အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

14 May, 2014

မျောက်မင်းစွန်းဝူခုံး သရုပ်ဆောင် မြန်မာနိုင်ငံလာမည်

Photo: မျောက်မင်းစွန်းဝူခုံး သရုပ်ဆောင် မြန်မာနိုင်ငံလာမည်

မန္တလေး၊ မေ ၁၃

ပြည်တွင်း၌ တရုတ်ရုပ်သံ ဇာတ်လမ်းတွဲများ ခေတ်စားစအချိန်တွင် နာမည်ကျော် လူကြိုက်များခဲ့သော အနောက်အရပ်သို့ ခရီးသွားခြင်း (Journey to the West) ဇာတ်လမ်းတွဲ၌ တရုတ် ဘုန်းတော်ကြီး တစ်ပါးနှင့်အတူ အိန္ဒိယနိုင်ငံသို့ ပိဋကတ်သုံးပုံ ပင့်ဆောင်သည့် ဇာတ်ဝင်ခန်းများတွင် မျောက်မင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည့် စွန်းဝူခုံးခေါ် (မစ္စတာ လူချင်ဟိုလင်းတန်) သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

ယင်းသို့ မန္တလေးမြို့တော်သို့ လာရောက် လည်ပတ်မည့် Journey to the West ဇာတ်ကားတွင် မျောက်မင်းအဖြစ် သရုပ်ဆောင်ခဲ့သည့် စွန်းဝူခုံးသည် မေလ ၂၁ ရက်နေ့တွင် ရန်ကုန် မြို့တော်သို့ ရောက်ရှိလာမည် ဖြစ်ပြီး ရန်ကုန်ရှိ ယဉ်ကျေးမှုတက္ကသိုလ်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဗဟိုအမှုဆောင်များနှင့် တွေ့ဆုံပြီး နိုင်ငံတော်အဆင့် အကြီးအကဲများကို တွေ့ဆုံ ဂါရဝပြုနိုင်ရန် နေပြည်တော်သို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

နေပြည်တော်မှအပြန် မန္တလေးမြို့တော်သို့ လာရောက်ပြီး တိုင်းဒေသကြီးအဆင့်ရှိ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းနှင့် တွေ့ဆုံ ဆွေးနွေးမည့်အပြင် မိဘမဲ့ကျောင်းများနှင့် ပရဟိတ လုပ်ငန်းများကို ငွေလှူဒါန်းပြီး ၎င်းပါဝင် သရုပ်ဆောင်ခဲ့သည့် Journey to the West ဇာတ်လမ်းတွဲပါ အခန်းလိုက် သရုပ်ဆောင်ချက် ပုံစံတူများကို မန္တလေးမြို့လူထုသို့ ပြသမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“စွန်ဝူခုံးက လှူမယ့် အစီအစဉ်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြဖို့အတွက် ဆောင်ရွက်နေတယ်” ဟု ၎င်းကဆိုသည်။

မန္တလေးမြို့ပေါ်ရှိ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် မိဘမဲ့ ပရဟိတဂေဟာများ၊ လူမှုရေး အဖွဲ့အစည်းများကို ဝူခုံးအဖြစ် သရုပ်ဆောင်သူက လာရောက် လှူဒါန်းမည့် အစီအစဉ်များကို မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းက မေ ၁၃ ရက်နေ့အထိ ဆက်သွယ် ပြောကြားထားခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

“တရုတ်သရုပ်ဆောင်တွေ လှူနိုင်တာဟာ သူတို့ရဲ့ ရုပ်ရှင်ကားတွေက ကမ္ဘာကျော်ပြီး ဝင်ငွေကောင်းလို့ပါ။ မြန်မာရုပ်ရှင်မင်းသား၊ မင်းသမီး တချို့လောက်ပဲ ပရဟိတ လူမှုရေးလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်နေတာ ရှိတယ်။ ဒါကလဲ အနည်းစုပါ” ဟု မန္တလေးမြို့ခံ သတင်းစာဆရာ ညီစေမင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ပြသခဲ့သည့် Journey to the West ဇာတ်ကားများသည် ထန်မင်းဆက် လက်ထက်တွင် ရေးသားထားခဲ့သည့် သမိုင်းဆိုင်ရာဝတ္တုကို တရုတ်ဒါရိုက်တာများက ဆီလျော်အောင် ပြန်လည် ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်လမ်းဖြစ်ပြီး ယင်းဇာတ်လမ်းတွင် ပိဋကတ်သုံးပုံကို အိန္ဒိယနိုင်ငံသို့ သွားပင့်သည့် ဘုန်းကြီးသည် တရုတ်သမိုင်းတွင် တကယ်ရှိပြီး ဘုန်းကြီးနှင့်အတူ တွဲဖက် သရုပ်ဆောင်ခဲ့သည့် စွန်းဝူခုံး မျောက်ဇာတ်ကောင်သည် အိန္ဒိယ ဇာတ်တော်တွင်ရှိသည့် ရာမနှင့်လက္ခဏ ဇာတ်လမ်းပါ ဟာနုမာန်မျောက် အကြောင်းကို အတုယူကာ ဒါရိုက်တာက စွန်းဝူခုံးကို ထည့်သွင်း၍ သရုပ်ဆောင်စေခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော်ရှိ တရုတ်စကားပြော သင်တန်းကျောင်း ကျောင်းအုပ် ဒေါက်တာဆက်တီက ပြောကြားသည်။

