အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 July, 2014

တပ်မတော်မှဗိုလ်ကြီးဆိုသူမှ တာဝန်ထမ်းဆောင်နေသူ ယာဉ်ထိန်းရဲအား ဆဲဆိုစော်ကားမှုဖြစ်ပွား

(၃၀-၆-၂၀၁၄) ည (၇း၄၄) မိနစ် မန္တလေးမြို. ၃၅ လမ်း၊ လမ်း(၈၀)ဒေါင့်တွင် ရှေ.မှာ ဗင်ကားတစ်စီးအား နောက်မှ မတ်တူးကား တစ်စင်းမှ ၀င်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လာရောက် စစ်ဆေးသည့် ယာဉ်ထိန်းရဲကို တပ်မတော်မှ ဗိုလ်ကြီးဆိုသူ တစ်ဦးမှ လူအများရှေ.တွင် ဆဲဆိုစော်ကားမှု တစ်ခုဖြစ်ပွားခဲ့ပါသည်။
ထိုသို. အော်ဟစ် ဆဲဆိုနေသူမှာ သူကိုယ်သူ ဗိုလ်ကြီးနိုင်လင်းဝင်း ဟု ပြောဆိုလျက်
လ ပ ခ ( အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ) ၊အမြောက်တပ်မှဟု လည်းပြောဆိုကြောင်း သိရပါသည်။ ထိုသူသည် နောက်မှဝင်ရောက် တိုက်သောကားမောင်းသူ ဖြစ်ကြောင်းလည်း သိရပါသည်။

အရက်သေစာမူးယစ်နေပြီး ၄င်းမှ "ရဲတွေ အဆင့် မရှိဘူး။ ရဲတွေ ငွေပေးရင်ရတယ်၊ မင်းတို့  အဆင့် နဲ့ ငါ့ကို ပြောလို့ မရဘူး၊ ငါ့ ရှေ့ နေ နဲ့ ပြောဟုဆိုကာ တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲကို လက်ညိုးငေါက်ငေါက်ထိုးပြောဆိုနေခဲ့ကြောင်း မျက်မြင်သက်သေများမှ ပြောဆိုပါသည်။

ထိုဖြစ်စဉ်နှင့်စပ်လျဉ်းပြီး မျက်မြင်သက်သေတစ်ဦးမှ" တပ်မတော်မှ တာဝန်ရှိ လူကြီးများ ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံး မပုပ်စေချင်ရင် ယခုလို တာဝန်ထမ်းဆောင်နေသူ ယာဉ်ထိန်းရဲ
တစ်ယောက်အပေါ် လူအများရှေ.တွင် ဆဲဆိုစော်ကားနေမှုမျိုးအား ထိထိရောက်ရောက် အရေးယူသင့်ကြောင်း" ဝေဖန်ပြောဆိုခဲ့ ကြောင်းသတင်းရရှိပါသည်။

သတင်းဓါတ်ပုံ- အရည်ကြို ( မန္တလေးမြို. )

Tomorrow

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...