ယမန်နေ့ ၁၇-၀၅-၂၀၁၄ နံနက် ၈း၃၀ လူကုန်ကူးသတင်းအရ
ချင်းလိုင်းခရိုင်မယ်ဆိုင်မြို့ဘက်မှ ချင်းမိုင် ဘက်သို့ တိုယိုတာ
ဖေါ်ကျွန်နိုး တံခါ (၄) ပေါက်နောက် ပွင့်ကားတစ်စီးပေါ်တွင်
ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ တင်လာခဲ့သည်။
၎င်းနောက် ချင်းမိုင်မြို့အရောက် ရောင်းမကောင်း၍ ပိတ်ထားသော ကျစ်ခမ်း
ကာလာအိုကေ ဆိုင်တစ်ဆိုင်တွင် အလုပ်သမားများကို ထားခဲ့ရာ ထိုင်းလဝက (၅)
လျက်တပျက်ဝင်ရောက်စစ်ဆေးရာ ကားမောင်းသမားမှာ ထွက်ပြေး သွားပြိး ကာလာအိုကေ
ဆိုင်ထဲတွင် ကျန်နေသော အလုပ်သမားများနှင့်
ဆိုင်ရှင်ကို စစ်ဆေးရာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၃၇ ယောက် မိန်းခလေး (၁၁) ယောက် ခလေး ( ၁) ယောက် ကျား၂၅ ယောက် ဖြစ်ကြသည်.။
ဆက်လက်စစ်ဆေးရာ ထိုအလုပ်သမားများ၏ ထွက်ဆိုချက်အရ တစ်ယောက်လျင် ခရီးစရိတ်နှင့် အလုပ်ရဘို့အတွက် တစ်ယောက်လျင် ဘတ်ငွေ ၃၀၀၀၀(သုံးသောင်းဘတ်) နှင့် ၅၀၀၀၀(ငါးသောင်းဘတ်)ကြာ ပေးဆောင်ခဲ့ရကြောင်းထွက်ဆိုခဲ့ကြသည်။
တိုက်အမှတ် ၂၅၇/၂၂၄ တိုက်ပိုင်ရှင် နိင်ဘွန်လို့ ချာဝနီချာကွန်း အသက် ၅၁ နှစ်အား ဥပဒေအရ ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာသော မည်သည့်အထောက်ထာမှ မရှိသော အလုပ်သမားများကို မဖမ်းမိစေရန် အကာကွယ်ပေးမှု နှင့် တရားစွဲဆိုထားကြောင်း ဖမ်းဆီးရမိသော အလုပ်သမားများကို နယ်စပ်သို့ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း လူကုန်ဂိုဏ်ကို ထပ်၍ ဖမ်းနိုင်ရန်အတွက် ဆက်လက်ဖေါ်ထုတ်သွားမည်ပာု ထိုင်းရတ် သတင်း စာတွင်ရေးသားဖေါ်ပြထားသည်။