မန္တလေးသို့ လာရောက် လည်ပတ်မည့် စွန်းဝူခုံး သရုပ်ဆောင် မစ္စတာလူချင်ဟိုလင်းတန်သည် အမေရိကန်၊ ဥရောပ၊ သြစတြေးလျ၊ အာရှတိုက်ရှိ နိုင်ငံများစွာတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် စံမီသော ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ငွေကြေး ထည့်ဝင်လှူဒါန်းနေသော သူတစ်ဦးဖြစ်ကာ မန္တလေးမြို့တော်သို့ မေလ ၂၄ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းထံမှ စုံစမ်းသိရှိရသည်။

Credit To :The Voice Weekly
ပြည်တွင်း၌ တရုတ်ရုပ်သံ ဇာတ်လမ်းတွဲများ ခေတ်စားစအချိန်တွင် နာမည်ကျော် လူကြိုက်များခဲ့သော အနောက်အရပ်သို့ ခရီးသွားခြင်း (Journey to the West) ဇာတ်လမ်းတွဲ၌ တရုတ် ဘုန်းတော်ကြီး တစ်ပါးနှင့်အတူ အိန္ဒိယနိုင်ငံသို့ ပိဋကတ်သုံးပုံ ပင့်ဆောင်သည့် ဇာတ်ဝင်ခန်းများတွင် မျောက်မင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည့် စွန်းဝူခုံးခေါ် (မစ္စတာ လူချင်ဟိုလင်းတန်) သည် မြန်မာနိုင်ငံသို့ လာရောက်

နွေရာသီမှာ အပူဒဏ်ခံနိုင်အောင် လက်ဖက်ရည်ကြမ်းသောက်ပါ

Photo: နွေရာသီမှာ အပူဒဏ်ခံနိုင်အောင် လက်ဖက်ရည်ကြမ်းသောက်ပါ
-------------------------------------------------------------------------

ယခုလို ပူပြင်းတဲ့ နွေရာရာသီမှာ အပူဒဏ်ကို ကာကွယ်နိုင်ရန် လက်ဖက်ရည်ကြမ်းကို များများသောက်ပေးသင့်ပါတယ်။

လက်ဖက်ခြောက်ထဲမှာပါဝင်တဲ့ ဓါတ်ပေါင်း၊ ဓါတ်တိုးတစ်မျိုးဟာ လူတွေရဲ့ ကျန်းမာရေးကို များစွာအထောက်အကူပြုပေးနိုင်ပါတယ်။ လက်ဖက်ရည်ဟာ အင်ဆူလင်ရဲ့အာနိသင်ကို ၁၅%ရာခိုင်နှုံးအထိ တိုးမြင့်ပေးနိုင်တာမို့ ကင်ဆာရောဂါအမျိုးမျို၊နှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ မိန်းကလေးများအတွက် အသားအရေလှပခြင်းကိုလည်း ဖြစ်စေပါတယ်။

ယခုဆိုလျှင် အာရှနိုင်ငံများဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ်၊ ဟောာင်ကောင်၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ မှ ထုတ်လုပ်သော ဆေးဝါးများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများမှာ လက်ဖက်ဟာ များစွာပါဝင်နေပါပြီ။ လက်ဖက်ဟာ လူ့ ကျန်းမာရေးအတွက် ရာခိုင်နှုန်းများစွာ ထောက်ပံ့ပေးနိုင်သည့်အတွက်ကြောင့် ဖြစ်ပါတယ်။

လက်ဖက်ရည်ကို ဘယ်လိုသောက်ရမလဲ ?

လက်ဖက်ခြောက်ကို ရေနွေးဆူဆူပွက်ပွက်ထဲကို ၃ မိနစ်မှ ၅ မိနစ်အထိ နှပ်ထားလိုက်ပါ။ အပူကြိုက်လျှင် အပူသောက်နိုင်ပါတယ်။ အအေးသောက်လိုလျှင် အအေးခံထားပြီး သောက်နိုင်ပါတယ်။

ဝန်ထမ်းသမားများ၊ ရုံသမားများ၊ အလုပ်သမားများလည်း အအေးခံထားသည့် လက်ဖက်ရည်ကြမ်းကို ဗူးထဲထည့်သွားပြီး တစ်နေ့လုံး ရေဆာသည့်အခါတိုင်း သောက်နိုင်ပါတယ်။

လက်ဖက်ရည်ထဲမှာပါဝင်တဲ့ ဓါတ်များးဟာ အပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်အပြင် လူရဲ့ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။

သတိပြုရန်
-----------
၁။ ဆူပွက်တဲ့ ရေနွေးထဲမှာ အနည်းဆုံး ၃ မိနစ်မှ ၅ မိနစ်ခန့် အထိ နှပ်ထားမှသာလျှင် အကျိုးအာနိသင်ရှိမည်။

၂။ (၂၄) နာရီထက်ကျော်လွန်ပြီးသော ရက်ကျော်လက်ဖက်ရည်ကို မသောက်သင့်ပါ။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: What are the health benefits of green tea?

