အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

မလေးရှား အကြမ်းဖက်မှု ပါးနပ်စွာကိုင်တွယ်ရန် လိုအပ်

မလေးရှားမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်နေတာတွေကို မြန်မာသံရုံး မြန်မာအစိုးရနဲ့ မလေးရှားအစိုးရတို့ ပူးပေါင်းပြီး ပါးပါးနပ်နပ် ကိုင်တွယ်ဖို့ လိုတယ်လို့ ကပုန်းကျောင်းဆရာတော် ဦးအိန္ဒိက က မိန့်ပါတယ်။အရှင်ဘုရားတို့ကျောင်းမှာ ဆလာတန်းက မြန်မာအလုပ်သမား ၁၀၀ လောက် ရောက်ရှိ ခိုလှုံနေတယ်လို့ ကြားရလို့ပါ။“အခုလောလောဆယ် အဲလောက်မရှိတော့ဘူး။ မနေ့ကတော့ ရောက်လာကြတယ်။ အခုလောလောဆယ် ၂၀ လောက်တော့

ဒါဖတ်ပြီးမှ အကြမ်းဖက်ဖို့ စဉ်းစားပါ ဘာသာရေးပဋိပက္ခများကို ဆန့်ကျင်သင့်သည့် အကြောင်းရင်း ၇ ချက်

ဒီမနက် ဘတ်စ်ကားပေါ်မှာ သင့်ခြေထောက်ကို မွတ်ဆလင်ဟု ထင်ရသူတစ်ဦးက တက်နင်းခဲ့ပါသလား။ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ မွတ်ဆလင်ဟု ယူဆရသူတစ်ဦးက သံဃာတော်တစ်ဦးကို စက်ဘီးဖြင့် ၀င်တိုက်ခဲ့ပါသလား။
ဘာမှအရေးယူဆောင်ရွက်မှုမပြုလုပ်မီဒီဆောင်းပါးကိုအရင်ဖတ်ကြည့်ပါ။ဆက်တိုက်ဖြစ်ပွားနေသည့် ဘာသာရေးလူမျိုးရေးပဋိပက္ခများက မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တစ်စစီဆုတ်ဖြဲပစ်ဖို့

ဆုံးရှုံးလယ်မြေများပြန်ရရန် ဆောင်ရွက်သွားမည်ဟု သမ္မတဦးသိန်းစိန်ကတိပေး

မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက ကျေးရွာများတွင် လယ်ယာအပေါင်ခံသည့် ငွေရှင်များက အုပ်ချုပ်ရေးမှူး၊ အစိုးရဌာနက စာရေးတို့နှင့် ပူးပေါင်းကာ လယ်သမားများ မသိလိုက်ဘဲ လယ်ပိုင်ရှင်နာမည်များ လွှဲပြောင်းခြင်းဖြင့် လယ်ယာမြေဆုံးရှုံးမှုများရှိသလို၊ ဝန်ကြီးဌာန၊ စစ်တပ်တို့က မြေသိမ်းခြင်းနှင့် စီမံကိန်းများအတွက် မြေသိမ်းခြင်းများလည်းရှိကြောင်း ထိုနေ့ အခမ်းအနားတွင် တင်ပြသည်။ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းတို့တွင် မြေယာသိမ်းဆည်းခံရမှု

ရန်ကုန် မန္တလေး အဆန်ရထား စက်ခေါင်းအတွင်း ဦးခေါင်းတစ်လုံး ညပ်ပါလာ

ရန်ကုန်-မန္တလေးသွား အဆန်ရထားစက်ခေါင်းအတွင်း ခန္ဓာကိုယ်မပါရှိသည့် ဦးခေါင်းတစ်လုံး မေလ ၃ဝ ရက် ညက ညပ်ပါလာသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။မေ ၃ဝ ရက်၊ ညနေ ၅ နာရီခွဲတွင် ကျောက်ဆည်ဘူတာ၌ ရထားဘရိတ်များကို စစ်ဆေးနေစဉ် စက်ခေါင်းအောက်၌ ဆံပင်တိုနက်၊ ဝဲနားရွက်ပါ၊ ဝဲလက်ကျိုးပဲ့၊ ရင်အုံအောက်ပိုင်း မပါရှိသည့်

ဆွမ်းခံကြွလာသော သံဃာကို အန္တရာယ်ကောင်ဟု ပြောသူကို အရေးယူ

ပဋိပက္ခ ဖြစ်ပွားခဲ့ဖူးသော ဥက္ကံမြို့ ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက် ပုလဲရတနာလမ်းတွင် မေလ ၃၁ ရက် နံနက် ၁၀နာရီက ဆွမ်းခံကြွလာသော သံဃာတစ်ပါးနှင့် ကိုရင်နှစ်ပါးတို့ကို အမျိုးသမီးတစ်ဦးက “အန္တရာယ်ကောင်တွေ လာနေတယ်၊ ခပ်ဝေးဝေး ရှောင်ကြ” ဟု ပြောသဖြင့် ယင်းအမျိုးသမီးကို တိုက်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲဆို ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။ဥက္ကံ ပဋိပက္ခတွင် မီးလောင်ခဲ့သည့် ပနီပင်ရွာ တွင် နေထိုင်သူ ဒေါ်စန်းစန်းထွေးက

