အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

21 May, 2014

ဗီယက်နမ်မှ တရုတ် နိုင်ငံသား ၁၀၀၀ ခန့်ကို သင်္ဘောဖြင့် ပြန်လည် ခေါ်ယူ

Photo: ဗီယက်နမ်မှ တရုတ် နိုင်ငံသား ၁၀၀၀ ခန့်ကို သင်္ဘောဖြင့် ပြန်လည် ခေါ်ယူ
Tuesday, May 20, 2014

တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြင်းထန် နေသည့် ဗီယက်နမ်မှ တရုတ် နိုင်ငံသား (၁၀၀၀) ခန့်အား တရုတ်ပိုင် ခရီးသည်တင် သင်္ဘော တစ်စင်းက တနင်္လာနေ့ တွင် ပြန်လည် ခေါ်ယူခဲ့ပြီး ကျန်ရှိသော တရုတ် နိုင်ငံသား များအား သယ်ယူ ရွှေ့ပြောင်း ပေးရန် နောက်ထပ် သင်္ဘော သုံးစင်းသည် လည်း ထွက်ခွာ လာနေပြီ ဖြစ်ကြောင်း သိရသည်။

ခရီးသည် တင်သင်္ဘော ၀ူကျိရှန်း သည် ဗီယက်နမ် နိုင်ငံ အလယ်ပိုင်းရှိ ဗန်အန်းဆိပ် ကမ်းမှ တရုတ် နိုင်ငံသား (၉၈၉) ဦးကို သယ်ဆောင်ပြီး ထွက်ခွာ လာနေပြီ ဖြစ်ကြောင်း တရုတ် နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာန က ဖော်ပြ ခဲ့သည်။ ၀ူကျိရှန်း သည် ဗီယက်နမ်ရှိ တရုတ် နိုင်ငံသား များအား ပြန်လည် ခေါ်ယူရန် တာဝန် ပေးခြင်း ခံရသည့် သင်္ဘော လေးစင်း အနက် ပထမဆုံး သင်္ဘောသာ ဖြစ်ကြောင်း သတင်း ဌာနက ဖော်ပြခဲ့သည်။

ဗီယက်နမ် နှင့် ပိုင်ဆိုင်မှု အငြင်းပွား နေသည့် တောင်တရုတ် ပင်လယ် အတွင်းရှိ ရေပြင်တွင် တရုတ်က ရေနံတူးစင် တစ်ခုချ ထားခဲ့ပြီး နောက် ဗီယက်နမ် တွင် တရုတ် ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့သည်။ လွန်ခဲ့သော အပတ်တွင် ဗီယက်နမ်ရှိ နိုင်ငံခြားသား ပိုင်စက်ရုံများ အား ဆန္ဒပြသူများ က မီးတင်ရှို့ မှုကြောင့် တရုတ် နိုင်ငံသား နှစ်ဦး သေဆုံးပြီး လူ (၁၄၀) ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။ ဗီယက်နမ် ရှိ တရုတ် နိုင်ငံသား (၃၀၀၀) ကျော်သည် လေကြောင်းနှင့် ရေကြောင်း ခရီးစဉ် များဖြင့် မိခင်နိုင်ငံသို့ ပြန်လာ ခဲ့ပြီး ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန ကဖော်ပြ ခဲ့သည်။

ဗီယက်နမ် အာဏာပိုင်များ သည် အကြမ်းဖက် ဆန္ဒပြမှုများ အား တနင်္ဂနွေနေ့ တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ အသုံးပြုပြီး နှိမ်နင်း ခဲ့ကာ အကြမ်းဖက်မှု ကျူးလွန်သူ (၃၀၀) ကျော်အား ဖမ်းဆီး ခဲ့သည်။ ဗီယက်နမ် အာဏာပိုင်များ သည် ဟနွိုင်းရှိ တရုတ် သံရုံးနား တစ်ဝိုက်နှင့် အဓိက နေရာများ တွင် ၀င်ရောက် သွားလာခွင့် ပိတ်ဆို့ ထားပြီး လုံခြုံရေးကို တင်းကြပ် ခဲ့သောကြောင့် တနင်္လာနေ့ တွင် ဟနွိုင်း၌ ဆန္ဒပြသူများ ကို မြင်တွေ့ရခြင်း မရှိခဲ့ချေ။

Messenger News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...