ကျန်းမာရေးသတင်းများ
www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751
ယခုလို ပူပြင်းတဲ့ နွေရာရာသီမှာ အပူဒဏ်ကို ကာကွယ်နိုင်ရန် လက်ဖက်ရည်ကြမ်းကို များများသောက်ပေးသင့်ပါတယ်။လက်ဖက်ခြောက်ထဲမှာပါဝင်တဲ့ ဓါတ်ပေါင်း၊ ဓါတ်တိုးတစ်မျိုးဟာ လူတွေရဲ့ ကျန်းမာရေးကို များစွာအထောက်အကူပြုပေးနိုင်ပါတယ်။ လက်ဖက်ရည်ဟာ အင်ဆူလင်ရဲ့အာနိသင်ကို ၁၅%ရာခိုင်နှုံးအထိ တိုးမြင့်ပေးနိုင်တာမို့ ကင်ဆာရောဂါအမျိုးမျို၊နှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ ကိုလည်း

ကျောက်တည်သူများ ကျောက်ကြေစေမည့် သဘာဝဆေးနည်း

Photo: ကျောက်တည်သူများ ကျောက်ကြေစေမည့် သဘာဝဆေးနည်း
---------------------------------------------------------------------

ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ ကျောက်ကပ်တို့မှာ ကျောက်တည်နေလျှင် သဘာဝနည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။ 

၁။ အုန်းသီးနုနု တစ်လုံးကို ခူးလိုက်ပါ။ (အောက်ကို ပြုတ်မကျစေရပါ)

၂။ အုန်းသီးထိပ်ပိုင်းလေးကို ဖြတ်ပြီး လှော်ထားသည့် ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်ပြီး ထည့်စိမ်ထားလိုက်ပါ။ 

၃။ တစ်နာရီခန့် စိမ်ထားပြီးလျှင် ၄င်းအုန်းစိမ်းရည်ကို သောက်ပေးနိုင်ပါတယ်။ 

၎။ မနက်အိပ်ယာထခါစမှာ သောက်ရေ မတ်ခွက်အပြည့်ဖြင့် တစ်ခွက် သောက်ပေးပါ။ 

ဆီးများများ သွားလိုက်လျှင် ကျောက်များကြေ၍ ကျသွားပါလိမ့်မည်။ တစ်ပတ်ကို တစ်ကြိမ်သောက်ပေးနိုင်ပြီး ၃ ပတ်ခန့်ဆိုလျှင် သက်သာပျောက်ကင်းသွားပါလိမ့်မည်။ 

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ မြန်မာ့ဆေးကျမ်း၊ ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ
www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751
ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ ကျောက်ကပ်တို့မှာ ကျောက်တည်နေလျှင် သဘာဝနည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။

၁။ အုန်းသီးနုနု တစ်လုံးကို ခူးလိုက်ပါ။ (အောက်ကို ပြုတ်မကျစေရပါ)

၂။ အုန်းသီးထိပ်ပိုင်းလေးကို ဖြတ်ပြီး လှော်ထားသည့် ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်ပြီး

ရာဇာမင်းကား မှောက်ပြီးနောက် ရန်ကုန်-နေပြည်တော် အမြန်လမ်း တိုးချဲ့ရန် အစိုးရ ဆုံးဖြတ်


ရာဇာမင်း, ရန်ကုန်-နေပြည်တော် အမြန်လမ်း, ကားတိုက်မှု, ကားမှောက်မှု, အဝေးပြေး
မတော်တဆမှု မကြာခဏ ဖြစ်နေသည့် ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး မြင်ကွင်း
 ခရီးသည် ၁၄ ဦးသေဆုံးစေခဲ့သော ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ရန်ကုန်-နေပြည်တော် အမြန်လမ်းဧရိယာ တိုးချဲ့သွားရန် အစိုးရက ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ပြည်ထဲရေးဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အပါအဝင်

အဲယားကွန်းမ၀ယ်နိုင်သူများအတွက်မီတာလည်း သက်သာအေးလည်းအေးတဲ့အဲယားကွန်းလုပ်နည်း



 
အခုလိုပူအိုက်သောရာသီမှာအဲယားကွန်းမ၀ယ်နိုင်သူများအတွက်မီတာလည်းသက်သာအေးလည်းအေးတဲ့
အဲယားကွန်းလုပ်
နည်းလေးကိုတင်ပြေလိုက်ရပါတယ်။

မိမိအသားပြုမည့်လျှပ်စစ်ပန်ကာအရွယ်အစားနှင့်ကိုက်ညီသည့်ဖေါ့ ပုံးတခုကိုရှာပါ။
အဖုံးအလယ်တည့်တည့်နေရာကိုပန်ကာတင်နိုင်လောက်အောင်ဖေါ့သားကိုလှီးထုတ်ပါ။

