အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

14 May, 2014

ကျုံပျော်တွင် အသုဘချရန် ကျင်းတူးနေခိုက် မိုးကြိုးပစ်၍ (၂)ဦးသေ

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ ညောင်ပင်ကွင်းကျေးရွာတွင် အသုဘချရန် ကျင်းတူးနေစဉ် မိုးကြိုးပစ်၍ အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိ ပါသည်။မေ (၁၂) ရက်နေ့က ကျုံပျော်  မြို့၊ ညောင်ပင်ကွင်းကျေးရွာတွင် လွန်ခဲ့သော (၃) ရက်က ကွယ်လွန် သွားသည့် ဦးထွန်းဦး၊ အသက် (၇၃)နှစ်၏ ဈာပနာအား မြှုပ်နှံ ရန်အတွက် ညောင်ပင်ကွင်း သုသာန်တွင် ဦးကုလားကြီး၊ ဦး ညွန့်တင်၊ ဦးတင်ထွန်း၊ ဦးသန်းထွန်း၊ ဦးစိုးဦး၊ ဦးဝကြီး၊ ဦးကံထွန်း၊ ဦးသန်းစိုး၊ ဦးမြင့်တင်၊ ဦးထွန်းနိုင်ဦးနှင့် ဦးစန်းဦးတို့မြေ ကျင်းတူးနေကြစဉ် နံနက် (၁၀း၃၀) နာရီခန့်တွင် မိုးရွာလာ၍ သရက် ပင်အောက်၌ မိုးခိုနေကြကြောင်း၊  ထိုစဉ်မိုးခြိမ်းသံများနှင့်အတူ အသံအကျယ်ဆုံးကြားလိုက်ရပြီး နောက် (၃) ဦးမှာ နေရာတွင် ပစ်လဲသွားကြပြီး ကျန်လူများမှာ ဘေးသို့လွင့်စင်သွားကြကြောင်း အဆိုပါအခင်းဖြစ်ပွားစဉ်ရှိနေသည့် ဦးထွန်းနိုင်ဦးကပြန်ပြောပြပါသည်။

သတိရသူများက လဲနေသူ (၃) ဦးကို ကျုံပျော်ဆေးရုံသို့ပို့ရန် စီစဉ်နိုင်ခဲ့ကြပြီး ဆေးရုံသို့ (၁၁း၁၀) မိနစ်ခန့်တွင် ရောက်ရှိ လာကြောင်း၊ ဆေးရုံသို့ရောက်ရှိ လာသူ (၃) ဦးအနက်မှ ဦးသန်းစိုး၊ (ဘ) ဦးမြင့်တင်၊ အသက် (၅၀) နှစ်နှင့် ဦးတင်ထွန်း၊ (ဘ) ဦးကြည်၊  အသက် (၄၅) နှစ်တို့မှာ ဆေးရုံ သို့မရောက်မီသေဆုံးသွားခဲ့ကြောင်း၊ ဦးမြင့်တင်၊ အသက် (၄၉) နှစ်မှာ စိုးရိမ်ရသည့်အခြေအနေဖြင့် ဆေးကုသမှုပေးနေကြောင်း  မြို့နယ်ဆရာဝန်ကြီးဒေါက်တာ တိုးမောင်ကရှင်းပြပါသည်။

ကျုံပျော်ပြည်သူ့ဆေးရုံသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ကျုံပျော်မြို့မ စခန်းမှူးနှင့် တာဝန်ရှိသူများ၊ ကျုံပျော်နာရေးကူညီမှုအသင်းနှင့် လူမှုအဖွဲ့အစည်းများရောက်လာပြီး လိုအပ်သောအကူအညီများစီစဉ် ဆောင်ရွက်ပေးနေကြောင်းသတင်း ရရှိပါသည်။                          

SS -ကျုံပျော်
Hot News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...