စင်္ကာပူမှ မြန်မာလုပ်သား ခေါ်ယူမှု ပြန်မြင့်တက်လာ

စင်္ကာပူနိုင်ငံအခြေစိုက်စက်ရုံ၊အလုပ်ရုံများကမြန်မာလုပ်သားများကိုခေါ်ယူမှုပြန်လည်မြင့်တက်လာကြောင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ သိရသည်။“စင်္ကာပူနိုင်ငံမှာ စီမံကိန်းအသစ်တွေ ဝင်လာတဲ့အတွက် မြန်မာနိုင်ငံက လုပ်သားတွေကို ခေါ်ယူလာတာ တွေ့ရပါတယ်။ အဓိက ကတော့ မြန်မာလုပ်သားတွေက အခြား နိုင်ငံသားတွေထက် လုပ်ငန်းခွင်အတွင်းမှာ အလုပ်ကိုသေချာလုပ်တယ်၊ ကြိုးစားမှု ရှိတာတွေကြောင့် ဦးစားပေး ခေါ်ယူတာလို့ သိရပါတယ်” ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေး

ကားလိုင်စင် လက်ဆောင်ကိစ္စ အစိုးရနဲ့ CNF ဝေဖန်ခံနေရ

နေပြည်တော်တွင် ကျင်းပသော ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာ စားပွဲ အခမ်းအနား၌ တိုင်းရင်းသား ခေါင်းဆောင်များကို နှုတ်ဆက်နေသည့် သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – သမ္မတရုံး ၀က်ဘ်ဆိုက်)
အစိုးရက ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို လက်ဆောင်အဖြစ် ကားလိုင်စင်တွေ ချပေးတာကို တိုင်းရင်းသား အဖွဲ့တွေကလည်း လက်ခံခဲ့ကြတဲ့အတွက် ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။နေပြည်တော်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အစိုးရဘက်က ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ကြားခဲ့ပြီး အဲဒီ အခမ်းအနားမှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ကားလိုင်စင် လုပ်ရာမှာ

နေပြည်တော် ကမ္ဘာ့စီးပွားရေးဖိုရမ် ဧည့်သည် စံချိန်ကျိုးမည်

မြန်မာနိုင်ငံတွင် ဇွန်လ ၆ ရက်နှင့် ၇ ရက်၌ ကျင်းပပြုလုပ်တော့မည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (The World Economic Forum on East Asia 2013) သည် တက်ရောက်သူ အများဆုံး အဖြစ် မှတ်တမ်းဝင်ရန်ရှိနေသည်။ဖိုရမ်သို့ နိုင်ငံပေါင်း ၅၀ ကျော်မှ အကြီးတန်း ခေါင်းဆောင် ၁၀၀၀ ကျော် တက်ရောက်မည်ဟု အတည်ပြုထားပြီးဖြစ်သည်။ ၎င်းအချက်က အိမ်ရှင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လတ်တလောဖွံ့ဖြိုးတိုးတက် မှုများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ အလွန်စိတ်ဝင်စားနေကြခြင်းကို

မွတ်စလင်များ အတွက် ဒုက္ခသည်စခန်း ဖွင့်ပေးခဲ့သည့် လားရှိုး မန်ဆူ ရှမ်းဆရာတော်နှင့် …

လားရှိုးမြို့ ပဋိပက္ခကြောင့် မြို့ပေါ်ရှိ နေအိမ်စွန့်ခွာ ထွက်ပြေးနေရသော မွတ်စလင် ၁ ထောင်ကျော်ကို ဒုက္ခသည်စခန်း ဖွင့်လှစ် လက်ခံ ထားပေးခဲ့သော သီရိမင်္ဂလာ မန်ဆူ ရှမ်းဘုန်းတော်ကြီးကျောင်းမှ
ကျောင်းထိုင် ဆရာတော် ပုညနန္ဒကို ဧရာဝတီသတင်းထောက် နန်းသီရိလွင်က တွေ့ဆုံ မေးမြန်းထားပါသည်။ ရှင်ပုညနန္ဒသည် မန်ဆူ ရှမ်းကျောင်းတွင် ၂၄ နှစ်တိုင် ကျောင်းထိုင်ခဲ့ပြီး လားရှိုးပဋိပက္ခ စတင်သည့် မေလ ၂၉ ရက်မှ စတင် ထွက်ပြေးလာသော မွတ်စလင် ဒုက္ခသည်များကို

ဝန်ကြီး ဦးအောင်မင်းမှ ကချင်စစ်ဘေးဒုက္ခသည်များအတွက် ငွေကျပ်(၁၁၉) သိန်းလှူဒါန်းခဲ့

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ၀န်ကြီး ဦးအောင်မင်းတို့အဖွဲ့သည် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင် ပြည်သူများအ တွက် ငွေကျပ်(၁၁၉)သိန်း လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
 မြစ်ကြီးနားမြို့တွင် ကချင်စစ်ဘေးရှောင်ဒုက္ခသည်စခန်း (၂၅)ခုရှိပြီး အဆိုပါ စခန်းများမှ အိမ်ထောင်စုတစ်ခုလျင် ငွေကျပ် (၆၀၀၀)နှုန်းဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအနေဖြင့် အဆိုပါ ဒုက္ခသည်စခန်းများသို့ သွားရောက်စဉ်