အမြန်လမ်းပေါ်မှ အကျွတ်အလွတ်ပွဲ

 ‘‘ကျွန်တော် ကျွန်မတို့ ကျွေးမွေးတဲ့ အစားအစာများကိုလည်း သိသိသာသာ အားရပါးရ လာရောက်ယူငင်စားသုံး ကြပါရန် ရိုသေလေးမြတ်စွာဖြင့် ပန်ကြား အပ်ပါတယ်ခင်ဗျာ’’
မေလ ၁၀ ရက် ည ၁၀ နာရီကျော်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၆ မိုင် လမ်းဘေး၌ ယာယီတည်ဆောက်ထားသည့် မဏ္ဍပ်အတွင်းမှ ထွက်ပေါ်လာသော ဖိတ်ကြားသံ။ ထပ်တလဲလဲခေါ်ယူနေသည့် ထိုအသံက မလှမ်းမကမ်းရှိ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းအတွင်း

သင့်ကလေး ဘယ်ကျောင်းမှာထားမလဲ.....

အခြေခံပညာကျောင်းများ ဖွင့်လှစ်မည့်အချိန် နီးကပ်လာသည်နှင့်အမျှ ကျောင်းသားမိဘများတွင် ကိုယ်စီပူပန်မှုများ မြင့်တက်လာသည်။ ငွေကြေးတတ်နိုင်သော မိဘများအကြား မိမိရင်သွေးကို အစိုးရကျောင်းအပ်မည်လား၊ ကိုယ်ပိုင်ကျောင်းတက်စေမည်လား၊ အင်တာနေရှင်နယ်ကျောင်းထားမည်လား ဒွိဟစိတ်များဖြင့် ဗျာများနေကြသလို အခြေခံလူတန်းစားများအတွက်

ဖြိုဖျက်ခံရသည့် လယ်တီသိမ်နှင့်စေတီတော်ကို ကျော်ရွာနှင့် မျက်နှာချင်းဆိုင်နေရာတွင် တည်မည်

Photo: ဖြိုဖျက်ခံရသည့် လယ်တီသိမ်နှင့်စေတီတော်ကို ကျော်ရွာနှင့် မျက်နှာချင်းဆိုင်နေရာတွင် တည်မည်
Wednesday, May 14, 2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း သွတ်သွင်း ခံထားရသည့် လယ်တီဆရာတော်ဘုရားကြီး သိမ်တော်နှင့်စေတီတော်ကို အပြီးတိုင်ဖြိုဖျက် ပြီးဖြစ်ရာ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း၊ ကျော်ရွာ နှင့် မျက်နှာချင်းဆိုင်နေရာတွင် တည်ဆောက် မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
''သိမ်တော်နဲ့စေတီတော်ကို ဧပြီ ၂၈ ရက်ကစဖျက်တယ်။ အဲဒီနေ့ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က စဖျက်တယ်။ အဲဒီအ ချိန်မှာ လေမိုးကျလို့ ဖျက်တာရပ်နားတယ်။ ဧပြီ ၂၉ ရက်မှာ သိမ်ရော၊ စေတီပါအပြီးဖြို ဖျက်ခံရတယ်။ စက်ကြီးတွေနဲ့ ဖျက်တာဆို တော့ အလွယ်တကူနဲ့ပြီးသွားတာပေါ့။ ဒေ သခံပြည်သူတွေကို အသိပေးခြင်းမရှိတာ၊ လက်ပံတောင်းတောင်ကော်မရှင် အစီရင်ခံ စာကို အလေးမထားဘဲ ဆောင်ရွက်တာတွေ မို့ ဒေသခံပြည်သူတွေအနေနဲ့ လုံးဝကျေနပ် မှုမရှိဘူး''ဟု တုံကျေးရွာမှ အမည်မဖော်လို သူရွာသားတစ်ဦးက ပြောသည်။

သိမ်နှင့်စေတီတော် ဖျက်ဆီးရာ တွင်ပါဝင်သည့် အလုပ်သမားများနှင့် မိုး ဇော်ကုမ္ပဏီမှ အလုပ်သမားများကို ဧပြီ ၂၈ ရက်မှ ၃ဝ ရက်အထိ အလုပ်ရပ်နားထားပြီး မှ ဖြိုဖျက်ခြင်းဖြစ်ကြောင်း၊ ဖြိုချဖျက်ဆီးခံရ သည့်စေတီတော်မှ ဌာပနာပစ္စည်းများ မည် မျှတွေ့ရှိသည်ကို ပြည်သူများသိရှိခြင်းမရှိ သဖြင့် လက်ပံတောင်းတောင် စီမံကိန်းနယ် မြေအတွင်းရှိ ဒေသခံပြည်သူများ၏အခက် အခဲများကို ဖြေရှင်းပေးနိုင်ရန် ဖွင့်လှစ်ထား သည့်ကော်မတီ၏ ဆက်ဆံရေးရုံးသို့ ဒေသ ခံ ၁၂ဝ တို့ သွားရောက်ညှိနှိုင်းသော်လည်း လက်ခံဖြေရှင်းပေးမည့်သူမရှိဘဲ ရုံးပိတ်ထား သဖြင့် ပြန်လာကြရကြောင်း သိရသည်။

