အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 May, 2014

“အုန်းနို့စက်ရုံအလုပ်သမားများ ဆန္ဒပြ”



ထိုင်းနိုင်ငံ မဟာချိုင်မြို့ အုန်နွဲ့ စိုင်ဟတ်ရပ်ကွက်အတွင်းရှိ အုန်နို့များ ထုတ်လုပ်သော AMPOL FOOD PROCSSING,LTD  မှ ရာချီရှိသည့် မြန်မာ   ရွှေ့ပြောင်းအလုပ်သမား များ လုပ်အားခမရသဖြင့် စုဝေဆန္ဒပြခဲ့ကြသည်။
ယနေ့ဆန္ဒပြအလုပ်သမားများသည်  စက်ရုံ၌ အန္တရာယ်အများဆုံ လုပ်ငန်ခွင်ြ ဖစ် သော အုန်းသီးအခွံခွာ (ကထွက်ဒီယို) မှ အလုပ်သမားများဖြစ်ကြပြီ ၎င်း တို့လုပ်အားခငွေများအပြည့်ဝရရှိစေရန်အတွက် စုဝေဆန္ဒပြကြခြင်းဖြစ်သည်။ ထိုစက်ရုံတွင် လုပ်သက် ၇နှစ်ရှိနေပြီးဖြစ်သော ကိုအောင်ချိုမှ သင်္ကြန်မတိုင် ခင် ကတည်က လုပ်ထားတဲ့

ဒီချုပ်နှင့် ၈၈ တို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး ဟောပြောပွဲ လူထောင်သောင်းချီတက်ရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဦးဆောင်ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ ကို ရန်ကုန်မြို့မှာ ပထမဆုံး ကျင်းပခဲ့ပြီး လူထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။
ဒီကနေ့ မနက်ပိုင်း ဗိုလ်စိန်မှန်ကွင်းမှာ ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲက အသံတွေပဲဖြစ်ပါတယ်။
ဒီပွဲကို ထောင်နဲ့ချီတဲ့ လူထုတွေတက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်

လာအိုဒုတိယ၀န်ကြီးချုပ် လေယာဉ်ပျက်ကျ သေဆုံး

လာအိုဒုတိယ၀န်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဒေါင်ချွိင် ပီချစ် Douangchay Phichit ဟာ မေလ ၁၇ ရက်နေ့ မနက်က လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့တယ်လို့ လာအိုစစ်တပ်က အတည်ပြုပြောဆိုပါတယ်။

Laoဒုတိယ၀န်ကြီးချုပ်နဲ့အဖွဲ့ဟာ AN74-300 စစ်ဖက်လေယာဉ် နဲ့ လာအိုအရှေ့မြောက်ပိုင်း ဇီရန်ကွမ်းခရိုင်မှာ ဖွင့်ပွဲအခမ်းအနားတခုကို တက်ရောက်ဖို့သွားရင်း လေယာဉ်မဆင်းမီ မနက် ၆နာရီခွဲမှာ

ထိုင်းမြောက်ပိုင်း လဝက(၅) မှ ချင်းမိုင် မြို့လယ်တစ်နေရာတွင် မြန်မာအလုပ်သမားများအားဖမ်းဆီး

ရွှေလုပ်သား's photo.
ယမန်နေ့ ၁၇-၀၅-၂၀၁၄ နံနက် ၈း၃၀ လူကုန်ကူးသတင်းအရ ချင်းလိုင်းခရိုင်မယ်ဆိုင်မြို့ဘက်မှ ချင်းမိုင် ဘက်သို့ တိုယိုတာ ဖေါ်ကျွန်နိုး တံခါ (၄) ပေါက်နောက် ပွင့်ကားတစ်စီးပေါ်တွင် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ တင်လာခဲ့သည်။
၎င်းနောက် ချင်းမိုင်မြို့အရောက် ရောင်းမကောင်း၍ ပိတ်ထားသော ကျစ်ခမ်း ကာလာအိုကေ ဆိုင်တစ်ဆိုင်တွင် အလုပ်သမားများကို ထားခဲ့ရာ ထိုင်းလဝက (၅) လျက်တပျက်ဝင်ရောက်စစ်ဆေးရာ ကားမောင်းသမားမှာ ထွက်ပြေး သွားပြိး ကာလာအိုကေ ဆိုင်ထဲတွင် ကျန်နေသော အလုပ်သမားများနှင့်

ရန်ကုန်မြို့ အခြေခံပညာ ကျောင်းအချို့ ဝင်ခွင့် ကျပ် ၁၀ သိန်းနီးပါးအထိ ပေးရကြောင်း သတင်းထွက်ပေါ်

ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ကျောင်းဖွင့်ရာသီ ရန်ကုန်မြို့တော်ရှိ နာမည်ကြီး အခြေခံ ပညာ ကျောင်းအချို့တွင် ကျောင်းဝင်ခွင့်အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် တစ်ဆင့်ခံ ဝန်ဆောင်ပေးသူများကို ကျပ်ငါးသိန်းမှ ၁၀ သိန်းအထိ ပေးရကြောင်း အဆိုပါ ပညာရေး အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။ကျောင်းအပ်နှံစဉ် ကာလတွင် အလှူငွေနှင့် ရန်ပုံငွေ ကောက်ခံခြင်းကို ပညာရေး ဝန်ကြီးဌာနက နှစ်စဉ် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသော်လည်း အချို့ကျောင်းများတွင် ငွေကြေးပေး၍ ကျောင်းအပ်နှံမှုများ

ပြင်ဦးလွင်ရောက် အမှတ်တရများနဲ့ ပြေတီဦး

ပြေတီဦး က “၃၇ မင်း” ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ မီးပွား၊ ချစ်သုဝေ တို့နဲ့ ရိုက်ကူးနေပါတယ်။ ပြင်ဦးလွင်မှာ ဇာတ်ကား ၆ ကား ရိုက်ကူးခဲ့ မှာဖြစ်ပြီး ၃ ကားမြောက် ရိုက်ကူးနေတာ လို့လည်း သိရပါ တယ်။ ပြင်ဦးလွင် ရိုက်ကူးမှုတွေ နဲ့ ပတ်သက်ပြီးလည်း ..
“ဇာတ်ကားကတော့ ဟာသ အဓိက ဦးစားပေးဇာတ်ပါပဲ။ ဒီကားထဲမှာ အစ်ကိုက သတင်းထောက် အနေနဲ့ သရုပ်ဆောင်ရ တာ။ အခု ပြင်ဦးလွင် မှာက ၆ ကား ရိုက်ရမှာ။ ဒီကားက ၃ ကား မြောက်ရိုက်နေ