ပဋိပက္ခများ ကြိုတင်ကာကွယ်နိုင်ရေး ဒေသအသီးသီးတွင် ပြင်ဆင်

လူမျိုးရေးပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် မြို့နယ်အသီးသီးတွင် အစိုးရအဖွဲ့များနှင့် နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အ စည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းများ
ပြုလုပ်နေကြကြောင်းသတင်းရရှိသည်။ပဋိပက္ခဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်များတွင် ကြိုတင်ကာကွယ်ရေးကော်မတီများ ဖွဲစည်းထားကြကြောင်း သတင်း ရရှိသည်။
“အားလုံးက သတိရှိရှိနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ရင်ကောင်းတယ်။ အဖွဲ့မဖွဲ့နိုင်ရင်တောင်

မာလာနွယ် အမှိုက်ပုံ ဆိုးရွားနံစော်နေ

လူနေရပ်ကွက် အတွင်းမှ အမှိုက်ပုံ ကြီး လမ်းပိတ်ဆို့ နေ တာမွေ မြို့နယ် မာလာနွယ် လမ်းနှင့် ရွှေညောင်ပင် လမ်းထောင့် ကျိုက်ကဆံ အိမ်ရာအနီး၊ GL ဓါတ်ဆီဆိုင် နောက် ရှိ အမှိုက် ပုံကြီးမှာ ယခင်က မရှိပါဘဲ စည်ပင် လက်တွန်းလှည်း များမှ လာရောက်စုပုံ သဖြင့် အမှိုက်ပုံ ကြီး
ဖြစ်နေပါသည်။ မှန်မှန် လာရောက်သိမ်းဆည်းခြင်း လည်း မရှိသဖြင့် လမ်းကိုပင် ပိတ်ဆို့နေ ပြီး အနီး ဝန်းကျင်ရှိ လူနေအိမ်များမှာ နေ့ စဉ် အနံ့ဆိုးများကို ရှူရှိုက်နေရပါသည်။အမှိုက်ပုံမှ ထွက်သောရေများမှာ

ရတနာပုံ မှန်ဘီလူး စက်ရုံ အလုပ်သမားများ ဆန္ဒပြနေ

ယနေ့ ဇွန်လ (၃)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ ပြင်စာကျေးရွာအနီး ရှိ ရတနာပုံ ဆိုက်ဘာစီးတီးရှိ ဘက်ထရန်စမစ်ရှင်း (မှန်ဘီလူး စက်ရုံရှိ အလုပ်သမားများ ဆန္ဒပြ ) BT စက်ရုံမှာ အလုပ်သမားများ ဆန္ဒပြနေကြကြောင်း သတင်းရရှိပါတယ်။ အဆိုပါ စက်ရုံက အခြေခံလစာ ၄ သောင်း ၃ ထောင်ကနေ ယခု ၃ ထောင်တိုးပြီး ၄သောင်း ၆ ထောင် ဖြစ်လာပြီးနောက် တစ်နေ့ကို ချိုးရေ

မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှု တင်ဒါအနိုင်ရရှိရန် Digicel အလားအလာကောင်းနေ

Vodafone ကုမ္ပဏီသည် မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်းတင်ဒါ ယှဉ်ပြိုင်ခြင်း မှ နှုတ်ထွက်ပြီးနောက် ဘီလျံနာ ဂျော့ဆိုရော့စ် ကျောထောက်နောက် ခံထားသော Digicel က မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုအတွက် အဓိကယှဉ်ပြိုင်သူအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရှိရသည်။ကရစ်ဘီယန် အခြေစိုက် Digicelကို အိုင်းရစ်ရှ် ဘီလျံနာဒင်းနစ် အိုဘရိုင်ယန်က ပိုင်ဆိုင်ပြီး မြန်မာ့ဆက်သွယ်ရေးမှ

သမီးရှင်၊ သားရှင်တွေ ဒါမျိုး စဉ်းစားဖူးလား

ဇွန်လ ၁ ရက်နေ့ သတင်းစာမှာ စေ့စပ်ကြောင်း ကြော်ညာတခုက ထူးထူးခြားခြား တွေ့လိုက်ရတာပါ။ တနေ့တည်း မောင်နှမ ၂ ယောက်ရဲ့ တနေတည်း တနေရာတည်းမှာ စေ့စပ်ကြောင်းလမ်းပွဲ လုပ်ခဲ့တာပါ။
အဲဒီကြော်ငြာပါ စေ့စပ်ကြောင်းလမ်းပွဲကို ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့ Park Royal

အမျိုးဘာသာ၊ သာသနာအကျိုးကို ရည်မျှော်ပြီး ထွန်း အထွေထွေရောဂါကု ဆေးရုံမှ RNDP သို့ ကျပ် (၁၀) သိန်း လှူဒါန်း