''အခုစေတီတော်နဲ့ သိမ်တော်ကို ကျော်ရွာတောင်ဘက် ကားလမ်းဘေးမှာ အုတ်မြစ်ချတည်ဆောက်နေပြီ။ အပြင်က လူတွေမမြင်ရအောင် သံဆူးကြိုးကာအလုံ ပိတ်ထားလို့ ဘယ်နေ့က စတင်ဆောက်လုပ် တယ်ဆိုတာတော့မသိရဘူး။ ကျော်ရွာက မုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီးနဲ့ နှစ်မိုင် လောက်ပဲဝေးတယ်။ အခုသိမ်တော်ဆောက် တဲ့နေရာကလဲ လက်ပံတောင်းတောင်စီမံ ကိန်းနယ်မြေနဲ့ နီးနီးလေးရယ်'' ဟု ကျော်ရွာ မှ လက်ပံတောင်းတောင်အရေးစောင့်ကြည့် နေသူတစ်ဦးက ပြောသည်။
လက်ပံတောင်းတောင်တွင် ဖြိုချ ဖျက်ဆီးခြင်းခံရပြီးဖြစ်သည့် လယ်တီဆရာ တော်ကြီး သိမ်တော်နှင့်စေတီတော်များကိစ္စ အတွက် မေ ၇ရက်က ဒေသတွင်းဘုန်းတော် ကြီး ၁၂ ပါးတို့အား ပင့်ဖိတ်ဆွမ်းဆက်ကပ် လှူဒါန်းပြီး အဆိုပါကိစ္စအတွက် ဒေသခံကျေး ရွာများဖြစ်သည့် ဆည်တည်း၊ တုံ၊ မိုးကြိုးပြင်၊ ဇီးတော၊ ဝက်မှေးစသော ကျေးရွာများမှ ရှေ့ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ဆွေး နွေးပွဲတစ်ရပ်ကျင်းပကြကြောင်း သိရသည်။
---------------------------------------------------------------------------
Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၈
Yangon Media Group
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း သွတ်သွင်း ခံထားရသည့် လယ်တီဆရာတော်ဘုရားကြီး သိမ်တော်နှင့်စေတီတော်ကို အပြီးတိုင်ဖြိုဖျက် ပြီးဖြစ်ရာ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း၊ ကျော်ရွာ နှင့် မျက်နှာချင်းဆိုင်နေရာတွင် တည်ဆောက် မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
''သိမ်တော်နဲ့စေတီတော်ကို ဧပြီ ၂၈ ရက်ကစဖျက်တယ်။ အဲဒီနေ့ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က

" ပရိသတ်တွေ စိတ်ပျက်သွားမှာ စိုးရိမ်နေတဲ့ ခင်ဝင့်ဝါ "

Photo: " ပရိသတ်တွေ စိတ်ပျက်သွားမှာ စိုးရိမ်နေတဲ့ ခင်ဝင့်ဝါ "
Wednesday, May 14, 2014

Miss Internet Myanmar အငြိမ့် ဖျော်ဖြေပွဲမှာ ပါဝင်ကပြဖျော် ဖြေမယ့် ခင်ဝင့်ဝါက ဒီခေါင်းစဉ်လေး ကိုတအား သဘောကျတာ ကြောင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။
“Miss Internet Myanmar ဆိုတဲ့ ခေါင်းစဉ်က ညီမတို့နှစ်ယောက် အတွက်လည်း ကိုက်ညီတယ်။ နှစ် ယောက်စလုံး ကလည်း Miss Myanmar ပြိုင်တဲ့ အခါမှာ Internet ဆုရခဲ့တယ်။ အဲဒီအတွက် အခု ကမယ့် ခေါင်းစဉ်လေးက တအား သဘော ကျဖို့ကောင်းတယ်။
နိုင်ငံခြားမှာ သွားပြိုင်တုန်းက Talent Show ပြတဲ့ အခါ မှာ မြန်မာ အက ကရတယ်။ ကိုယ့်ရဲ့မြန်မာ အကကို နိုင်ငံခြား သားတွေ သဘောကျအောင်လို့ ကပြဖျော်ဖြေ တင်ဆက်ခဲ့ရတယ်။ အခု ဒီမှာပြန်ဖျော်ဖြေရ မယ့်အတွက် တအား စိတ် လှုပ်ရှားပါတယ်။ ပရိ သတ်တွေ ဝေဖန်အားပေးတာကို လည်း စောင့်မျှော်နေပါတယ်။

ငယ်ငယ်တုန်း ကတည်းကတော့ ကရတာကို ဝါသနာပါတယ် ။ကျောင်းက ပွဲမှာ ဆိုရင်လည်း ကတယ်။ ၃ တန်း၊ ၄ တန်းကတည်းက မြန်မာ အကဖြစ် ရင်ပြီးရောကတယ်။ ထိုင်မသိမ်းခတ် တာကို သဘောကျတယ်။ အခုယဉ် ကျေးမှု တက္က သိုလ် က ဆရာမ မချောအိအိမင်း နဲ့ အကသင်နေ ပါတယ်”လို့ ပြောပါတယ်။