အနုပညာကို ချစ်တဲ့ စိတ်တစ်ခုတည်း နဲ့ ကြိုးစားနေသူ ရွှေစင်

အနုပညာကို ချစ်တဲ့ စိတ်တစ်ခုတည်း နဲ့ ကြိုးစားနေသူ ရွှေစင်
သရုပ်ဆောင် ရွှေစင် က ဗီဒီယို ရိုက်ကူးရေး တွေကို ခပ်စိပ်စိပ်လေး သရုပ် ဆောင်လာ တာ တွေ့ရပြီး ဓာတ်ပုံတစ်ပုံ ရဲ့အလှတရား ကို မေးကြည့်တော့ ရွှေစင်က “ဓာတ်ပုံ post ဆိုလာရင် အမျိုးမျိုး ရှိတယ်။ ကိုယ်ရိုက်မယ့် နေရာဒေသ အပေါ် မူတည်ပြီး အဝတ်အစား ၊ မိတ်ကပ် အပြင်အဆင်က အ ရေးကြီးတယ် ။


ရွှေစင် ကဓာတ်ပုံ ပြိုင်ပွဲ ကနေ အနုပညာ လောက ကိုဝင်လာတယ် ဆိုတာက လည်း ဓာတ်ပုံ ရိုက်တာကို ဝါသနာပါ လို့ပါ။ ဓာတ်ပုံပြိုင်ပွဲမှာ ဆုရတုန်းကဆိုရင် မျက်ရည်တောင် ကျတယ်။ ဓာတ်ပုံ တစ်ပုံရဲ့

မြန်မာ့ဓါး


222-mib28a
“မြန်မာ့ဓါး” ရှေးခေတ် မြန်မာတို့မှာ ဓါးထုလုပ်ကြရာတွင် စင်ကြယ်လှသော သံကို စနစ်တကျ စပ်၍ ထုလုပ်ကြသည်။ထို့အပြင် ထုလုပ်လိုက်သော ဓါးမှာ အသုံးပြုမည့်ပိုင်ရှင်ကို အကျိုးပေးကောင်းမကောင်းကိုလည်း တွက်ချက်တတ်ကြသည်။ဓါး၏ အရင်းအဖျားကို သတ်မှတ်ပြီးလျှင် အလယ်ဗဟိုမှ တိုင်းထွာရပါသည်။ထိုတိုင်းထွာချက်ကို(၅)ဖြင့်မြှောက်၍(၈)ဖြင့်စားရသည်။ ၁_ကြွင်းလျှင်အိုသည်အထိချမ်းသာမည်။ ၂_ကြွင်းလျှင်၊ထိုဓါးကိုအသုံးမပြုသင့်။

တစ်နေ့လျှင် အမျိုးသား ၇ ဦးအထိဝန်ဆောင်ပေးရသည့် နိုင်င်ငံခြားသူများကို ကယ်တင်ခဲ့


2
ဆင်းရဲလှသောဘ၀မှရုန်းထွက် လျှင် ကောင်းမွန်သောဘ၀ပိုင်ဆိုင်ရလိမ့်မည်ဟူသောစိတ်ကူးဖြင့် ဌာနေကို စွန့်ခွာခဲ့ကြသည်။သို့သော် လက်တွေ့ဘ၀တွင် နိုင်ငံ ခြားသားအမျိုးသမီးဒါဇင်ပေါင်းများစွာသည် ဟိုတယ်အများအပြားတွင် ပြည့်တန်ဆာ အလုပ်လုပ်ရန် ချောက်တွန်းခံရကာ ကံဆိုးမိုးမှောင်ကျခဲ့ကြသည်။ အမျိုးသမီးများသည် တစ်နေ့လျှင် အမျိုးသား ၇ ဦးအထိ ၀န်ဆောင်မှုပေးရကာ စားဝတ်နေရေး အခြေအနေ

ချွေးထုတ်ရင်း အပန်းဖြေမယ်

Photo: ချွေးထုတ်ရင်း အပန်းဖြေမယ်

ဒီတစ်ပတ်ပိတ်ရက်မှာတော့ ကျန်းမာရေးအတွက်လည်း ကောင်း မြန်မာ လူမျိုးတွေအဖို့ တစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံအသစ်တစ်ခု ရင်ခုန်ခံစား နိုင်မယ့် နေရာလေးတစ်ခု ညွှန်ပြလိုပါတယ်။

အဲဒီ နေရာလေးကတော့ မြောက်ဒဂုံမြို့နယ် မ၀တလမ်းဆုံမှာရှိတဲ့ Golden Park ကိုရီးယားချွေးထုတ်ခန်းနဲ့ SPA ပါ။ ချွေးထုတ်ခန်းလို့ဆိုလိုက်တာနဲ့ ကျွန်ုပ်တို့ မြန်မာလူမျိုးတွေက ပြောကြမှာပါ။ ဒီမှာအလိုလိုနေ ရင်းတောင် ချွေးထွက်နေတာ။ ချွေးထုတ်ခန်းသွားပြီးထုတ်စရာ မလိုဘူးလို့။

တကယ်တော့ မတူပါဘူး။ လူတွေကြားထဲ တိုးဝှေ့ရင်း၊ ဘတ်စ်ကားတိုးစီးရင်း ချွေးတွေ ထွက်တာက ပင်ပန်းညောင်းညာ စေပါတယ်။ နည်းစနစ်ကျတဲ့ ချွေးထုတ်ခန်း၊ ချွေးပေါင်းခန်း တွေနဲ့ ချွေးထုတ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ ချွေး ပုပ်တွေထွက်ပြီး တကယ်ကို ပေါ့ပါးလန်းဆန်း၊ အညောင်း အညာ ပြေစေပါတယ်။

Golden Park ချွေးထုတ်ခန်း နဲ့ SPA မှာတော့ ကိုရီးယားနည်း ပညာတွေနဲ့ စနစ်တကျ ပြုလုပ်ထားတဲ့ ချွေးပေါင်းခန်းတွေ၊ ရေပူ ရေအေးကန်တွေ၊ ချွေး ပေါက်ကျယ်မှုတွေကို ပျောက်စေ မယ့် အအေးခန်းတွေကို ကျန်းမာရေးနဲ့ အညီ စီမံဆောင်ရွက်ထား ပါတယ်။

အဲဒီကိုရီးယားချွေးထုတ်ခန်း ကို ရောက်ပြီဆိုတာနဲ့ ကောင်တာမှာ ချွေးထုတ် ခန်းထဲဝင်မယ့် အ၀တ်အစားနဲ့ ကိုယ်ဝတ်လာတဲ့ အ၀တ်တွေကို သိမ်းဆည်း ထားမယ့် သေတ္တာသော့တောင်း ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ရေချိုးအ၀တ် အစားလဲပြီး ချွေး ထုတ်ခန်းထဲကို ၀င်နိုင်ပါပြီ။

အထဲမှာတော့ လူဦးရေ ၄၀၀ ကျော်လောက်ဆံ့တဲ့ ခန်းမကျယ်ကြီးမှာ လွတ်လပ်စွာ နားနိုင်ပြီး အမျိုးအစား လေးမျိုးခွဲထားတဲ့ ချွေးပေါင်းခန်းတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

မြေနီမြေစေးချွေးထုတ်ခန်း၊ ကျောက်မီးသွေးချွေးထုတ်ခန်း၊ ဆားကျောက် ချွေးထုတ်ခန်းနဲ့ ချွေးပေါက် ကျဉ်းလိုသူတွေအတွက် ရေခဲကျောက် အအေး ခန်းတို့ထားရှိပြီး ကြိုက်နှစ်သက်ရာ အခန်းတွေကို ကြိုက်သလို အသုံးပြုနိုင်ပါ တယ်။

