အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 May, 2014

နာမည်လေးလုံးပိုင်ရှင် မင်းသမီးနဲ့ သတင်းကို ငြင်းလည်းမငြင်း၊ ၀န်လည်း ၀န်မခံသေးတဲ့ ရဲရင့်အောင်

Photo: နာမည်လေးလုံးပိုင်ရှင် မင်းသမီးနဲ့ သတင်းကို ငြင်းလည်းမငြင်း၊ ၀န်လည်း ၀န်မခံသေးတဲ့ ရဲရင့်အောင်
Friday, May 16, 2014

လွမ်းလွန်းလို့ သီချင်းနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာခဲ့တဲ့ ရဲရင့်အောင်ကို ခုလတ်တလော နာမည်လေးလုံးပိုင်ရှင် မင်းသမီးလေးနဲ့ ချစ်နေကြတယ်ဆိုပြီး အသံတွေ ထွက်နေတာမို့ အဲ့ဒီအကြောင်း သူ့ကို မေးကြည့်ဖြစ်တဲ့အခါ “အချစ်ရေးကတော့ လျှို့ဝှက်ရတဲ့ အကြောင်းအရာ တစ်ချို့ကြောင့် လျှို့ဝှက်ထားရတာမျိုးတော့ ရှိတယ်။ ခုလောလောဆယ်ကတော့ ဘယ်အခြေအနေမှ မရောက်ပါဘူး။ အေးအေးဆေးဆေးပါပဲ။ ကျွန်တော်က အချစ်ကြီးတဲ့သူထဲမှာ ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ နွယ်နဲ့ ပတ်သက်တဲ့ စတေးတပ်စ်က ကျွန်တော်အဲ့ဒီသီချင်းလေးကို ကြိုက်လို့၊ ရင်ထဲမှာစွဲနေလို့ တင်လိုက်တာပါ။ ကျွန်တော် ရွေးချယ်မယ့်သူက အဓိက သစ္စာရှိရမယ်။ နားလည်မှုရှိရမယ်။ ဘယ်လောက်ပဲဆိုးဆိုး သစ္စာရှိရင် အဆင်ပြေပါတယ်။ အရင် အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့လဲ အားလုံး နေသား တကျနဲ့ အေးအေးဆေးဆေး ဖြစ် သွားပါပြီ။ ရွေးချယ်ဖြစ်မယ်ဆိုရင်တော့ ဒီလောကထဲကပဲ ဖြစ်ဖြစ်၊ အပြင်ကပဲဖြစ်ဖြစ် ကံပါတဲ့သူဖြစ်မှာပါ”လို့ သူက ဖွင့်ဟခဲ့တာမို့ လက်ရှိ လှုပ်ခတ်နေတဲ့ အချစ်ရေးသတင်းနဲ့ပတ်သတ်ပြီး ရဲရင့်အောင်ဟာ ၀န်လည်းဝန်မခံသလို ငြင်းဆိုခြင်းလဲ မရှိတာကို တွေ့ရပါတယ်။

Trend Myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...