အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊
17 May, 2014
“အုန်းနို့စက်ရုံအလုပ်သမားများ ဆန္ဒပြ”
ထိုင်းနိုင်ငံ မဟာချိုင်မြို့ အုန်နွဲ့ စိုင်ဟတ်ရပ်ကွက်အတွင်းရှိ အုန်နို့များ ထုတ်လုပ်သော AMPOL FOOD PROCSSING,LTD  မှ ရာချီရှိသည့် မြန်မာ   ရွှေ့ပြောင်းအလုပ်သမား များ လုပ်အားခမရသဖြင့် စုဝေဆန္ဒပြခဲ့ကြသည်။
ယနေ့ဆန္ဒပြအလုပ်သမားများသည်  စက်ရုံ၌ အန္တရာယ်အများဆုံ လုပ်ငန်ခွင်ြ ဖစ် သော အုန်းသီးအခွံခွာ (ကထွက်ဒီယို) မှ အလုပ်သမားများဖြစ်ကြပြီ ၎င်း တို့လုပ်အားခငွေများအပြည့်ဝရရှိစေရန်အတွက် စုဝေဆန္ဒပြကြခြင်းဖြစ်သည်။ ထိုစက်ရုံတွင် လုပ်သက် ၇နှစ်ရှိနေပြီးဖြစ်သော ကိုအောင်ချိုမှ သင်္ကြန်မတိုင် ခင် ကတည်က လုပ်ထားတဲ့ လုပ်အားခတွေနဲ့၎လပိုင်းအတွင်း လုပ်ကိုင်ထား တဲ့ လုပ်အားခတွေ အပြည့်အ၀မရတာကြောင့် ဆန္ဒပြကြ တာပါ။ အမှန်တ ကယ် ကျနော်တို့အလုပ်သမားတွေရမယ့်ငွေက ဘတ် တစ်သောင်သုံးထောင် လောက် ရရှိမှာဖြစ်ပေမယ့် တစ်ယောက်ကို ဘတ်ငွေ ၃၀၀ ရတဲ့သူနဲ့ဘတ်ငွေ ၆၀၀ ရတဲ့သူရနဲ့ဖြစ်နေလို့ ဆန္ဒပြကြတာပါ” ဟုပြော သည်။
                သွားရောက်ညှိနှုင်းကြရာတွင် မဟာချိုင်အခြေစိုက် အလုပ်သမား များ အခွင့်အရေးကွန်ယက်၊ LPN , OPLIFTING GROUP FOR NATIONAL MORALE, MAT ရုံးခွဲနှင့် ရတ်ထိုင်းဖေါင်ဒေးရှင်း မှ စုဝေးဖြေရှင်းပေး ကြခြင်ြး ဖစ် သည်။
ယနေ့ညနေတွင် အလုပ်သမားများ၏  လုပ်အားခအားရှင်းပေမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့ကြောင်း သွားရောက် ဖြေရှင်းခဲ့ကြသူများကပြောသည်။
အလုပ်ရုံတွင် ထိုင်း၊ ကမ္ဘောဒီယားနှင့် မြန်မာအလုပ် သမားပေါင်း ခြောက်ရာ  ခန့်ရှိသည့်အနက် မြန်မာလေး ရာဝန်းကျင်ခန့်ရှိသည်။ ထိုင်းနှင့်ကမ္ဘောဒီး အလုပ်သမားတို့လုပ်အားခအပြည့်အ၀မရရှိသည်ကိုသွား ရောက် ပြောဆိုလျှင် ချက်ချင်း ထုတ်ပေးသော်လည်း မြန်မာအလုပ်သမားများအား အကြောင်းအမျိုး မျိုးပြ၍ ရွှေ့ဆိုင်းခဲ့သည်ဟု အလုပ်သမားများကပြောသည်။
စောမောင်၊ မဟာချိုင်
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
Related Posts Plugin for WordPress, Blogger...