အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

31 May, 2013

မသဲသဲသော်၏ မျိုးဆက် ဂူးဂူးအား ထောက်ပံ့ငွေ (၅)သိန်း ပေးအပ်

ပြီးခဲ့သည့် လက ဖေ့ဘွတ်ပေါ်တွင် လူသိများခဲ့သည့် မြိတ်မြို့ မှ မသဲသဲသော် ၏ အမေရှာတော်ပုံဖွင့်ခဲ့သည့်သတင်းကို လူအတော်များသိခဲ့ပါ သည်။ ဖေ့ဘွတ်အကောင့် Sky Queen ကို အသုံးပြုခဲ့ပြီး ဘန်ကောက်မြို့တွင်အသတ်ခံခဲ့ရသည့် မသဲသဲသော် ၏ သမီးဖြစ်သူ ဂူဂူး ( ခ) မပန်သာကို အား ထားဝယ်လူငယ် အစည်းအရုံး နှင့် မသဲသဲသော် သူငယ်ချင်းများ (ဘန်ကောက် ) မှ ပညာရေး ထောက်ပံ့ငွေ ကျပ် (၅)သိန်း အား လာရောက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို ထောက်ပံ့ငွေအား မြိတ်မြို့ ၊ မြိတ်တောင် နယ်မြေ အုပ်ချုပ်ရေးမှူးရုံးတွင် ၃၀-၅-၂၀၁၂ ရက်နေ့ နံနက်ပိုင်းတွင် လာရောက်ပေးခဲ့ပြီး ဂူဂူးနှင့် ၄င်း၏ အုပ်ထိန်းသူ ဖြစ်သူ မသဲသဲသော်၏ ယောက္ခမ ဒေါ်အေးသင် အမှတ်(၁၄) နီလာလမ်း၊ ဇေယျာသီရိ (၁) ရပ်ကွက် နေထိုင်သူက ထောက်ပံ့ငွေအား လက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ထားဝယ် လူငယ် အစည်းအရုံး ဒုဥက္ကဌဖြစ်သူ ဦးမင်းအောင်သူနှင့် အဖွဲ့ ၀င်တစ်ဦးတို့ မှ မြိတ်တောင် နယ်မြေအုပ်ချုပ် ရေးမှူး ဦးစိန်မင်းနှင့် တာဝန်ရှိသူများ ရှေ့ မှောက်တွင် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းနှင့် ဓာတ်ပုံ (ကိုဇော်မိုး)
မြိတ်ပုလဲမြေ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...