ချွေးပေါင်းခန်းထဲကို ၀င် မယ်ဆိုရင်တော့ ၁၀ မိနစ်ခန့် ၀င်ရမှာပါ။ ပြီးရင် ချွေးပေါင်းခန်း အပြင်ဘက် ခန်းမကျယ်ကြီးမှာ နားနားနေနေ နေနိုင်ပါတယ်။

ချွေးထုတ်ခန်းအပြင်ဘက် မှာလည်း နားနားနေနေနေရင်း စားသောက်နိုင်တဲ့ ဘားတစ်ခုနဲ့ စားသောက်ဆိုင်တစ်ခုလည်း ရှိပါတယ်။ ဒါပေမဲ့ စားသောက်စ ရာတွေကို ချွေးထုတ်ခန်း၊ ချွေးပေါင်းခန်းထဲကို ယူပြီးစားလို့ မရပါဘူး။

အခန်းထဲမှာစားလို့၊သောက် လို့ရတာ တစ်ခုပဲ ရှိပါတယ်။ ကြက်ဥပြုတ်နဲ့ ရေပါ။ အဲဒီမှာ ကိုရီးယားကြက်ဥပြုတ်နဲ့ မြန်မာ ကြက်ဥပြုတ်ကို ရောင်းချ ပေးပါတယ်။ ကြက်ဥပြုတ်စားရင်း ချွေးထုတ်ရတဲ့ ကိုရီးယားတွေရဲ့ စတိုင်ကို အပြည့်အ၀ ခံစားရမှာပါ။

ချွေးပေါင်းခန်းထဲ ၀င်လိုက်၊ အပြင်မှာရေသောက်လိုက် အေးအေးဆေးဆေး နားလိုက်နဲ့ အ ဆင်ပြေပြေ သက်သောင့်သက်သာ နားနေနိုင်မှာပါ။ အိပ်စက် နားလိုသူများအတွက်လည်း အိပ်ခန်းတွေ ထားရှိပေးထားပြီး ယောက်ျား၊ မိန်းမ ခွဲပေးထားပါတယ်။

Golden Park ချွေးထုတ်ခန်းကို ၀င်မယ်ဆိုရင် ၀င်ကြေးနှစ်မျိုး ရှိပါတယ်။ ရေချိုးခန်းနဲ့ ရေပူရေအေးကိုသာ သီးသန့်အသုံးပြုတဲ့ဈေးနဲ့ ရေချိုးခန်း၊ ရေပူရေအေး၊ ချွေးပေါင်းခန်းကို တွဲအသုံးပြုတာမျိုးဆိုပြီး နှစ်မျိုးရှိပါတယ်။ တော်တော်များများကတော့ တွဲသုံးကြပါတယ်။

လူကြီးတစ်ဦးလျှင် ၀င်ကြေး ၇၀၀၀၊ ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး ကြိုက်သလောက် နေလို့ရပါတယ်။ ဖွင့်ချိန်ကတော့ မနက် ၆ နာရီကနေ ည ၁၀ နာရီအထိပါ။

ည ၁၀ နာရီနောက်ပိုင်းမှာတော့ ညကြေးယူပါတယ်။ မနက် ၃ နာရီပိတ်သည် အထိ တစ်ညလုံး ၁၀၀၀၀ ကျပ် သတ်မှတ် ပေးထားပါတယ်။

ထူးခြားတာက မိသားစုအလိုက် သွားမယ်ဆိုရင် ကလေးတွေ အတွက်က တော့ ငါးနှစ်အောက် ကလေးငယ်တွေကို အခမဲ့ အသုံးပြုခွင့်ပေးပါတယ်။ ငါး နှစ်ကနေ ရှစ်နှစ်ထဲမှာရှိတဲ့ ကလေးကိုတော့ ကျပ် ၁၀၀၀၊ ၂၀၀၀ သတ်မှတ်ပါ တယ်။

ရှစ်နှစ်နဲ့အထက် ကလေးကိုတော့ ကျပ် ၃၀၀၀၊ ၅၀၀၀ သတ်မှတ်ထားပါ တယ်။

အဓိက ညွှန်ပြချင်တဲ့ အချက်ကတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်၊ ကိုရီးယားနိုင်ငံရဲ့ အငွေ့အသက်ကို ခံစားနိုင်မယ့် နေရာတစ်ခုဖြစ်နေပြီး ဈေးနှုန်းကလည်း သင့်တင့်တာကြောင့် ညွှန်ပြရတာပါ။ အဲဒီနေရာလေးက တကယ်ကို စိတ်ခံစားမှုအသစ် ပေးစွမ်းနိုင်မှာသေချာပါတယ်။

Golden Park မှာ ချွေး ထုတ်ခန်း၊ SPA အပြင် Beauty Salon, Silk Care နဲ့ ကိုရီးယား အလှပြင်ပစ္စည်းတွေ၊ ကိုရီးယား အားကစားပစ္စည်းတွေ၊ ရေခဲ တောင်တက်ပစ္စည်းတွေကို ရောင်းချပေးတဲ့ ဆိုင်တစ်ဆိုင် ရှိတာမို့ အလှလည်း ပြင်ရင်း ဈေးဝယ်လည်း ထွက်လို့ရပါတယ်။

အဲဒီမှာရှိတဲ့ စားသောက် ဆိုင်နဲ့ ဘားမှာလည်း တရုတ်၊ ကိုရီးယား၊ ဥရောပ အစားအ စာများရောင်းချပေးပြီး သောက် စရာအနေနဲ့ ဘီယာစတဲ့ အဖျော် ယမကာတွေကို ရောင်းပေးတဲ့ အတွက် သောက်တတ်သူတွေ အဖို့ အဆင်ပြေ လှပါတယ်။

ဒါကြောင့် ကိုရီးယားလူမျိုးတွေ ကိုယ်တိုင်စနစ်တကျ တည်ဆောက်ထားပြီး ကိုရီးယားနည်း ပညာတွေကိုသာ သုံးထားတဲ့ မြောက်ဒဂုံ မ၀တ လမ်းဆုံအနီး ရှိ ပင်လုံလမ်းမကြီးပေါ်မှာရှိတဲ့ Gol−den Park Spa ကို သွားရောက်ဖို့ ညွှန်ပြ လိုက်ပါတယ်။

ကဲ ဒီတစ်ပတ်ရဲ့ ပိတ်ရက်မှာတော့ မိုးအေးအေးလေးနဲ့ အိမ်မှာနှပ်ပြီး အကြောတက်နေမယ့်အစား ကိုရီးယား ချွေးထုတ်ခန်းသွားပြီး အညောင်း အညာပြေ အိပ်ကောင်းစားကောင်းအောင် လုပ်ဖို့အတွက် တိုက်တွန်းလိုပါ တယ်။