အမျိုးဘာသာ၊ သာသနာ အကျိုးကို ရည်မျှော်ပြီး ထွန်း အထွေထွေ ရောဂါကု ဆေးရုံမှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) သို့ ငွေကျပ် (၁၀) သိန်း ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။ ထွန်း အထွေထွေ ရောဂါကုသရေး ဆေးရုံ တည်ထောင်သော (၂၅) နှစ်မြှောက် အထိမ်းအမှတ် အဖြစ် မိသားစုများ ဖြစ်ကြသော ဒေါက်တာ သိန်းစောထွန်းနှင့် ဒေါက်တာ လတ်လတ်ထွန်းတို့မှ အဆိုပါ ငွေအား မေလ ၃၁ ရက်နေ့က လှူဒါန်းခဲ့သည်ဟု သိရသည်။
“ သူတို့က အမျိုးဘာသာ၊ သာသနာ အကျိုးကို ရည်မျှော်ပြီး လှူဒါန်းတာ ဖြစ်ပါတယ်။ လူထုကို အလုပ်

ယင်းလက်ရှင်နာဝပ်အစိုးရကို ထိုင်းရုပ်သေးအစိုးရအဖြစ် ဆန္ဒပြ

အဖြူရောင်မျက်နှာဖုံးတွေ အများအပြား ၀တ်ဆင်ထားတဲ့ ဆန္ဒပြသူတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ဝန်ကြီးချုပ် ယင်းလက်ရှင်နာဝပ် အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ဘန်ကောက်မြို့ရဲ့ စီးပွားရေး အချက်အခြာကျတဲ့ နေရာတ၀ိုက်မှာ တနင်္ဂနွေနေ့က ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြတာပါ။သူတို့ကိုယ်သူတို့ မျက်နှာဖုံးဖြူ တပ်ဆင်သူများလို့

တရုတ်အင်တာနက်ဆင်ဆာ ပုံစံသစ်ဖြင့်စတင်

တီအန်မင်ရင်ပြင် (၂၄) နှစ်မြောက် အထိမ်းအမှတ် လှုပ်ရှားမှုများကို တားဆီးနိုင်ရေးအတွက် တရုတ်နိုင်ငံတွင် အင်တာနက် သုံးစွဲမှုများကို ပုံစံအသစ်ဖြင့် ဆင်ဆာလုပ်သွားရန် စီစဉ်နေကြောင်း အင်တာနက် ပိတ်ဆို့မှု စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်ဟု AFP သတင်းတွင် ဖော်ပြ ထားသည်။
၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသား လှုပ်ရှားမှုတစ်ရပ်ကို အစိုးရက အပြင်းအထန် နှိမ်နင်းခဲ့ပြီးသည့် နောက်ပိုင်း တွင် တီအန်မင်နှင့် ပတ်သက်သည့် စာလုံးများကို

အလဲဗင်း မီဒီယာ CEO သတင်းလွတ်လပ်ခွင့် ဆုရ

အလဲဗင်း မီဒီယာ ဂရု (ပ်) ၏ အမှုဆောင် အရာရှိချုပ် (CEO) ဒေါက်တာ သန်းထွဋ်အောင်သည် World Association of Newspapers နှင့် News Publishers WAN-IFRA တို့က ချီးမြှင့်သည့် ၂၀၁၃ ခုနှစ်အတွက် Golden Pen of Freedom ဆုကို ရရှိကြောင်း သိရသည်။ Golden Pen of Freedom ဆုကို ၁၉၆၃ ခုနှစ်တွင် ဂါးဒီးယန်း ဦးစိန်ဝင်း၊ ၂၀၁၁ တွင် ဟံသာဝတီ ဦးဝင်းတင်နှင့် သာယာဝတီ စမ်းစမ်းနွဲ့ တို့လည်း ရရှိခဲ့ဖူးသည်။ ၂၀၁၃ ခုနှစ်အတွက် ဆုချီးမြှင့်ပွဲကို ဘန်ကောက်တွင် ဇွန်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပနေသည့် ၆၅ ကြိမ်မြောက် ကမ္ဘာ့ သတင်းစာ ကွန်ဂရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Irrawaddy

အလုပ်သမားများ လူမှုဖူလုံရေး အာမခံကတ်ပြားထားရန်အတွက် ရန်ကုန်တိုင်းအတွင်း စက်ရုံများ စစ်ဆေးရန်ရှိ

အလုပ်သမားတိုင်း လူမှုဖူလုံရေး အာမခံကတ်ပြားများထားပေးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို နိုဝင်ဘာလတွင် စတင်စစ်ဆေးသွားမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ် ဦးယုလွင်အောင်က မဇ္စျိမကိုပြောသည်။
အဆိုပါ အာမခံကတ်ပြားများ၏ အချက်အလက်များကို ယခုနောက်ပိုင်းတွင် ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်း

၂ဝ၁၅ ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် အချိုးကျကိုယ်စားပြုမဲစနစ် ရခိုင်ပါတီများ ကန့်ကွက်

ရခိုင်ပါတီနှစ်ခုဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့က
ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်၏ ၂ဝ၁၅ ရွေးကောက်ပွဲတွင် သုံးမည့်အချိုးကျ ကိုယ်စားပြုစနစ်ကို ကန့်ကွက်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။ALD ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်တိုင်းရင်းသားတို့၏ အကျိုးစီးပွားကို ရှေး ရှုကာ အချိုးကျ ကိုယ်စားပြုစနစ်ကို

