အယ်လ်မာနာ
ရုပ်မြင်သံကြားနှင့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အာဆက်ဒ်က
အစ္စရေးကို တိုက်ခိုက်ရန် အတွက် အာရပ်ကမ္ဘာမှ နိုင်ငံများ ပိုမို
စည်းလုံးနေပြီ ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ခဲ့သည်။ဆီးရီးယား သမ္မတ ဘာရှာ အာဆက်ဒ်က မိမိတို့ အနေဖြင့် ရုရှားနှင့်
လက်နက်ဝယ်ယူရေး သဘောတူညီမှု တစ်ခု ရရှိထားသလို လက်ရှိ ပြည်တွင်း၌
သူပုန်တပ်များကို နှိမ်နင်းရာတွင်လည်း အစိုးရတပ်ဖွဲ့များက အထက်စီး အနေအထား
ရောက်နေပြီဟု ပြောကြားခဲ့သည်။ ထို့အပြင် အယ်လ်မာနာ ရုပ်မြင်သံကြားနှင့်
ကြာသပတေးနေ့က ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အာဆက်ဒ်က အစ္စရေးကို
တိုက်ခိုက်ရန် အတွက် အာရပ်ကမ္ဘာမှ နိုင်ငံများ ပိုမို စည်းလုံးနေပြီ
ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ခဲ့သည်။ အစ္စရေးပိုင် ဂိုလန်ကုန်းပြင်မြင့်
ဆီးရီးယားပိုင် လက်နက်ကြီး ကျည်ဆန်များ ကျရောက်သည့်နောက် အစ္စရေးဘက်က
ပြန်လည် ပစ်ခတ်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုများ ရှိနေချိန်တွင် အာဆက်ဒ်က
"ဂိုလန်မှာ စစ်မျက်နှာသစ်တစ်ခု စတင်ဖို့ အားလုံးအတွက် ဖိအားတစ်ခုပါပဲ။
ခုဆိုရင် အာရပ်ကမ္ဘာမှာ အစ္စရေးကို တိုက်ခိုက်ရေးအတွက် ပူးပေါင်းကြဖို့
ပိုပြီး ရှင်းရှင်းလင်းလင်း ဆန္ဒပြင်းပြလာပါပြီ"ဟု ပြောဆိုသွားသည်။
အာဆက်ဒ်က လက်ရှိတွင် နှစ်ရှည်လများ ကြာမြင့်နေသော ပြည်တွင်း
ပုန်ကန်မှုများကို မိမိတို့က အသာစီးဖြင့် ထိန်းချုပ်နိုင်ပြီ
ဖြစ်ကြောင်းနှင့် ရုရှားထံမှ S-300 ဒုံးကျည်များကိုလည်း ဝယ်ယူရန်
သဘောတူညီထားကြောင်း စသည်တို့ကိုပါ ကြေညာသွားသည်။ "S-300 လေယာဉ်ပစ်
ဒုံးကျည်တွေ ဝယ်ယူတဲ့ထဲက ပထမတစ်သုတ်ကို လက်ခံ ရရှိပြီးပါပြီ"ဟု အာဆက်ဒ်က
ဆိုသည်။ "ရုရှားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လက်ရှိ ပြည်တွင်းရေး
အခြေအနေတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ ရုရှားကလည်း ဒီစာချုပ်ကို ပြီးစီးအောင်
အကောင်အထည် ဖော်ဖို့ စိတ်ဝင်စားတယ်လေ"ဟု အာဆက်ဒ်က ရှင်းပြခဲ့သည်။
S-300များသည် ကီလိုမီတာ (၂၀၀) အကွာအဝေးထိ ရှိနေသော ပစ်မှတ်များကို
ချေမှုန်းနိုင်ရာ အစ္စရေး မြောက်ပိုင်းတွင် ပျံသန်းနေသည့်
တိုက်လေယာဉ်များကိုပါ ခြိမ်းခြောက်နိုင်ခြေ ရှိနေသည်။
အာဆက်ဒ်က
ပုန်ကန်မှုများနှင့် ပတ်သက်ပြီး "အကြမ်းဖက်သမားတွေဘက်က ထင်ထားတာထက်
အားကောင်းကောင်း ခြေလှမ်းတွေ ရှိခဲ့တယ် ဆိုရင်တောင် ခုချိန်မှာတော့
ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေက အသာစီး အခြေအနေကို ရောက်နေပါပြီ"ဟု ဆိုသည်။
