးရင်တောင် တတ်မှာမဟုတ်ပါဘူး။ အဲ့ဒီလိုလူတွေအတွက်ကတော့
ဒေါ်အောင်ဆန်းစုကြည် ပြောသလိုမျိုး ဖြစ်ချင်ဖြစ်နိုင်ပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စ ကားဟာ
ကျောင်းသားအချို့အတွက် မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမဲ့
ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားကို ကျွန်တော်အပါအဝင် အမိရန်ကုန်တက္ကသိုလ်ရဲ့
ပညာနို့ရည် သောက်သုံးခဲ့ကြတဲ့ ညီအကိုမောင်နှမ အများစုကတော့
လက်ခံမှာမဟုတ်သလို ပညာသင်ကြားပေးခဲ့ကြတဲ့ တက္ကသိုလ်က ဆရာ၊ ဆရာမကြီးများကလဲ
လက်ခံနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်
တက္ကသိုလ်တွေက ဘွဲ့ရတဲ့ သူတွေအပေါ်မှာ စော်ကားမော်ကားပြောဆိုခြင်း မျိုးကို ကန့်ကွက်ပါတယ်လို့ ပြောချင်ပါတယ်။
ထက်ပိုင်အောင်
University of Tokyo
အင်းလေးမီဒီယာ
ဓာတ်ပုံ ဧရာဝတီ
မြန်မာနိုင်ငံတက္ကသိုလ်တွေက ဘွဲ့ရပြီး နိုင်ငံခြားတိုင်းပြည်တွေမှ
ရန်ကုန် တက္ကသိုလ်က ဘွဲ့ရသူတွေဟာ “ တက္ကသိုလ်မှာ ကုန်ဆုံးခဲ့ရတဲ့အချိန်တွေအတ
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာပြည်ကပေးတဲ့ဘွဲ့ကို တန်ဘိုးမထားပေမယ့် တက္ကသိုလ်ကဘွဲ့ရတဲ့ သူတိုင်းက တန်ဖိုးထားကြပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေအားလုံးဟာ နိုင်ငံတကာနဲ့ယှဉ်ပြီးအဆင့်
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စ
ထက်ပိုင်အောင်
University of Tokyo
အင်းလေးမီဒီယာ
ဓာတ်ပုံ ဧရာဝတီ