7daydaily
ဒီတစ်ပတ်ပိတ်ရက်မှာတော့ ကျန်းမာရေးအတွက်လည်း ကောင်း မြန်မာ လူမျိုးတွေအဖို့ တစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံအသစ်တစ်ခု ရင်ခုန်ခံစား နိုင်မယ့် နေရာလေးတစ်ခု ညွှန်ပြလိုပါတယ်။
အဲဒီ နေရာလေးကတော့ မြောက်ဒဂုံမြို့နယ် မ၀တလမ်းဆုံမှာရှိတဲ့ Golden Park ကိုရီးယားချွေးထုတ်ခန်းနဲ့ SPA ပါ။ ချွေးထုတ်ခန်းလို့ဆိုလိုက်တာနဲ့ ကျွန်ုပ်တို့ မြန်မာလူမျိုးတွေက ပြောကြမှာပါ။ ဒီမှာအလိုလိုနေ ရင်းတောင် ချွေးထွက်နေတာ။ ချွေးထုတ်ခန်းသွားပြီးထုတ်စရာ မလိုဘူးလို့။
တကယ်တော့ မတူပါဘူး။ လူတွေကြားထဲ တိုးဝှေ့ရင်း၊ ဘတ်စ်ကားတိုးစီးရင်း ချွေးတွေ ထွက်တာက

ဇူးမြတ်ထက်၏ ကားမတော်တဆမှုသတင်းကောလဟာလသာ ဖြစ်ကြောင်း သိရ


Photo: " ဇူးမြတ်ထက်၏ ကားမတော်တဆမှုသတင်း
Saturday, May 17, 2014

ကောလဟာလသာ ဖြစ်ကြောင်း သိရ "
ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ဇူးမြတ်ထက် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် အမှတ် (၁၉၉/၄) တွင် ယာဉ်တိမ်းမှောက်ဆိုသည့် သတင်းထွက်ရှိမှုနဲ့ပတ်သတ်ပြီး ဇူမြတ်ထက်ကို ယနေ့ မနက်ပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာအဆိုပါသတင်းသည် ကောလဟာလသာ
ဖြစ်ကြောင်းပြောပြခဲ့သည်။
အဆိုပါသတင်းထွက်ရှိချိန်တွင် ဇူးမြတ်ထက်သည် အလုပ် ကိစ္စနဲံ.နယ် သို.ရောက်ရှိနေကြောင်းသိရပြီး အဆိုပါသတင်းကို ဇနီးဖြစ်သူ ထက်ထက်မိုးဦးက ဆက်သွယ်ပြောပြမှသိရသည်ဟုပြောပြခဲ့သည်။

သိမ့်သိမ်.
Popular Journal
ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ဇူးမြတ်ထက် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် အမှတ် (၁၉၉/၄) တွင် ယာဉ်တိမ်းမှောက်ဆိုသည့် သတင်းထွက်ရှိမှုနဲ့ပတ်သတ်ပြီး ဇူမြတ်ထက်ကို ယနေ့ မနက်ပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာအဆိုပါသတင်းသည် ကောလဟာလသာ

နာမည်လေးလုံးပိုင်ရှင် မင်းသမီးနဲ့ သတင်းကို ငြင်းလည်းမငြင်း၊ ၀န်လည်း ၀န်မခံသေးတဲ့ ရဲရင့်အောင်

Photo: နာမည်လေးလုံးပိုင်ရှင် မင်းသမီးနဲ့ သတင်းကို ငြင်းလည်းမငြင်း၊ ၀န်လည်း ၀န်မခံသေးတဲ့ ရဲရင့်အောင်
Friday, May 16, 2014

လွမ်းလွန်းလို့ သီချင်းနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာခဲ့တဲ့ ရဲရင့်အောင်ကို ခုလတ်တလော နာမည်လေးလုံးပိုင်ရှင် မင်းသမီးလေးနဲ့ ချစ်နေကြတယ်ဆိုပြီး အသံတွေ ထွက်နေတာမို့ အဲ့ဒီအကြောင်း သူ့ကို မေးကြည့်ဖြစ်တဲ့အခါ “အချစ်ရေးကတော့ လျှို့ဝှက်ရတဲ့ အကြောင်းအရာ တစ်ချို့ကြောင့် လျှို့ဝှက်ထားရတာမျိုးတော့ ရှိတယ်။ ခုလောလောဆယ်ကတော့ ဘယ်အခြေအနေမှ မရောက်ပါဘူး။ အေးအေးဆေးဆေးပါပဲ။ ကျွန်တော်က အချစ်ကြီးတဲ့သူထဲမှာ ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ နွယ်နဲ့ ပတ်သက်တဲ့ စတေးတပ်စ်က ကျွန်တော်အဲ့ဒီသီချင်းလေးကို ကြိုက်လို့၊ ရင်ထဲမှာစွဲနေလို့ တင်လိုက်တာပါ။ ကျွန်တော် ရွေးချယ်မယ့်သူက အဓိက သစ္စာရှိရမယ်။ နားလည်မှုရှိရမယ်။ ဘယ်လောက်ပဲဆိုးဆိုး သစ္စာရှိရင် အဆင်ပြေပါတယ်။ အရင် အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့လဲ အားလုံး နေသား တကျနဲ့ အေးအေးဆေးဆေး ဖြစ် သွားပါပြီ။ ရွေးချယ်ဖြစ်မယ်ဆိုရင်တော့ ဒီလောကထဲကပဲ ဖြစ်ဖြစ်၊ အပြင်ကပဲဖြစ်ဖြစ် ကံပါတဲ့သူဖြစ်မှာပါ”လို့ သူက ဖွင့်ဟခဲ့တာမို့ လက်ရှိ လှုပ်ခတ်နေတဲ့ အချစ်ရေးသတင်းနဲ့ပတ်သတ်ပြီး ရဲရင့်အောင်ဟာ ၀န်လည်းဝန်မခံသလို ငြင်းဆိုခြင်းလဲ မရှိတာကို တွေ့ရပါတယ်။

Trend Myanmar
လွမ်းလွန်းလို့ သီချင်းနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာခဲ့တဲ့ ရဲရင့်အောင်ကို ခုလတ်တလော နာမည်လေးလုံးပိုင်ရှင် မင်းသမီးလေးနဲ့ ချစ်နေကြတယ်ဆိုပြီး အသံတွေ ထွက်နေတာမို့ အဲ့ဒီအကြောင်း သူ့ကို မေးကြည့်ဖြစ်တဲ့အခါ “အချစ်ရေးကတော့ လျှို့ဝှက်ရတဲ့ အကြောင်းအရာ တစ်ချို့ကြောင့် လျှို့ဝှက်ထားရတာမျိုးတော့ ရှိတယ်။ ခုလောလောဆယ်ကတော့ ဘယ်အခြေအနေမှ မရောက်ပါဘူး။ အေးအေးဆေးဆေးပါပဲ။ ကျွန်တော်က အချစ်ကြီးတဲ့သူထဲမှာ ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ

မက်ဆီကို ဘာကာ စာချုပ်သစ် ချုပ်ဆိုတော့မည်

Photo: မက်ဆီကို ဘာကာ စာချုပ်သစ် ချုပ်ဆိုတော့မည်
Friday, May 16, 2014

ဘာစီလိုနာသည် တိုက်စစ်မှူး မက်ဆီကို စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ဘာစီလိုနာအခြေစိုက် အားကစား သတင်းစာတစ်စောင်၏ ထုတ်ဖော်ချက်အရ မက်ဆီနှင့် ဘာစီလိုနာတို့ ချုပ်ဆိုမည့် စာချုပ်သစ်မှာ ၂၀၁၉ခုနှစ်အထိ သက်တမ်းရှိမည်ဖြစ်ပြီး မက်ဆီအနေဖြင့် တစ်နှစ်လုပ်ခ အသားတင် ယူရို သန်း ၂၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။
မက်ဆီမှာ အခွန်ဆောင်ပြီး တစ်နှစ်လုပ်ခ ယူရို သန်း ၂၀ ရရှိမည့်အပြင် စွမ်းဆောင်မှုအလိုက် ဆုကြေးခံစားရမည်ဖြစ်ကာ စာချုပ်သစ် ချုပ်ဆိုပြီးပါက ကမ္ဘာ့လုပ်ခ လစာအများဆုံး ကစားသမားဖြစ်လာမည်ဟု အဆိုပါ သတင်းစာက ဖော်ပြထားသည်။ ဘာစီလိုနာသည် လာမည့်သီတင်းပတ်အတွင်း မက်ဆီကို စာချုပ်သစ်ချုပ်ဆိုမည်ဟု သိရသည်။

@z (ရိုးရာလေး)
ဘာစီလိုနာသည် တိုက်စစ်မှူး မက်ဆီကို စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ဘာစီလိုနာအခြေစိုက် အားကစား သတင်းစာတစ်စောင်၏ ထုတ်ဖော်ချက်အရ မက်ဆီနှင့် ဘာစီလိုနာတို့ ချုပ်ဆိုမည့် စာချုပ်သစ်မှာ ၂၀၁၉ခုနှစ်အထိ သက်တမ်းရှိမည်ဖြစ်ပြီး မက်ဆီအနေဖြင့် တစ်နှစ်လုပ်ခ အသားတင် ယူရို သန်း ၂၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။
မက်ဆီမှာ အခွန်ဆောင်ပြီး တစ်နှစ်လုပ်ခ ယူရို သန်း ၂၀ ရရှိမည့်အပြင် စွမ်းဆောင်မှုအလိုက်

အာရှတွင် ဒုက္ခသည် အများဆုံးနိုင်ငံစာရင်း မြန်မာဒုတိယချိတ်

အာရှတိုက်၏ အိုးအိမ်မဲ့ ပြည်တွင်းဒုက္ခသည် အများဆုံး နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက ဒုတိယနေရာ၌ ရပ်တည်နေ ကြောင်း အိုးအိမ်မဲ့ပြည်တွင်းဒုက္ခ သည်များ စောင့်ကြည့်ရေးဌာန (IDMC)၏ ထုတ်ပြန်ချက်အရ သိရသည်။အာရှဒေသအတွင်း အိုးအိမ် မဲ့ဒုက္ခသည်အများဆုံးရှိနေသော နိုင်ငံအဖြစ် ပါကစ္စတန်နိုင်ငံသည် ဒုက္ခသည် ၇၄၆,၀၀၀ ကျော်ဖြင့်ရပ်တည်နေသည်။ထို့ကြောင့် ဒုက္ခသည် အများဆုံးစာရင်းတွင် ပါကစ္စတန်၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံတို့က

အာဆီယံအနေဖြင့် ရှောင်လွှဲ၍မရသော တောင်တရုတ်ပင်လယ်အရေး

Photo: အာဆီယံအနေဖြင့် ရှောင်လွှဲ၍မရသော တောင်တရုတ်ပင်လယ်အရေး
Saturday, May 17, 2014