အာဆက်ဒ်သည် သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် တော်လှန်ရေးသမားများကို
အကြမ်းဖက်သမားဟုသာ အစဉ်တစိုက် သုံးနှုန်းလေ့ ရှိသည်။ လတ်တလောတွင်မူ အာဆက်ဒ်၏
အင်တာဗျူး အပြီးနောက် အစ္စရေးသည် ရုရှားနှင့် ဆီးရီးယားကြား
လက်နက်တင်ပို့မှု အခြေအနေနှင့် ပတ်သက်၍ ပိုမို ခိုင်မာသော
သတင်းအချက်အလက်များ စုဆောင်းနေကြောင်းလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
Planet.com.mm
31 May, 2013
လက်နက်ဝယ်ယူရေးအတွက် ရုရှားနှင့် သဘောတူညီမှုရပြီဟု အာဆတ် ပြောကြား
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
May
(981)
-
▼
May 31
(60)
- ဇေကမ္ဘာ ဦးခင်ရွှေကို ပုဒ်မ ၅၀၀ နဲ့ တရားစွဲလိုက်ပြီ
- YCPTA အဖွဲ့ ဖွဲ့ပြီး ၅ လအတွင်း ပြန်ဖျက်သိမ်း
- မြန်မာပြည်တွင် ကားပညာရှင်များ လိုအပ်သည်
- ဘောလုံးမြက်ခင်းစိမ်းကို ကျောခိုင်းတော့မည့် ပရီးမီး...
- မင်းသားရဲတိုက် အာမခံနဲ့ ပြန်လွတ်လာပြီ
- လားရှိုးရှိ မွတ်စလင် ဒုက္ခသည်များ မန်ဆူ ရှမ်းဘုန်းတေ...
- KIO မတရားအသင်းမှ ပယ်ဖျက်ပြီး ဆက်သွယ်မှုဖြင့် ဖမ်းထာ...
- နှစ်ပေါင်း ၄၀၀ ကျော်က အေးခဲနေသည့် ရေညှိပင်များ ပြန...
- KIO ကိုယ်စားလှယ်များ စစ်ရှောင်စခန်းများသို့ သွားရေ...
- မြန်မာအစိုးရနှင့် KIO မြစ်ကြီးနားဆွေးနွေးပွဲမှ တို...
- မီးရှို့ခံရသူရဲ့ သတင်းစကား
- ထုတ်လုပ်မှုစရိတ်များ လျှော့ချနိုင်ပါက ဆန်စပါးရောင်း...
- ဘောလုံးအားကစားဝါနာရှင်များအတွက်သတင်းကောင်းလေးပါ
- စက်ရုပ်လုပ်သားများနှင့် လည်ပတ်သော တရုတ်စားသောက်ဆိုင်
- ရေကူး၍ မိုးပေါ်ပျံမည့် Flyboard
- တေးသံရှင် ဇော်ပိုင်
- အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟေဂယ် တရုတ်နှင့် ဆိုက်ဘာ ...
- “နိုက်ဂျီးရီးယားတွင် သိုဝှက်ထားသော လက်နက်တိုက် ရှာ...
- အမေရိကန်၏ စစ်ဘက်သတင်းအချက်အလက် တရုတ် Hacker များ ထ...
- ပျော်ဘွယ်တွင် မိုးမရွာ၍ ရပ်ကွက်အချို့ သောက်ရေပြတ်လပ်
- ပြည်ခိုင်ဖြိုးသည်သာ အားကိုးရာအဖြစ်စည်းရုံးရန် ဦးခ...
- အိမ်သာပိုက်အတွင်းရောက်ခဲ့သည့် မွေးကင်းစကလေး၏ မိခင်...
- ဆန်းဇလျန်း နှင့် တေးသံရှင် ဆုန်သင်းပါရ်တို့ရဲ့ ရင်...
- လက်နက်ဝယ်ယူရေးအတွက် ရုရှားနှင့် သဘောတူညီမှုရပြီဟု အ...
- ကိုးကွယ်ရာမဲ့ ဖြစ်နေတဲ့ ရဲတိုက်
- ရှမ်းပြည်နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးခွင့် ပုဂ္ဂလိကသ...
- ခမာနီခေါင်းဆောင်ဟောင်း ဝန်ချ တောင်းပန်
- မြန်မာလုပ်သားများ ဂျပန်တွင် တရားဝင် အလုပ်လုပ်ခွင့်...