ခင်ဝင့်ဝါက ပထဦးဆုံး ရိုက်ကူးခဲ့တဲ့ နတ်သမီး နဲ့ကျွန်တော် ဇာတ်ကား ထွက်ရှိတဲ့ အထိမ်းအမှတ် အ ဖြစ်မန္တလေးမှာ ပရိသတ်တွေကို လက်မှတ်ထိုးပေး ဖြစ်ခဲ့ပါ တယ်။ ပထမဆုံး ဇာတ်ကားဖြစ်တဲ့ အတွက် စိတ်လှုပ်ရှား ခဲ့ရ ကြောင်းကို ခင်ဝင့်ဝါက “ဇာတ်ကား မထွက်ခင်မှာ ကြို ပြီး လက်မှတ် ထိုးပေးခဲ့တာပါ။ ရန်ကုန် ပရိသတ်တွေ က တော့ ညီမကို တော်တော် သိကြပါတယ်။ နယ် မှာကျတော့ အနည်းအကျဉ်းလောက် ပဲသိတယ်။ ဒါပေမဲ့ ညီမလာမယ် ဆိုလို့ အစောကြီးပဲစောင့် နေကြတဲ့ ပရိသတ်တွေ လည်း အများကြီး ရှိတယ်။

အဲဒီအတွက်လည်း ကျေးဇူးအများကြီးတင်ပြီး ဝမ်းသာပါတယ်။ ညီမ ပထမဆုံး ရိုက်တဲ့ ဇာတ်ကားမှာ ရိုက်ကွင်းပေါ်ရောက် နေပေမယ့် ကိုယ်ဘယ်လို သရုပ်ဆောင်ရမလဲဆိုတာ တစ်ခါမှ မစဉ်းစားခဲ့မိဘူး။ မကြည်ဖြူက အများကြီး သင်ပေးပါတယ် ။ဒီဇာတ်ကား ထွက်လာတော့ ညီမရဲ့အိုက်တင်ပိုင်းက တအား လျော့နေတော့ ပရိသတ်တွေ စိတ်ပျက်သွားမှာ စိုးရိမ်မိတယ်” လို့ပြောပြီးရှေ့ဆက်ပြီးဇာတ်ကားတွေမှာ အစွမ်းကုန် ကြိုးစားသရုပ်ဆောင် မှာဖြစ်ကြောင်း ခင်ဝင့်ဝါက ပြောပါတယ်။ ခင်ဝင့်ဝါက လတ်တလောမှာ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ ၉၉၉ ဇာတ်ကား ကိုကောင်းပြည့် နဲ့ သရုပ်ဆောင်နေပါတယ်။

ခိုင်ဝေလွင်
Popular Journal
Miss Internet Myanmar အငြိမ့် ဖျော်ဖြေပွဲမှာ ပါဝင်ကပြဖျော် ဖြေမယ့် ခင်ဝင့်ဝါက ဒီခေါင်းစဉ်လေး ကိုတအား သဘောကျတာ ကြောင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။
“Miss Internet Myanmar ဆိုတဲ့ ခေါင်းစဉ်က ညီမတို့နှစ်ယောက် အတွက်လည်း ကိုက်ညီတယ်။ နှစ် ယောက်စလုံး ကလည်း Miss Myanmar ပြိုင်တဲ့ အခါမှာ Internet ဆုရခဲ့တယ်။

မြန်မာနယ်ခြားစောင့်တပ်နှင့် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုတို့ ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တိုက်ပွဲဖြစ်ပွား

ဘင်္ဂလား မြန်မာနယ်စပ်တွင် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တို့အကြားပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကော့စ်ဘဇားနယူးတွင်
 ဖေါ်ပြသည်။ယင်းပစ်ခတ်မှုသည် နံနက် ၆ နာရီခန့်မှ စတင်ပြီး ၇ နာရီတွင် ပြီးဆုံးကာ  နယ်စပ်မှတ်တိုင် အမှတ် ၃၇- ၃၈ အနီးတွင် ဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။
ပစ်ခတ်မှုဖြစ်ပွားခြင်းမှာ မှန်ကန်သော်လည်း မည်သည့်အဖွဲ့နှင့်ဖြစ်သည်ကို မသိရှိရသေးကြောင်း၊

မန္တလေး ကုသိုလ်တော် ဘုရားပေါ်မှာ ဖိနပ်မချွတ်တဲ့ ယဉ်ကျေးမှုဝန်ကြီးနှင့် အဖွဲ့ 


  မန္တလေး ကုသိုလ်တော် ဘုရားပေါ်မှာ ဖိနပ်စီးတဲ့ ယဉ်ကျေးမှုဝန်ကြီးနှင့် အဖွဲ့ 
မန္တလေးရှိ ကုသိုလ်တော် ဘုရား ကျောက်စာများ ကမ္ဘာ့ အမွေအနှစ် မှတ်တမ်း ဝင်ရောက်မှု logo ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း Popular Myanmar News Journal ဖေ့ဘုတ် စာမျက်နှာမှာ ပြီးခဲ့တဲ့ မေလ(၈)ရက်နေ့ က တင်ထားတဲ့ သတင်းဓါတ်ပုံတွေ တွေ့ ရှိရပါတယ်။
အဆိုပါ သတင်းနဲ့ ပါတ်သတ်လို့ မေလ(၁၀)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာမှာ "ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် အထိမ်းအမှတ် ကျောက်စာ စိုက်ထူ" ဆိုတဲ့ သတင်းမှာတော့