မဟာဗျူဟာအရ အလွန်အရေးပါသော တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်-ဗီယက်နမ် အကြားနှင့် တရုတ်-ဖိလစ်ပိုင်အကြား အငြင်းပွားနေမှုများကြောင့် စစ်ဖြစ်ပွားနိုင်ဖွယ် ရှိကြောင်း စိုးရိမ်မှုများ မြင့်တက်လာသည်။ တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တင်းမာမှုများ အလွန်မြင့်မားလာချိန်၌ မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ယူထားပြီး အာဆီယံအဖွဲ့ကို ဦးဆောင်နေရချိန်နှင့် တိုက်ဆိုင်နေသည်။
အငြင်းပွားနေသည့် ရေပိုင်နက်အတွင်း တရုတ်က ရေနံတူးစင်တစ်ခုကို ထားရှိခဲ့ပြီးနောက် ရာစုနှစ် အတန်ကြာအတွင်း အဆိုးရွားဆုံး တရုတ်ဆန့်ကျင်ရေး မငြိမ်သက်မှုများ မေ ၁၅ ရက်က ဗီယက်နမ်တွင် ဖြစ်ပွားခဲ့ရာ တရုတ်အလုပ်သမား နှစ်ဦးသေဆုံးပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ယင်းနောက် မေ ၁၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာတွင် ဖိလစ်ပိုင်နှင့် ဗီယက်နမ် ဆန္ဒပြသူများ ပူးပေါင်းလျက် တရုတ်ဆန့်ကျင်ရေး လမ်းပေါ်ဆန္ဒပြပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။
ယခုနှစ် အာဆီယံထိပ်သီး အစည်းအဝေး၌လည်း တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ ထိရောက်စွာ ဖြေရှင်းနိုင်ရန် သဘောတူညီချက် မရခဲ့ပေ။ တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ တရုတ် သို့မဟုတ် ထိုင်ဝမ်နှင့် အငြင်းပွားမှု၌ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက် လေးနိုင်ငံက တိုက်ရိုက်ပါဝင် ပတ်သက်နေသည်။ ယင်းနိုင်ငံများမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်းနှင့် မလေးရှားတို့ဖြစ်သည်။ အင်ဒိုနီးရှားသည်လည်း ယင်းအငြင်းပွားမှု အတွင်းသို့ ၀င်ရောက်လာဖွယ် ရှိနေသည်။
တရုတ်သည် အာဆီယံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများစွာတို့၏ အကြီးမားဆုံး ကုန်သွယ်ဖက်လည်း ဖြစ်သည်။ ထို့ကြောင့် တောင်တရုတ်ပင်လယ် အရေးတွင် တိုက်ရိုက်ပါဝင် ပတ်သက်ခြင်းမရှိသည့် နိုင်ငံများအနေဖြင့် အငြင်းပွားမှုများ၌ တရုတ်ကို ဆန့်ကျင်ရပ်တည်ရန် မလိုလားကြပေ။ တရုတ်ကလည်း ရေပိုင်နက် အငြင်းပွားမှုများသည် နှစ်ဦးနှစ်ဖက် ဆွေးနွေးရမည့်ကိစ္စသာ ဖြစ်သည်ဟု ပြောကြားထားသည်။ တရုတ်အနေဖြင့် ၎င်းထက်အင်အားများစွာ သေးငယ်သော အိမ်နီးချင်းနိုင်ငံများအပေါ် အလွယ်တကူ သြဇာလွှမ်းမိုးနိုင်မည် ဖြစ်သောကြောင့် တစ်နိုင်ငံချင်း အနေဖြင့်သာ ဖြေရှင်းလိုပြီး အာဆီယံတစ်ဖွဲ့လုံးနှင့် ထိပ်တိုက်မတွေ့လိုပေ။
တောင်တရုတ်ပင်လယ်အရေး ဖြစ်ပေါ်နေချိန်တွင် အမေရိကန်ကလည်း အရှေ့တောင်အာရှဒေသသို့ ပြန်လှည့်ကြည့်လာသည်။ တရုတ်အင်အား ကြီးထွားလာမှုကြောင့် မဟာဗျူဟာအရ စိန်ခေါ်မှုကို ရင်ဆိုင်လာရသော အမေရိကန်သည် သူ၏နိုင်ငံခြားရေး မူဝါဒကို ပြန်လည်ထိန်းညှိရန် ကြိုးပမ်းလာသည်။ ပွင့်လင်းမြင်သာမှု နည်းပါးသော တရုတ်တို့၏ ခြေလှမ်းများကို ကာကွယ်နိုင်ရန်အတွက် အမေရိကန်က အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများကို အားပေးအားမြှောက် ပြုလာသည်။
အရှေ့တောင်အာရှ ဒေသတွင်း၌ ဒေသတွင်းမှမဟုတ်သည့် အင်အားကြီးနှစ်နိုင်ငံက မဟာဗျူဟာအရ လည်းကောင်း၊ စီးပွားရေးအရလည်းကောင်း လာရောက်အားပြိုင်မှုအား မြန်မာနိုင်ငံ ဦးဆောင်သော အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အလွန်ပါးနပ်စွာ ရင်ဆိုင်နိုင်ရန် လိုအပ်နေသည်။ တရုတ် သို့မဟုတ် အမေရိကန် တစ်နိုင်ငံတည်းအပေါ် ပုံအောအားထားရန် မဖြစ်နိုင်သော အနေအထား၌ လှေနံနှစ်ဖက် နင်းနေရသော အာဆီယံသည် မဟာဗျူဟာကို ပါးနပ်စွာထိန်းညှိရန် လိုအပ်ပါကြောင်းနှင့် အထူးသဖြင့် တရုတ်နှင့် တိုက်ရိုက်ရင်ဆိုင်နေရသော တောင်တရုတ်ပင်လယ် အရေး၌ အာဆီယံနိုင်ငံအချင်းချင်း ညီညွတ်စွာဖြင့် ပါးနပ်လိမ္မာစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။
============
၂၀၁၄ မေလ ၁၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Admin
ကို စိန်သန်း
Free Online Radio Media (Malaysia)
မဟာဗျူဟာအရ အလွန်အရေးပါသော တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်-ဗီယက်နမ် အကြားနှင့် တရုတ်-ဖိလစ်ပိုင်အကြား အငြင်းပွားနေမှုများကြောင့် စစ်ဖြစ်ပွားနိုင်ဖွယ် ရှိကြောင်း စိုးရိမ်မှုများ မြင့်တက်လာသည်။ တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တင်းမာမှုများ အလွန်မြင့်မားလာချိန်၌ မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ယူထားပြီး

အရက်နှင့် ဘီယာသောက်သုံးမှု များပြား၍ ယမန်နှစ်ကထက် ဘီယာဂါလန် တစ်သန်းကျော် ပိုထုတ်ထား

Photo: အရက်နှင့် ဘီယာသောက်သုံးမှု များပြား၍ ယမန်နှစ်ကထက် ဘီယာဂါလန် တစ်သန်းကျော် ပိုထုတ်ထား
Saturday, May 17, 2014

၂၀၁၃ ခုနှစ် ဧပြီမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီအထိ ၁၀ လအတွင်း ပြည်တွင်းဘီယာ ထုတ်လုပ်မှုမှာ ဂါလန် ၂၇ သန်းခွဲခန့်ရှိကာ ယခင်တစ်နှစ်လုံး ထုတ်လုပ်မှုထက် ဂါလန်တစ်သန်းကျော် ပိုမိုခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနမှ သိရသည်။
ယခင်နှစ်တစ်နှစ်လုံး ထုတ်လုပ်ခဲ့သည့် ဘီယာပမာဏမှာ ဂါလန် ၂၆ သန်းကျော်ရှိပြီး ၁၀ လအတွင်း ဘီယာထုတ်လုပ်မှုမှာ ဂါလန်ပေါင်း ၂၇ သန်းနီးပါးအထိ ရှိခဲ့ခြင်းကြောင့် ဂါလန်တစ်သန်းကျော် ပိုမိုထုတ်လုပ် ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အရက်နှင့်ဘီယာ သောက်သုံးမှုမြင့်မား လျက်ရှိပြီး နှစ်စဉ်ပြည်တွင်း၌ ထုတ်လုပ်နေသည့် အရက်နှင့်ဘီယာ ဂါလန်ပေါင်း ၂၅၀၀၀၀၀၀ (ဂါလန် ၂၅ သန်း)နှင့် အထက်ရှိကြောင်း သိရသည်။
ဘီယာတစ်မျိုးတည်း ထုတ်လုပ်မှု အနေဖြင့်မူ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဘီယာဂါလန်ပေါင်း သန်း ၂၀နီးပါးအထိ ထုတ်လုပ်ခဲ့ကာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဂါလန်ပေါင်း ၂၆ သန်းအထိ တိုးမြှင့်ထုတ်လုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ၁၀ လအတွင်း ထုတ်လုပ်မှုပင်လျှင် ဂါလန်ပေါင်း ၂၇ သန်းခွဲနီးပါး အထိရှိကြောင်း သိရသည်။
အဆိုပါပမာဏမှာ ပြည်တွင်း၌ ထုတ်လုပ်သည့် ပမာဏဖြစ်ပြီး လစဉ်ထုတ်လုပ်သည့် ဘီယာဂါလန်ပေါင်းမှာ နှစ်သန်းခွဲကျော်မှ သုံးသန်းခွဲကျော် အထိရှိပြီး ပြည်ပမှတင်သွင်း ရောင်းချလျက်ရှိသည့် ဘီယာအမှတ်တံဆိပ် များစွာရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားပိုင်ဘီယာနှင့် အရက်ချက်စက်ရုံများ ရှိသကဲ့သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စု ၀န်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင် အစည်းအဝေးမှ စိစစ်ခွင့်ပြုချက်များအရ ယခုအခါ နိုင်ငံသား ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်မည့် ဘီယာကုမ္ပဏီများပါ ၀င်ရောက်လာပြီဖြစ်သည်။
အရက်၊ ဘီယာနှင့် ၀ိုင်အမျိုးမျိုးပေါ်တွင် အခွန်စည်းကြပ် ကောက်ခံရာတွင် ပြည်ပမှ တင်သွင်းသည့် ကုန်စည်ဖြစ်လျှင် ကုန်းပေါ်ရောက် တန်ဖိုးပေါ်တွင်လည်းကောင်း၊ နိုင်ငံတော်အတွင်း ထုတ်လုပ်သော ကုန်စည်ဖြစ်လျှင် ရောင်းရငွေပေါ်တွင် လည်းကောင်း ကောက်ခံမည့် အခွန်နှုန်းထားမှာ ၅၀ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group
၂၀၁၃ ခုနှစ် ဧပြီမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီအထိ ၁၀ လအတွင်း ပြည်တွင်းဘီယာ ထုတ်လုပ်မှုမှာ ဂါလန် ၂၇ သန်းခွဲခန့်ရှိကာ ယခင်တစ်နှစ်လုံး ထုတ်လုပ်မှုထက် ဂါလန်တစ်သန်းကျော် ပိုမိုခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနမှ သိရသည်။
ယခင်နှစ်တစ်နှစ်လုံး ထုတ်လုပ်ခဲ့သည့် ဘီယာပမာဏမှာ ဂါလန် ၂၆ သန်းကျော်ရှိပြီး ၁၀ လအတွင်း ဘီယာထုတ်လုပ်မှုမှာ ဂါလန်ပေါင်း ၂၇ သန်းနီးပါးအထိ ရှိခဲ့ခြင်းကြောင့် ဂါလန်တစ်သန်းကျော်