တရုတ်၊ လာအို၊ မြန်မာ နှင့် ထိုင်း လေးနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် မူးယစ်ဆေးဝါးအမှု(၈၀၄)မှုနှင့် တရားခံ(၁၁၀၀)ဦး ဖမ်းဆီးရမိခဲ့

တရုတ်၊ လာအို၊ မြန်မာ နှင့် ထိုင်း လေးနိုင်ငံတို့ ဧပြီလအတွင်းက စတင်ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းကြောင့် မဲခေါင်မြစ်တစ်လျှောက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှု(၈၀၄)မှုနှင့် တရားခံ စုစုပေါင်း ဦးရေ(၁၁၀၀)ဦး ဖမ်းဆီးရမိနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ဖမ်းဆီးရမိသော အမှုများအနက် အကြီးမားဆုံးသောဖမ်းဆီးရမှုမှာ တရုတ်နှင့်မြန်မာတို့ လက်တွဲဆောင်ရွက်မှုကြောင့် မေလအတွင်းမှာ

တရားရုံးမပြောင်းပေးပါက အင်းလေးဟိုတယ်ဇုန် တရားစွဲခံရသူများ အမှုရင်ဆိုင်မည်မဟုတ်ဟုဆို

အင်းလေးကန် ဟိုတယ်ဇုန် စီမံကိန်းကို ကန့်ကွက် တားဆီး မှုများ ပြုလုပ်သည်ဟု ဆိုကာ တရားစွဲ ဆိုထားခြင်းခံရသူ ခုနစ်ဦး သည် သက်ဆိုင်ရာ တာဝန်ရှိသူများက ညောင်ရွှေတရားရုံးသို့ အမှု ပြောင်းရွှေ့ပေးခြင်း မရှိပါက ဇွန်လ ၄ ရက် နေ့တွင် ကလော တရားရုံးသို့ သွားရောက်ကာ အမှုရင်ဆိုင်မည် မဟုတ်ကြောင်း အဆိုပါ တရားစွဲဆိုခြင်း ခံထားရသူများက ပြောကြားသည်။
အင်းလေးဒေသ သလဲဦးကျေးရွာမှ မိုင်၄၀ ကွာဝေးသည့် ကလော တရားရုံးသို့ သွားရောက်ရသည်မှာ

ရှမ်းတိုင်းရင်းသားများ KIO ကိုယ်စားလှယ်များအား ကြိုဆို နှုတ်ဆက် ရင်း .တောင်းဆိုမှု အချို့ပြုလုပ်

ဗမာအစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံး ကာ မြစ်ကြီးနား မှ လိုင်ဇာသို့ ထွက်ခွာခဲ့သော KIO ကိုယ်စားလှယ်များအား ၀ိုင်းမော်မြို့နယ် တွင် အယောက် ၈၀ ခန့်ရှိ သော ရှမ်းတိုင်းရင်းသားများ ရှမ်းဝတ်စုံ ၀တ် ဆင်ပြီး ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ KIO ကိုယ်စားလှယ်များအား စောင့် ကြိုနှုတ်ဆက်ခဲ့ရင်း နှစ်ဖက်အစိုးရအား တောင်းဆိုမှု အချို့ပြုလုပ်ခဲ့ ကြသည်။
ရှမ်းတိုင်းရင်းသားများသည် အပစ်အခတ်ရပ်စဲရေး အမြန် လက်မှတ် ထိုးပေးရန်၊ငြိမ်းချမ်းရေးအဖွဲ့

ချယ်လ်ဆီး မန်နေဂျာ ရာထူးကို လက်ခံယူမည်ဟု မော်ရင်ဟို ကိုယ်တိုင်အတည်ပြု

ချယ်လ်ဆီး အသင်းနှင့် ပတ်သက်သော သတင်းများ အပေါ် တောက်လျှောက် နှုတ်ဆိတ်နေခဲ့သော ဟိုဆေး မော်ရင်ဟို တစ်ယောက် ယခုအခါ ယင်းကိစ္စကို အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်သည်။
ပေါ်တူဂီသား နည်းပြက ရီးယဲလ်မက်ဒရစ် အသင်းအတွက် နောက်ဆုံးပွဲကို ဦးဆောင် ကိုင်တွယ်ပြီးနောက် ယခု သီတင်းပတ် အတွင်း တစ်ချိန်က ၎င်းကျင်လည် ခဲ့ဖူးသည့် စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ ပြန်သွားမည်ဟု

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မြန်မာပြည်ရောက်နေ

ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။  မြန်မာ့ နိုင်ငံရေး အပြောင်းအလဲနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို လေ့လာဖို့ ဇွန်လ ၂ ရက်နေ့က ရောက်နေ တဲ့Madeleine Albrigh ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိသလို

တရုတ် ဟက်ကာတို့ အမေရိကန် စစ်လက်နက် နည်းပညာ ၂ ဒါဇင် ခိုးယူခဲ့

တရုတ် ဟက်ကာများဟာ ယခုရက်ပိုင်း အတွင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်မှ စစ်လက် နက်နည်းပညာ ၂ ဒါဇင်ကျော် ဖောက်ထွင်း ခိုးယူခဲ့ကြောင်း သိရပါတယ်။
ယင်းလုပ်ရပ် အတွက် အမေရိကန်ကမှ ဘယ်လို ပြန်တုန့်ပြန်မလဲဆို တာတော့ မသိရသေးပါ ဘူး။ အမေရိကန်က ကမ္ဘာကို မဖော်ပြတဲ့ အရှားပါးဆုံး နည်းပညာတွေချည်း ၁၀မျိုးထက် မနည်း ပါသွားပါတယ်။ အထူးသဖြင့်အမေရိကန်မှာပဲ ရှိတဲ့ တာဝေးပစ် ဒုံးကျည် စနစ် PAC-3 ဖိုင်အားလုံး ပါသွားပါတယ်။ နောက်ဆုံးပေါ် တိုက်လေယာဉ် နည်းပညာ၊ တိုက်ပွဲဝင် ရဟတ်ယာဉ် တည်ဆောက်မှု မှတ်တမ်းနဲ့

အနာဂတ်တွင် လောင်စာဆီ ကပ်ဘေးဆိုက်မည်

တကယ်ပြောတာပါ။ ယုံတမ်းစကား မဟုတ်ပါဘူး။ အနာဂတ်မှာ တကယ် ဆီရှားပါးတော့မှာ ဖြစ်ပါတယ်။ အခုတောင် မပေါပါ ဘူး။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဆီဈေးက တက်နေမြဲ ဖြစ်ပါတယ်။ ဒီတော့ ဆီရှားပါးတဲ့ အနာဂတ်မှာ ကားကို ဘာနဲ့မောင်းမလဲဆိုတာ မေးခွန်း ထုတ်စရာ ရှိလာပါတယ်။
လက်ရှိအသုံးပြုနေတဲ့ ဓာတ်ဆီိ၊ ဒီဇယ်ဆီ၊ ရေနံဆီ၊ လေယာဉ်ဆီ၊ ချောဆီ အားလုံးအာလုံးရဲ့  အဓိက အရင်းအမြစ်က Fossil fuel ဖြစ်ပါ တယ်။ မြန်မာလို တိုက်ရိုက်ဘာသာပြန်တော့ ရုပ်ကြွင်းလောင်စာ ဖြစ်

ဂျပန်အကူအညီဖြင့်ပေါ်ဆန်းမွှေးကို DNA စစ်ဆေးမည်

ကမ္ဘာ အကောင်းဆုံးဆန်ဆုရ မြန်မာ့ဒေသ မျိုးရင်း ရာသီစပါး
ပေါ်ဆန်းမွှေးကို ဂျပန်ကုမ္ပဏီ Mitsui နှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းကာ မျိုးဗီဇ DNA စစ်ဆေးမှု လုပ်ဆောင် မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။ဂျပန်နိင်ငံနှင့် DNA ပူးပေါင်း စစ်ဆေးပြီးလျှင် ပေါ်ဆန်းစပါးမျိုး ကို ရာသီမရွေး၊ ဒေသမရွေး၊ စိုက်ပျိုး နိုင်ရုံသာမက အထွက်နှုန်း တိုးရန်နှင့် ကောက်ကြီးမျိုးဖြစ်သည့်

ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံလာမည်

နှစ်ပေါင်း ၅၀ ကျော်အတွင်း ဗြိတိန် တပ်မတော်ခေါင်းဆောင် တစ်ဦး၏ ပထမဦးဆုံးခရီးစဉ် အဖြစ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆာဒေးဗစ်ရစ်ချတ်သည် ဇွန်လ ပထမပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်း၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက

အမေရိကန် မောင်းသူမဲ့ လေယာဉ်များ တိုက်ခိုက်မှုကို ရပ်တန့်နိုင်ရေး မူဝါဒ ပြဋ္ဌာန်းရန် နာဝပ်ရှာရစ်ဖ်အား နိုင်ငံရေး ခေါင်းဆောင်တစ်ဦး တိုက်တွန်း

ပါကစ္စတန်နိုင်ငံ အတွင်းရှိ လူမျိုးစုများ နေထိုင်ရာ ဒေသများအတွင်း အမေရိကန် မောင်းသူမဲ့ လေယာဉ်များ၏ တိုက်ခိုက်မှုကို ရပ်တန့်ရန်အတွက် ပြတ်သားသော မူဝါဒ တစ်ရပ်ကို ချမှတ်ပေးရန်
ခိုင်တာပတ်သွန် ခဝါပြည်နယ် ဝန်ကြီးချုပ်သစ် ပါဗက်ဇ်ခန် ခတ်တက်က ဝန်ကြီးချုပ်သစ် အဖြစ် ရွေးချယ်ခံထားရသော နာဝပ်ရှာရစ်ဖ်အား တိုက်တွန်းခဲ့ကြောင်း သိရသည်။
မိမိတို့သည် ဗဟိုအစိုးရနှင့် နာဝပ်ရှာ ရစ်ဖ်အား ငြိမ်းချမ်းရေး အတွက် အမေရိကန် မောင်းသူမဲ့

ငယ်စဉ်ကပင် အထီးကျန် စိတ်ဝေဒနာ ခံစားနေရသော ၁၅ နှစ် အရွယ်လူငယ် ရူပဗေဒ ဘာသာရပ်တွင် ဒေါက်တာဘွဲ့ ရယူနိုင်တော့မည်

