ဘရာဇီးလ်နိုင်ငံမှ ဆယ်ကျော်သက် လူငယ် တစ်ဦးသည် လက်ဖြင့် လိင်စိတ်ဖြေဖျောက်မှု လွန်ကဲရာမှ အသက်ဆုံးရှုံးသွားကြောင်း သိရသည်။၎င်းသည် ပြီးခဲ့သည့်လက တစ်ညအတွင်း လိင်စိတ်ဖြေမှု အကြိမ် ၄၀ မျှ
ပြုလုပ်ခဲ့သည်ဟု ယူဆရကြောင်း ဆရာဝန်များက ခန့်မှန်းခဲ့သည်။
ရလဒ်အနေနှင့် နောက်တစ်နေ့ မနက်လင်းချိန်တွင် အသက် ၁၆ နှစ်အရွယ်
လူငယ်၏ အလောင်းကို မိခင်ြ ဖစ်သူက အိပ်ခန်းထဲတွင်
ရှာဖွေ
တွေ့ရှိခဲ့သည်။ မိခင်က သူမသည် သားဖြစ်သူ၏ လွန်ကဲသော အခြေအနေကို သိရှိနေသဖြင့်
လိင်စွဲလန်းမှု ကုထုံးတစ်ရပ် ခံယူနိုင်စေရန် စီစဉ်နေသော်လည်း
နောက်ကျသွားပြီဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ ထိုလူငယ်၏ အတန်းဖော်များက
၎င်းသည် လိင်စိတ်လှုံ့ဆော်မှု ပြင်းပြလွန်းပြီး အမျိုးသမီးများကို
ပုံသဏ္ဍန်မရွေး၊ အရွယ်မရွေး တောင့်တနေတတ်ကြောင်း
ပြောကြားခဲ့သည်။
၎င်းသည် မိမိလက်ဖြင့် လိင်စိတ်ဖြေနေခြင်းကို Webcamမှတဆင့် ကြည့်ရှုရန်
အတန်းဖော်များကို ဖိတ်ခေါ်တတ်သေးကြောင်းလည်း သိရသည်။ ၎င်း၏ အခန်းထဲတွင်
အပြာမဂ္ဂဇင်းစာအုပ် အများအပြားကို ရဲများက တွေ့ရှိခဲ့သည်။
ထို့အပြင် လိင်စိတ်လှုံ့ဆော်သော ရုပ်ပုံများနှင့်
ညစ်ညမ်းဗီဒီယိုများကိုလည်း ကွန်ပျူတာအတွင်း တွေ့ရှိခဲ့ရကြောင်း
သိရှိရသည်။
FWD Mail