အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

21 May, 2014

" ကမ္ဘာကျော်ဘောလုံးသမား မက်ဆီ မြန်မာပြည်လာမည် "

Myanmar Online News's photo.
ကမ္ဘာကျော်ဘောလုံးသမား မက်ဆီ မြန်မာနိင်ငံသို့ လာရောက် မည်ဖြစ် ကြောင်း ၎င်းအား သံတမန်အဖြစ် ခန့်အပ်ထားသည့် Ooredoo ဆက်သွယ် ရေးကုမ္ပဏီက အတည်ပြုခဲ့သည်။
''သူ မြန်မာနိုင်ငံကိုလာမယ်ဆိုတာကတော့ သေချာပါတယ်။မက်ဆီ ထောင်ထားတဲ့ ဖောင်ဒေးရှင်းက
လည်းရှိတော့ ကျွန်မတို့ ကုမ္ပဏီအနေနဲ့ သူ့ ကို ချိတ်ဆက်သွားမှာပါ။
ဒါပေမဲ့ သူဘယ်တော့လာမလဲဆိုတာကတော့ မသိရသေးပါဘူး''ဟု Ooredoo Myanmar မှ သတင်းပြန်ကြားရေးတာဝန်ခံ မသီရိကြာညိုက ပြောသည်။
မက်ဆီသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပါက ၎င်းထူထောင်ထား သည့် ဖောင်ဒေးရှင်းအရ မြန်မာကလေးများနှင့်တွေ့ဆုံသွားမည်
ဖြစ်ကြောင်း၊ ယင်းအပြင် Ooredoo ၏ ရွေ့လျားဆေးကုသရေး အစီအစဉ်တွင် ပူးပေါင်းပါဝင်သွားမည် ဖြစ်ကြောင်း သိရပြီး ဆောင်ရွက်မှုအစီအစဉ်နှင့်ပတ်သက်၍ ကုမ္ပဏီ
အနေဖြင့် မကြာမီသတင်းများထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

''မက်ဆီဘက်က ဒီခရီးစဉ်နဲ့ပတ်သက်ပြီးတော့ အသေးစိတ် မထုတ်ပြန်သေးတဲ့အတွက် ကျွန်မတို့ ဘက်ကအတိ အကျမပြောနိုင်သေးတာပါ။ သူ့ဘက် ကသေချာတာနဲ့
ဒီဘက်က လုပ်စရာရှိတဲ့အစီအစဉ်တွေ လုပ်ပေးသွားမှာပါ ''ဟု
၎င်းက ဆက်ပြောသည်။
Ooredoo ကုမ္ပဏီသည် ကာတာနိုင်ငံတွင် ပြုလုပ်ခဲ့သ ည့် ရွေ့လျား ဆေးကုသရေး အစီအစဉ်တွင် လီယွန်နယ် မက်ဆီဖောင်ဒေးရှင်းနှင့် နှစ်ဦးနှစ်ဖက် ပူးပေါင်း ရန်သဘောတူ ညီမှုရရှိခဲ့ ကြောင်း၊ အဆိုပါ သဘောတူညီချက်ကြောင့် မက်ဆီ သည် မြန်မာနိုင်ငံအပါ အဝင် တူနီးရှားနှင့် အယ်လ်ဂျီးရီးယား
နိုင်ငံများကိုသွားရောက်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ တရားဝင်ဝက်ဘ်ဆိုက်မှ သိရသည်။
Ooredoo ဆက်သွယ်ရေးကုမ္ပဏီသည် လီယွန်နယ်မက်ဆီကို ၂ဝ၁၃ ဖေဖော်ဝါရီလတွင် ၎င်းတို့၏ အမှတ်တံဆိပ်ကိုယ်စားပြု သံတမန်အဖြစ်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
အာဂျင်တီးနားဖွား စပိန်ကလပ်ဘာစီလိုနာအသင်း တိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် လက်ရှိတွင် ဘာစီလိုနာအသင်းနှင့် လာလီဂါ အမှတ်ပေးရာသီကို ဖြတ်သန်းပြီးနောက် ဘရာဇီးနိုင်ငံတွင်ကျင်းပတော့မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မိခင်နိုင်ငံအသင်းနှင့် ပူးပေါင်းလျက်ရှိကြောင်း သိရသည်။

အောင်ဇော်
Popular Myanmar News Journal
4

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...