ယခုနှစ် ဇန်န၀ါရီမှ ဧပြီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လိုင်စင်မဲ့ဆိုင်ကယ် ၃၀၀ ကျော် ဖမ်းဆီးရမိ

Photo: ယခုနှစ် ဇန်န၀ါရီမှ ဧပြီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လိုင်စင်မဲ့ဆိုင်ကယ် ၃၀၀ ကျော် ဖမ်းဆီးရမိ
Saturday, May 17, 2014

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဆိုင်ကယ်စီးနင်းခွင့်အား ကန့်သတ်ထားသော်လည်း လိုင်စင်မဲ့ဆိုင်ကယ် ၃၀၀ ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖမ်းဆီးရမိခဲ့သည့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၃၄၉ စီးအား ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလ အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့် မပြုထားသော်လည်း စီးနင်းသူများကို တွေ့ရှိနေရပြီး ညပိုင်းများတွင် ပိုမိုစီးနင်းနေကြကြောင်း သိရသည်။
“ရန်ကုန်တိုင်းဒေသကြီးမှာ မြို့နယ်အလိုက် လိုင်စင်မဲ့ဆိုင်ကယ်တွေ ဖမ်းဆီးဖို့ အဖွဲ့တွေ ဖွဲ့စည်းထားတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ အဓိကလုပ်ငန်းတွေ မရှိရင်တော့ ဖမ်းဆီးမှုတွေ လုပ်ဖြစ်ပါတယ်။ စီးနင်းခွင့်မပြုတဲ့ စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာလည်း တရားမ၀င် စီးနင်းနေတာတွေ ရှိနေတယ်။ အခုဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေ အများစုကတော့ စီးနင်းခွင့်မြို့နယ်တွေထဲက ဖြစ်ပါတယ်” ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။
လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးရန် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ပြည်တွင်း၌ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ၁၀၂ စီး၊ ဖေဖော်ဝါရီတွင် ၇၅ စီး၊ မတ်တွင် ၁၀၄ စီးနှင့် ဧပြီတွင် ၇၄ စီး စုစုပေါင်း ၃၅၅ စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် သြဂုတ်အထိ ယာဉ်တိုက်မှု ဖြစ်စဉ်များတွင် သေဆုံးသူဦးရေ ၈၅၇၄ ဦးရှိခဲ့ပြီး ယင်းအနက် ၄၂၈၇ ဦးမှာ ဆိုင်ကယ်စီးနင်း သူများဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရန်ကုန်မြို့စည်ပင်သာယာ နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုထားသည့် ဌာနများမှာ စည်ပင်၊ ယာဉ်ထိန်း၊ သံရုံး၊ စာပို့၊ လျှပ်စစ် စသည့်ဝန်ထမ်းများ ဖြစ်ကြောင်း သိရသည်။

Eleven Media Group
ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဆိုင်ကယ်စီးနင်းခွင့်အား ကန့်သတ်ထားသော်လည်း လိုင်စင်မဲ့ဆိုင်ကယ် ၃၀၀ ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖမ်းဆီးရမိခဲ့သည့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၃၄၉ စီးအား ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလ အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့် မပြုထားသော်လည်း စီးနင်းသူများကို တွေ့ရှိနေရပြီး

“ကြိုးတုတ်ရိုက်သည့်ပွဲစားကိုဖမ်း၊ လူကုန်ကူးခံရသူ၃ဦးကိုကယ်တင်”


“ကြိုးတုတ်ရိုက်သည့်ပွဲစားကိုဖမ်း၊ လူကုန်ကူးခံရသူ၃ဦးကိုကယ်တင်”

၂၀၁၄ ခု မေလ ၁၂ ရက် မင်းဘခက်

ဘန်ကောက်မြို့အနီး နကပထုန်နယ်မြေ အုန်းယိုင်Big C ကုန်တိုက်အနီး ခစ်စဖန်၅လမ်း တွင်ရှိသော ရေခဲအရောင်းဆိုင်တွင် အဓမ္မလုပ်အားခိုင်းစေပြီး ကြိုးတုတ်၍ရိုက်နှက်သည့်မြန်မာပွဲစားအားဖမ်းဆီးကာ လူကုန်ကူးခံနေရသည့် မြန်မာအလုပ်သမား၃ဦးတို့အား ပူးပေါင်းအဖွဲ့တို့က ယနေ့ကယ်တင်နိုင် လိုက်သည်။

မွန်ပြည်နယ်၊ သိမ်ဇရပ်မှ အသက်၂၀အရွယ် မျိုးမင်းအောင်၊ အသက် ၁၉နှစ်အရွယ် ဝေဇင်ထက် နှင့် အသက်၁၈နှစ်အရွယ် ကျော်ဇင်ထိုက် တို့သုံးဦး တို့အား တစ်ဦးလျှင် ဘတ်ငွေ ၈,၅၀၀ သာပေးဆပ်ရမည် ဟုဆိုကာ ပွဲစား ချစ်ပိုလင်း ဆိုသူက ယောက္ခမ ဖြစ်သူ ဒေါ်ဌေးဌေး အား တစ်ရပ်ကွက်တည်း နေထိုင်ကြသည့် အဆိုပါ ကလေး၃ဦးနှင့်အတူ အခြားကလေး၃ဦး(စုစုပေါင်း ၆ဦး) တို့အား ထိုင်းနိုင်ငံအတွင်းသို့ ခေါ်ယူခဲ့သည်ဟု အလုပ်သမားများကပြော သည်။