လက်မှတ် တစ်စောင် ၁၅ သိန်းပေးရမည့် ကမ္ဘာ့နာမည်ကြီး ကိုရီးယား အဆိုတော်များပါသည့် ရှိုးပွဲ မြန်မာပြည်တွင် ပြုလုပ်တော့မည်

  လာမည့် ဇူလိုင်လ အတွင်းတွင် မြန်မာ နိုင်ငံ၌ လက်မှတ်ဈေးနှုန်း အမြင့်ဆုံးနှုန်းဖြင့် ရှိုးပွဲတစ်ခု ပြုလုပ်ကျင်းပရန်ရှိပြီး ကမ္ဘာ့ နာမည်ကြီး အဆိုတော်အဖွဲ့  လာရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း ဘိုဘိုမြူးဇစ်အင်တာ တိန်းမန့် မှ ကိုဘိုစန်းက ပြောသည်။ယင်း ဖျော်ဖြေပွဲကို ဘိုဘိုမြူးဇစ် အင်တာတိန်းမန့်မှ စီစဉ်ခြင်း ဖြစ်ပြီး ပွဲကျင်းပရန် ပါမစ်များလည်း ရနေပြီဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့က ဒီပွဲကို

ကျုံပျော်တွင် အသုဘချရန် ကျင်းတူးနေခိုက် မိုးကြိုးပစ်၍ (၂)ဦးသေ

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ ညောင်ပင်ကွင်းကျေးရွာတွင် အသုဘချရန် ကျင်းတူးနေစဉ် မိုးကြိုးပစ်၍ အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိ ပါသည်။မေ (၁၂) ရက်နေ့က ကျုံပျော်  မြို့၊ ညောင်ပင်ကွင်းကျေးရွာတွင် လွန်ခဲ့သော (၃) ရက်က ကွယ်လွန် သွားသည့် ဦးထွန်းဦး၊ အသက် (၇၃)နှစ်၏ ဈာပနာအား မြှုပ်နှံ ရန်အတွက် ညောင်ပင်ကွင်း သုသာန်တွင် ဦးကုလားကြီး၊

လမ်းပေါ်ရောက် ကလေးငယ်များအတွက် အထောက်အကူပြု ဗဟိုဌာန ဖွင့်ရန်စီစဉ်

 ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးမူဆိုင်ရာ ပင်မ အထောက်ကူပြုဗဟိုဌာနကို စံနမူနာအဖြစ် ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးတင်ဇော်မိုးက မေ ၁၃ ရက်တွင် မဇ်္ဈိမကို ပြောသည်။
လမ်းပေါ်ကလေးငယ်များ အပါအ၀င် မိဘရှိပြီး စားဝတ်နေရေး အဆင်မပြေသည့် မိသားစုကလေးငယ်များ နှင့် မိဘမဲ့ ကလေးငယ်များကို အဆိုပါစင်တာက ပြုစုစောင့်ရှောက်ပေးနိုင်ရန်

ရန်ကုန်မြို့၌ ဒိုင်နာယာဉ် ပြေးဆွဲမှုများကို ရပ်ဆိုင်း၍ ဘတ်စ်ကားများကို အစားထိုး ပြေးဆွဲမည်


 ရန်ကုန်မြို့တွင် ဒိုင်နာယာဉ် ပြေးဆွဲမှု များကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့် က ပြောကြားကြောင်း သိရသည်။တစ်နှစ်လျှင် ဒိုင်နာယာဉ် အစီး ၅၀ ၀န်းကျင် တိမ်းမှောက်မှု ဖြစ်ပွားပြီး သေဆုံးမှု နှင့် ဒဏ်ရာ ရရှိမှု ဖြစ်စဉ်များ

ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် သေဆုံးခဲ့သူ တစ်ဦးလျှင် အာမခံကြေး ငွေကျပ် ၄၅ သိန်း ပေးလျော်မည်

Photo: ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် သေဆုံးခဲ့သူ တစ်ဦးလျှင် အာမခံကြေး ငွေကျပ် ၄၅ သိန်း ပေးလျော်မည်
Wednesday, May 14, 2014

