အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 July, 2014

အမြန်လမ်းတွင် ကီလို (၈၀)ထက် ပိုမမောင်းရဟု ညွှန်ကြားချက် ထုတ်ပြန်ရန် စီစဉ်နေ

အမြန်လမ်းကို အသုံးပြု သွားလာနေသော ယာဉ်များကို ကီလို ( ၈၀) ထက်ပို မမောင်းရဟု ညွှန်ကြားချက် ထုတ်ပြန်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေ၀င်း က ပြောသည်။ ကီလို(၈၀)နဲ့ ကျွန်တော်တို့ တင်ပြထားတယ်။ ကျွန်တော်တို့ က အမိန့်ထုတ်လို့ မရဘူး။ ဒါကြောင့် တင်ပြထားတယ်။ ကျွန်တော် ထင်တယ်။ ရထား ပို့ဆောင်ရေးက ထွက်လာမလား၊ ဆောက်လုပ်ရေးက ထွက်လာမလား ဆိုတာ။ ပြည်ထဲရေး ကတော့ အဲဒီအမိန့် ထွက်လာမှာ မဟုတ်ဘူး။ ကျွန်တော်တို့က

မဟာချိုင်တွင် အလုပ်သမား ထောင်နှင့်ချီ မှတ်ပုံတင်

ထိုင်းစစ်ကောင်စီ အစိုးရက တရားမ၀င် အလုပ်သမားများ မှတ်ပုံတင်ပေးရေး အစီအစဉ်ကို စမွတ်စခွန် ခရိုင် မဟာချိုင်မြို့မှာ ဒီကနေ့ စတင် ဆောင်ရွက်ပေးနေပြီး ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ လာရောက်မှတ်ပုံ တင်နေကြပါတယ်။
အိမ်နီးချင်း မြန်မာ ၊ လော နဲ့ ကမ္ဘောဒီးယား သုံးနိုင်ငံက တရားမ၀င်အလုပ် သမားတွေ ကို တရားဝင် အထောက် အထားတွေ ထုတ်ပေးမယ်လို့ ထိုင်းအမျိုး သားငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကောင်စီက

မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း ကြက်မြစ်တွေ ဖမ်းမိ

 မြဝတီ နယ်စပ်ကနေ ရန်ကုန်မြို့တော်သို့ တင်သွားလာတဲ့ မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း၊ ကြက်မြစ်တွေကို ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းနိုင်ငံကနေ မြဝတီ၊ မော်လမြိုင်၊ ရန်ကုန်မြို့တော်သို့ အဆင့်ဆင့် သယ်ယူလာတဲ့ အဲဒီ ကြက်သည်း၊ ကြက်မြစ်တွေကို ညောင်ခါးရှည် မိုဘိုင်းတင်းမ်အဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင်

တပ်မတော်မှဗိုလ်ကြီးဆိုသူမှ တာဝန်ထမ်းဆောင်နေသူ ယာဉ်ထိန်းရဲအား ဆဲဆိုစော်ကားမှုဖြစ်ပွား

(၃၀-၆-၂၀၁၄) ည (၇း၄၄) မိနစ် မန္တလေးမြို. ၃၅ လမ်း၊ လမ်း(၈၀)ဒေါင့်တွင် ရှေ.မှာ ဗင်ကားတစ်စီးအား နောက်မှ မတ်တူးကား တစ်စင်းမှ ၀င်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လာရောက် စစ်ဆေးသည့် ယာဉ်ထိန်းရဲကို တပ်မတော်မှ ဗိုလ်ကြီးဆိုသူ တစ်ဦးမှ လူအများရှေ.တွင် ဆဲဆိုစော်ကားမှု တစ်ခုဖြစ်ပွားခဲ့ပါသည်။
ထိုသို. အော်ဟစ် ဆဲဆိုနေသူမှာ သူကိုယ်သူ ဗိုလ်ကြီးနိုင်လင်းဝင်း ဟု ပြောဆိုလျက်

ဦးဆန်းဆင့် ပြစ်မှုမှ ကင်းလွတ်ရေး ဧရာဝတီတိုင်းသားများ ဆန္ဒထုတ်ဖော်ပွဲ လမ်းမကြီးမှ ဖြတ်သန်းခွင့်မပြု

Photo: ဦးဆန်းဆင့် ပြစ်မှုမှ ကင်းလွတ်ရေး ဧရာဝတီတိုင်းသားများ ဆန္ဒထုတ်ဖော်ပွဲ လမ်းမကြီးမှ ဖြတ်သန်းခွင့်မပြု
Tuesday, July 1, 2014

သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်ကို ဖမ်းဆီးအရေးယူပြီး ရာထူးမှ အနားပေးလိုက်၍ ပြစ်မှုမှ ကင်းလွတ်ခွင့်ပြုရေးအတွက် ဧရာဝတီတိုင်း 
သားများက ဇူလိုင်လ ၁ရက် နံနက်က ပုသိမ်မြို့တွင်း လှည့်လည်ဆန္ဒထုတ်ဖော်ရာ ပုသိမ်မြို့ရှိ အဓိကလမ်းမကြီးဖြစ်သည့် မဟာဗန္ဓုလလမ်းမှ ဖြတ်သန်းသွားခွင့်မပြုဘဲ 
လူနေရပ်ကွက်များထဲမှ လမ်းသွယ်များမှသာ ဖြတ်သွားခွင့် ပြုခဲ့သည်။

ဆန္ဒထုတ်ဖော်ရာတွင် လှည့်လည်ဆန္ဒထုတ်ဖော်မည့် လမ်းကြောင်းကို ဆန္ဒပြသူများ စိတ်ကြိုက် သွားခွင့်မရဘဲ အာဏာပိုင်များက ချပေးသည့် လမ်းကြောင်းကသာ
သွားရခြင်း ဖြစ်သည်။

ဦးဆန်းဆင့်အား ဖမ်းဆီးကာ၊ ရာထူးမှရပ်နားခြင်းအတွက် ဆန္ဒထုတ်ဖော်ပွဲကို လူ ၁၀၀၀ခွင့်ပြုမိန့်ရထားသော်လည်း လူ၈၀သာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ဆန္ဒဖော်ထုတ်ပွဲ့ကို လူ့အခွင့်အရေး ကာကွယ်စောင့်ကြည့် မြှင့်တင်ရေးကွန်ယက်က ဦးဆောင်ကာ ဧရာဝတီတိုင်းအတွင်းရှိ ငပုတော၊ ကျုံပျော်၊ သာပေါင်းနှင့် 
ပုသိမ်မြို့မှ ဧရာဝတီတိုင်းသား ၈၀က နံနက် ၁၀နာရီတွင် ပုသိမ်မြို့ ကံသာယာဘောလုံးကွင်းအတွင်းရှိ ပြည်သူ့ဟစ်တိုင်တွင် ဆန္ဒထုတ်ဖော်ကြပြီး နံနက် 
၁၁နာရီတွင် မြို့တွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။

ဆန္ဒဖော်ထုတ်သူများက "ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ပြစ်မှုမှ ကင်းလွတ်ခွင့်ပြုရေး" "ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်း မခံရဘဲ အချုပ်အနှောင်မှ ကင်းလွတ်ရေး" 
"အမှန်တကယ် လာဘ်ပေးလာဘ်ယူမှု ကျူးလွန်သူများအား အရေးယူခွင့် ရရှိရေး" "အမှန်တကယ် ကျူးလွန်သည်ဆိုပါက ပွင့်လင်းမြင်သာစွာ ပြည်သူလူထုအား ထုတ်ပြန်ပေးရေး" 
စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။ 

ပုသိမ်မြို့အတွင်းရှိ လမ်းသွယ်များကြားတွင် ရဲနှစ်ဦးခန့်စီ လုံခြုံရေး ယူထားသည်ကိုလည်း တွေ့ရသည်။ 

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဇွန်လ ၁၉ရက် နေ့လည်က အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ 
ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရမည်းသင်းထောင်၌ ဖမ်းဆီးချုပ်နှောင်ထားသည်။

ပုံစာ- ပုသိမ်မြို့ ကံသာယာဘောလုံးကွင်းအတွင်းရှိ ပြည်သူ့ဟစ်တိုင်ရှေ့တွင် ဦးဆန်းဆင့်အား ပြစ်မှုမှ ကင်းလွတ်ခွင့်ပြုရေး ဆန္ဒဖော်ထုတ်နေသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ၊ရာမည)
Mizzima - News in Burmese
သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်ကို ဖမ်းဆီးအရေးယူပြီး ရာထူးမှ အနားပေးလိုက်၍ ပြစ်မှုမှ ကင်းလွတ်ခွင့်ပြုရေးအတွက် ဧရာဝတီတိုင်း
သားများက ဇူလိုင်လ ၁ရက် နံနက်က ပုသိမ်မြို့တွင်း လှည့်လည်ဆန္ဒထုတ်ဖော်ရာ ပုသိမ်မြို့ရှိ အဓိကလမ်းမကြီးဖြစ်သည့် မဟာဗန္ဓုလလမ်းမှ ဖြတ်သန်းသွားခွင့်မပြုဘဲ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...