၂လခွဲကျော်ကြာ အလုပ်လုပ်နေ စဉ်ကာလအတွင်း နေ့စဉ် နံနက် ၄နာ ရီမှ အိပ်ရာထရကြသည်။ ပွဲစားနှိုး၍ ချက်ချင်းအိပ်ရာမှ မထပါက အိမ်သာ ထဲမှ ရေခပ်၍ မျက်နှာများကိုလောင်း ၍ နှိုးသည်။ နံနက်စာ တစ်စုံတစ်ခု မစားရပဲ တောက်လျှောက် ရေခဲကြိတ်ခွဲ၊ သယ်/ပို့အလုပ်လုပ်ခဲ့ရပြီး မွန်းလွဲ ၁နာရီတွင်မှနံနက်ထမင်းစားရသည်။ ညနေ၇နာရီကျော်အလုပ်သိမ်းပြီးနောက်
ပိုင်းမှ ညနေစာထမင်းစားကြရသည်ဟု အလုပ်သမားများကဆိုသည်။ မူလက အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၈,၅၀၀ ပေးရမည်ဟုပြောဆို၍ ခေါ်ယူခဲ့ သော်လည်း လမ်းစရိတ် ဘတ်ငွေ၂၅,၀၀၀ ပေးရမည်ဟုပွဲစားက ပြောဆို
ထားကြောင်း အလုပ်သမားများက ပြောသည်။

ပြီးခဲ့သည့် မေလ ၈ ရက်စနေနေ့ညနေ က မျိုးအောင် ဆိုသည့်အလုပ် သမားငယ်တစ်ဦးက ပွဲစား ချစ်ပိုလင်း နှိပ်စက် မှုကို မခံနိုင်တော့သဖြင့် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ MAT သို့ ဆက်သွယ်အကူ ညီတောင်းခံလာခဲ့သည်။ MAT အဖွဲ့က ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် ညှိနှိုင်း၍ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ် ဖွဲ့AHTD နှင့်အတူ သွားရောက်ကယ် ထုတ်ပြီးေ နာက် နကပထုန် လ၀ကရုံးတွင် လိုအပ်သည့် စစ်ဆေး ချက်များကိုယူခဲ့ကြ သည်။ ယနေ့တွင် တရားရုံးမှဖမ်းဝရမ်းရရှိပြီး နေ့လည်ပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့ သည်။

ပွဲစား ချစ်ပိုလင်း သည် အသက် ၁၉ နှစ်အရွယ် ဝေဇင်ထက် အား ဘယ်လက်ကောက်ဝတ်အား ပြူတင်းပေါက်တွင်ကြိုးချည်ပြီး ယာလက်ေ ကာက်ဝတ်ကို ၀ရံတာတွင် ကြိုးစည်းအောင်ချည်နှောင်းပြီး ဓါတ်ကြိုးဖြင့် ရိုက်နှက်ခြင်း နံစောင်းအား ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ မျက်နှာအား လက်သီးဖြင့် ထိုးနှက် နှိပ်စက်သဖြင့် ဒဏ်ရာများရရှိခဲ့သည်။

ဝေဇင်ထက် က “ ကျနော်ခုထိ စကားမပြောနိုင်ဘူး။ လက်တွေလည်း နာနေတယ်။ ဘာကိုင်လို့မှမတွေ့ဘူး ဖြစ်နေတယ်။ ဘေးစပ်ကလည်းအောင့်
နေပါတယ်။ ကျနော့်ကို မြန်မြန်ပြန်ပို့ပေးပါခင်ဗျာ” ဟု ငိုပြောချာသည်။
ပွဲစားသည် အခြား၂ဦး ကိုလည်း လက်သီးဖြင့် ထိုးဖူးေ ကြာင်း အချိုရည် ပုလင်းများဖြင့် မကြာမကြာ ပစ်ပေါက်လေ့ရှိ
ကြောင်း ထမင်းကျွေးလျှင်လည်း မြိုဆို့ ဟူ၍ အယုတ္တ အနတ္တ ဆဲ ဆိုကြောင်း အလုပ် သမားများ က ပြောသည်။

အဓမ္မခိုင်းစေ ခံခဲ့ရသူ၃ဦး တို့အား မြို့နယ် အလုပ် သမား ဌာနမှ ၇၅ ရက်စာ လုပ်အားခ အတွက် စားစရိတ်နုတ်ပြီး ရှင်းေ ပးခဲ့ပြီး သက်သေထွက်ဆိုရန် အ တွက် ပထုံဌာနီ ကယ်ဆယ်ရေး စခန်းထဲသို့ပို့ဆောင်လိုက်သည်။ အကြမ်းဖက်ရိုက်နှက်သည့် ပွဲစားကိုမူ၊ ညှင်းပမ်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေမှုနှင့် လူကုန်ကူးမှု တို့ဖြင့် ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း AHTD ကပြောသည်။

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က" ထိုင်းအကျိုးစီးပွားအတွက်
လုပ်ပေးတဲ့ ပွဲစားတွေကို ထိုင်းလုပ်ငန်းရှင်က အပြည့်အ၀ကာကွယ်ပေးတယ်
ထိုင်းဥပဒေကလည်း လူကုန်ကူးတဲ့သူတို့ အဓမ္မခိုင်းစေသူတို့နဲ့အကြမ်းဖက်သူ
တွေကို အရေးယူဆောင်ရွက်ဖို့ ဥပဒေက ပျော့တယ်။ ကျနော်တို့နဲ့အတူ မြန်မာ
အစိုးရကလည်း ပူးပေါင်းဆောင်ရွက်မှုမရှိတော့ ကျနော်တို့ အလုပ်လုပ်ရတာ
အတော်ပဲ ခက်ခဲပင်ပန်းပါတယ်” ဟုပြောသည်။
 

ဘန်ကောက်မြို့အနီး နကပထုန်နယ်မြေ အုန်းယိုင်Big C ကုန်တိုက်အနီး ခစ်စဖန်၅လမ်း တွင်ရှိသော ရေခဲအရောင်းဆိုင်တွင် အဓမ္မလုပ်အားခိုင်းစေပြီး ကြိုးတုတ်၍ရိုက်နှက်သည့်မြန်မာပွဲစားအားဖမ်းဆီးကာ လူကုန်ကူးခံနေရသည့် မြန်မာအလုပ်သမား၃ဦးတို့အား ပူးပေါင်းအဖွဲ့တို့က ယနေ့ကယ်တင်နိုင် လိုက်သည်။
မွန်ပြည်နယ်၊ သိမ်ဇရပ်မှ အသက်၂၀အရွယ် မျိုးမင်းအောင်၊ အသက် ၁၉နှစ်အရွယ် ဝေဇင်ထက် နှင့် အသက်၁၈နှစ်အရွယ် ကျော်ဇင်ထိုက်

ပုဒ်မ ၄၃၆သည် တပ်မတော် သားများကို အထူး အခွင့်အရေး ပေးသည့် ပုဒ်မဟု ဒေါ်အောင်ဆန်း စုကြည် ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆သည် တပ်မတော်သားများကို အထူးအခွင့်အရေး ပေးထားသည် ပုဒ်မဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၇ရက် နံနက်က ရန်ကုန်မြို့ တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...