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၇ တွင် ရာဇာမင်းခရီးသည်တင် တိမ်းမှောက်ခဲ့ရာမှ သေဆုံးခဲ့သူ ၁၄ ဦးကို အသက်အာမခံကြေး တစ်ဦးလျှင် ငွေကျပ် ၄၅ သိန်းဖြင့် ရက်ပိုင်းအတွင်း ထုတ်ပေးသွားရန် စီစဉ်လျက် ရှိကြောင်း အဝေးပြေး မော်တော်ယာဉ် ထိန်းသိမ်းရေး၊ နေပြည်တော်ရုံးထံမှ သိရှိရသည်။
“သေဆုံးသူ ၁၄ ဦးထဲမှာ တစ်ဦးရဲ့မိသားစုဝင်က ခုထိလာရောက် ဆက်သွယ်မှု မရှိသေးတာကြောင့် အသက် အာမခံကြေးကို မပေးသေးတာပါ။ ဒဏ်ရာရတဲ့ သူတွေကိုလည်း ဒဏ်ရာ အခြေအနေပေါ် မူတည်ပြီး နစ်နာကြေးပေးဖို့ စီစဉ်နေတယ်။ ရက်ပိုင်းအတွင်းပေးဖို့ စီစဉ်ထားတယ် ဆိုပေမယ့် ဘယ်ရက်ဆိုတာကို အတိအကျပြောဖို့ လတ်တလော တိုင်ပင်ဆွေးနွေးနေတယ်” ဟု အဆိုပါ နေပြည်တော်ရုံးမှ လက်ထောက်ဌာနမှူး ဦးစိုးကြီးက ပြောကြားသည်။
ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့စဉ် ဒဏ်ရာရရှိသူ ၂၉ ဦးအနက် သုံးဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း၊ အဆိုပါ စိုးရိမ်ရသူ သုံးဦးမှာ ဦးနှောက် အာရုံကြောဌာနနှင့် အရိုးကုသဆောင်တို့ရှိ အထူးကြပ်မတ်ဆောင်များတွင် ကုသလျက် ရှိပြီး မေလ ၁၃ ရက် ညနေ ၅ နာရီထိ သတိပြန်လည် မရှိသေးကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေဝင်းက ရှင်းပြသည်။

“ခုတင် ၁၀၀၀ ဆေးရုံမှ ၂၆ ဦးနဲ့ လယ်ဝေးဆေးရုံမှာ သုံးဦး တင်ထားတယ်။ လက်ရှိစိုးရိမ်ရသူ သုံးဦးက ခုတင် ၁၀၀၀ ဆေးရုံက အထူးကြပ်မတ်ဆောင်မှာ ကုသနေပါတယ်။ ယာဉ်မောင်းရဲ့ အခြေအနေကတော့ မစိုးရိမ်ရဘူး။ အတွင်းလူနာဆောင်မှာ သူ့ကို အစောင့်ရဲတွေနဲ့ သီးသန့်ထားပြီး ကုသပေးနေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အမြန်လမ်းပေါ်တွင် မော်တော်ယာဉ် တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားမှုကြောင့် အကျွတ်အလွတ်ပွဲ ကျင်းပအပြီး တစ်ရက်ခန့် အကြာတွင် မေလ ၁၂ ရက်နေ့ ည ၆ နာရီက နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာသွားသော ရာဇာမင်း ယာဉ်လိုင်းမှ ခရီးသည်တင် အဝေးပြေး မော်တော်ယာဉ် တစ်စီးသည် အမြန်လမ်း မိုင်တိုင် ၁၉၇ မိုင်တွင် တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၁၄ ဦး သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းပေါ်ရှိ ပန်းတင်ရဲစခန်းနှင့် အမြန်လမ်း ထိန်းသိမ်းရေး အင်ဂျင်နီယာရုံးတို့ထံမှ စုံစမ်းသိရှိရသည်။

တိမ်းမှောက်သွားသော ရာဇာမင်းယာဉ်သည် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၇ မိုင်ဝန်းကျင်ရှိ တံတားပေါ် အတက်တွင် လမ်းချော်၍ ချောက်ထဲ ပြုတ်ကျခြင်း ဖြစ်ကြောင်း ယင်းကားမှောက်သည်ကို တွေ့၍ ဝင်ရောက် ကူညီကယ်ဆယ်ခဲ့သည့် မကွေးမြို့မှ ရန်ကုန်မြို့ကို အမြန်လမ်းမှ လာရောက်သူ ဦးစိုးမင်းလွင်က ပြောကြားသည်။

The Voice Weekly
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၇ တွင် ရာဇာမင်းခရီးသည်တင် တိမ်းမှောက်ခဲ့ရာမှ သေဆုံးခဲ့သူ ၁၄ ဦးကိုအသက်အာမခံကြေး တစ်ဦးလျှင် ငွေကျပ် ၄၅ သိန်းဖြင့် ရက်ပိုင်းအတွင်း ထုတ်ပေးသွားရန် စီစဉ်လျက် ရှိကြောင်း အဝေးပြေး မော်တော်ယာဉ် ထိန်းသိမ်းရေး၊ နေပြည်တော်ရုံးထံမှ သိရှိရသည်။
“သေဆုံးသူ ၁၄ ဦးထဲမှာ တစ်ဦးရဲ့မိသားစုဝင်က ခုထိလာရောက် ဆက်သွယ်မှု မရှိသေးတာကြောင့် အသက် အာမခံကြေးကို မပေးသေးတာပါ။ ဒဏ်ရာရတဲ့ သူတွေကိုလည်း ဒဏ်ရာ အခြေအနေပေါ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...