- လယ်ယာသုံးနွားများကို ဈေးကောင်းပေးဝယ်ယူခြင်း ကြောင...
- မသဲသဲသော်၏ မျိုးဆက် ဂူးဂူးအား ထောက်ပံ့ငွေ (၅)သိန်း...
- အာဖဂန်အရပ်သား(၁၆)ဦးကို သတ်ခဲ့သော အမေရိကန်တပ်ကြပ်ြ...
- တောင် နှင့် အပြိုင် မြောက်ကိုရီးယားကလည်း ကမ္ဘာ့အဆင်...
- ထူးဖောင်ဒေးရှင်းမှထားဝယ်မြို့နယ်အတွင်း အထွေထွေကျန်...
- ပြင်သစ်နိုင်ငံ၌ ပထမဆုံး လိင်တူ လက်ထပ်ပွဲ ကျင်းပ
- လားရှိုးမှ မီးရှို့ခံရသည့် အမျိုးသမီး ကျန်းမာရေး စို...
- ကြံ့ခိုင်ရေးပါတီကိုဆန္ဒပြမည့်အစီအစဉ် အာဏာပိုင်များ ...
- ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈ အဖွဲ့တို့နှင့် ပတ်သက်၍ ဆ...
- ရဲတပ်ဖွဲ့များ ပထမအကြိမ် တိုက်ခိုက် ခံရခြင်း
- ရုရှားဈေးကွက်မှ ဥရောပစံချိန်နှင့် ကိုက်ညီသည့် မြန...
- ပြပွဲတွင် ကျောက်မျက်၊ ပုလဲနှင့် ကျောက်စိမ်းအတွဲ ၁၀...
- ဟံသာဝတီ ဦးဝင်းတင်နှင့် ဒေါ်စန်းစန်းနွဲ့(သာယာဝတီ) တ...
- မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ဆီးဂိမ်းစီစဉ်ပုံကို ဖ...
- မူးယစ်ဆေးဝါးအမှု တရားရုံးကို ရောက်ရှိမှုနည်းပါး
- အစိုးရကို ကျွန်တော်တို့ '၀'က တိုက်စရာ အကြောင်းမရှိ...
- NATO နှင့် ရုရှားရေတပ် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တ...
- တောင်ကိုရီးယား နိုင်ငံအတွင်းရှိ နျူကလီးယား စွမ်းအင...
- လားရှိုး ပဋိပက္ခတွင် ပါဝင်လှုံ့ဆော်သည်ဟု ယူဆရသူ ၃၈ ဦ...
- နမ့်စန်- ကျိုင်းတုံ လမ်းပိုင်းတွင် လမ်းချဲ့ မြေတူး...
- ဒိန်းမတ်နိုင်ငံ တော်ဝင်မင်းသမီး မလေးရှားက ကရင်တွေန...
- ချင်းပြည်နယ် နတ်မတောင် အမျိုးသားဥယျာဉ်တွင် နိုင်ငံ...
- ပြင်သစ် သမ္မတ ဧည့်ခံပွဲသုံး ဝိုင် အရက်တွေ ထုတ်ရောင်...
- ၄၇ ရက်အတွင်း ဆန်တန်ချိန်၉၇၀၀၀ ကျော် ပြည်ပပို့၊ ဒေါ်...
- ရန်ကုန်တက္ကသိုလ်မှချီးမြင့်သောဘွဲ့ နှင့် ဒေါ်အောင်ဆန...
- အိန္ဒိယတောင်ပိုင်း အပူလှိုင်း လူ ၅၀၀ ကျော်သေ
- ၂၀၃၀ကျရင် မြန်မာ့စီးပွားရေး ၄ဆတိုးမယ်လို့ MGI ခန့်...
- ပခုက္ကူတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ ဆောက်လ...
- သမ္မတ ဦးသိန်းစိန်နှင့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်တိ...
- ရန်ကုန် စတော့အိပ်ချိန်း လာတော့မည်
- အခွန်ဆောင်ရန် ခက်ခဲသဖြင့် တရုတ်ကုန်စည် တရားမဝင် တင...
- "ခရီးသွားလုပ်ငန်း ကောင်းမွန်လာမှုကြောင့် ပုဂံညောင်ဦ...
-
▼
May 31
(60)
-
▼
May
(981)