အသက် ၂ နှစ်အရွယ်ကပင် အထီးကျန် စိတ်ဝေဒနာကို ခံစားခဲ့ရသည့် အမေရိကန် ပြည်ထောင်စု အင်ဒီယာနာ ပြည်နယ်မှ ဂျက်ကော့ဘ်ဆိုသူ ၁၅ နှစ် အရွယ် ကလေးငယ် တစ်ဦးသည် ရူပဗေဒဘာသာရပ်၌ ဒေါက်တာဘွဲ့ပင် ရယူနိုင်တော့မည်ဟု ၎င်း၏ မိခင်က ပြောကြား ထားကြောင်း သိရသည်။
ခရစ္စတင်း ဘားနက်သည် သူမ၏ သားဖြစ်သူ ဂျက်ကော့ဘ်တွင် အဆိုပါ စိတ်ဝေဒနာ ခံစားနေရကြောင်း

ဆားဝက်ခြံများကို တိုက်ထုတ်နည်းများ

မျက်နှာပေါ်မှ ဆားဝက်ခြံများဟာ အလှအပ အတွက် မဟာရန်သူတော်များ ဖြစ်ပါတယ်။ ဒါကြောင့် ဆား ဝက်ခြံကြောင့် စိတ်ညစ်နေရသူတွေ အတွက် တိုက်ထုတ်နည်းလေးတွေ တင်ပြလိုက်ပါတယ်။
 ခရမ်းချဉ်သီးဖျော်ရည်
ခရမ်းချဉ်သီး တွေကို အစေ့တွေဖယ်ပြီး ညှစ်ထားတဲ့ အရည်ကို ဆားဝက်ခြံ ပေါ်မှာ အုပ်တာဟာ အကောင်း ဆုံး ပေါင်းတင် ဆေးပါပဲ။ ခရမ်းချဉ်သီး အ နှစ်ရည်ကို ဆားဝက်ခြံ ဖြစ်တဲ့နေရာမှာ ၁ဝ မိနစ် ခန့်ထားပြီး

ဆီးချိုပျောက်နည်းမျာစွာထဲက လက်တွေ့နည်းလမ်းကောင်းလေး တစ်ခုပါ

အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခုကို တွေ့ရခြင်း ဖြစ်ပါသည်။ ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကိုသွားရောက်ပြပါတယ်။ အထူးကု သမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို

သားအိမ်လမ်းကြောင်း Fistula ရောဂါကို ခွဲစိတ်ကုသလျှင် ပျောက်ကင်းနိုင်

ကမ္ဘာ့ ကျန်းမာရေး ကဏ္ဍတွင် အာဖရိက အမျိုးသမီးများသည် သားအိမ် လမ်းကြောင်းနာ ရောဂါဖြင့် အများ အပြား အသက်ဆုံးရှုံး နေကြရသည်။ ဤရောဂါမျိုးကို အမေရိကန် ပြည်ထောင်စုနှင့် အနောက်တိုင်း နိုင်ငံ များတွင် မကြားဘူးသေးသည့် လက်တွေ့ရောဂါမျိုး ဖြစ်နေသည်။ ထိုနိုင်ငံမှ အမျိုး သမီးတို့၏ အခြေအနေ နှင့် ဂုဏ်သိက္ခာသည် ခင်ပွန်းသည် တစ်ယောက်အား ကလေး အများအပြား မွေးဖွား ပေးနေရသည့် ဓလေ့ ထုံးစံပင် ဖြစ်နေပေ သည်။ မီးယပ်ဆိုင်ရာ သားအိမ်လမ်းကြောင်းနာ ရောဂါသည်

စမတ်ဖုန်း အသုံးပြုရမည့် အိမ်တံခါးသော့

August Smart Lock လို့ အမည်ပေးထားတဲ့ Wireless စနစ်သုံး အိမ်တံခါးသော့ ခလောက် ဖြစ်ပါတယ်။သော့မလို ၊ပတ်စဝေါ့ကုဒ်မလိုတဲ့အီလက်ထရောနစ် သော့ခလောက် ဖြစ်ပါတယ်။ အသုံးပြုရန် အတွက် မိမိ အသုံးပြုတဲ့ စမတ်ဖုန်းမှာ ဆော့ဝဲလ်ကို Install လုပ်ထားရပါမယ်။
မိမိ အိမ်ကို ၀င်စေလိုတဲ့ သူများကို သာ ဖုန်းမှာ ပါတဲ့ ဆော့ဝဲလ်မှာ စာရင်း လုပ်ထားမှာ ဖြစ်ပြီး မိမိအိမ်ထဲမှာ ရှိတဲ့ အချိန် ထိုင်ရာက မထ ဖုန်းဖြင့် တံခါးဖွင့်နိုင်ပါတယ်။ ဒါမှ မဟုတ် မိမိ အိမ်မှာ မရှိတဲ့

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးကဏ္ဍ၌ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုမှာ တစ်နှစ် ပျမ်းမျှသုံးသန်းခန့် အထိရှိကြောင်း သိရ

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးကဏ္ဍ အနေဖြင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မှု အခြေအနေမှာ တစ်နှစ်လျှင် ပျမ်းမျှ (၂ ဒသမ ၅) သန်းမှ သုံးသန်းခန့်ထိ ရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများအပေါ် အခြေခံ၍ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောကြားခဲ့သည်။
အလားတူ ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက်

ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် မြေပေါ်တွင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင် မြေခြံဝန်းများတွင် စိုက်ထူသော မြေစိုက်နှင့် နံရံကပ်ကြော်ငြာ ဆိုင်းဘုတ်များ၏ အခွန်များကို တိုးမြှင့်

ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် မြေပေါ်တွင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင် မြေခြံဝင်းများတွင် စိုက်ထူသော မြေစိုက်နှင့် နံရံကပ် ကုမ္ပဏီကြော်ငြာ ဆိုင်းဘုတ်များ၏ အခွန်များကို လက်ရှိ ကောက်ခံလျက်ရှိသော နှုန်းထားမှ တိုးမြှင့်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြေညာချက်အရ သိရသည်။စည်ပင်သာယာပိုင်မြေတွင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင် မြေပေါ်တွင် ကြော်ငြာသော စတုရန်းပေ

အင်းလေးအင်းနှင့် စံကားအင်းတို့အား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် လေလံတင် ရောင်းချမည်ဟု ကြေညာ

အာဆီယံအမွေအနှစ် ဥယျာဉ်ဖြစ်သည့် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အတွင်းရှိ အင်းလေးကန်နှင့် စံကားအင်းတို့အား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်း ရာသီအတွက် လေလံတင်ရောင်းချရန် ကြေညာထားကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အတွင်းရှိ ဂရန် အင်း/တင်ဒါ ပိုက်ချက်များအား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်း ရာသီအတွက် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချမည် ဖြစ်သဖြင့် မည်သူမဆို ၀ယ်ယူလိုပါက ၂၀၁၃ ခုနှစ် ဇွန် ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ်

ရန်ကုန်မြို့တော်တွင် အသုံးပြုနေသည့် အမှိုက်သိမ်းယာဉ် ၃၀၀ ကျော်အနက် အစီး ၁၀၀ ကျော်မှာ နှစ်ကြာ၍ ဟောင်းနွမ်းနေသည့် ယာဉ်များဖြစ်

ရန်ကုန်မြို့တော်တွင် လက်ရှိ အမှိုက်သိမ်းယာဉ် အစီးရေ ၃၀၀ ကျော်ဖြင့် အမှိုက်သိမ်း လုပ်ငန်းများကို ပြုလုပ်နေပြီး ယင်းတို့အနက်မှ အမှိုက်သိမ်းကားစီးရေ ၁၀၀ ကျော်မှာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်သော ဟောင်းနွမ်းသည့် ယာဉ်များဖြစ်ကြောင်း သိရသည်။သို့သော် ဘဏ္ဍာငွေ အခြေအနေအရ အဆိုပါ အမှိုက်သိမ်းယာဉ် ဟောင်းများကို လက်လွှတ်၍ မရနိုင်သေးဘဲ နှစ်စဉ်ပြုပြင် ထိန်းသိမ်း၍

လာမည့်နှစ်နှစ်အတွင်း ဖုန်းပြောခ နှုန်းထားများ လျော့ကျနိုင်ပြီး အင်တာနက် တပ်ဆင်ခများလည်း အခမဲ့ ဖြစ်လာနိုင်ကြောင်း ဆက်သွယ်ရေး ဒုဝန်ကြီးပြောကြား

ဆက်သွယ်ရေး ကုမ္ပဏီအသစ်နှစ်ခု ရွေးချယ်ပြီး နောက်လာမည့် နှစ်နှစ်အတွင်း၌ ဖုန်းပြောဆိုခ နှုန်းထားများ လျော့ကျလာနိုင်ပြီး Broadband အင်တာနက်လိုင်းများ၏ ကနဦး တပ်ဆင်ခများမှာလည်း အခမဲ့ ဖြစ်လာနိုင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။
''လက်ရှိမှာ မိုဘိုင်းဖုန်း သိပ်သည်းဆက ၇ ရာခိုင်နှုန်းရှိပြီး အင်တာနက် သိပ်သည်းဆကတော့

မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းကောင်းများ ရှိသော်လည်း ယခုအချိန်ထိ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်နေဆဲ ဖြစ်သည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း ကောင်းများရှိသော်လည်း ယခုအချိန်အထိ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်နေဆဲ ဖြစ်သည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမ၌ ဇွန် ၂ ရက် နံနက် ၈ နာရီက ပြုလုပ်ခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားရာ၌ ၎င်းက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
သမ္မတဦးသိန်းစိန်က ''ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ အခြေခံကောင်းတွေ

၂၀၁၀ ရွေးကောက်ပွဲတွင် ၀ှိုက်ကတ် (ယာယီသက်သေခံလက်မှတ်) ဖြင့် မဲပေးခွင့်ပြုခဲ့သော ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ၂၀၁၅ တွင် မဲပေးခွင့်မပြုရန် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များ တောင်းဆိုမည်

ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုခြင်းမှာ ဥပဒေအရ မညီညွတ်ဘဲ ၂၀၁၅ တွင် ၎င်းတို့အား မဲပေးခွင့်ပြုခြင်းကို စိစစ်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြသွားမည်ဟု ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။
ယင်းဝှိုက်ကတ်များကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို

ဒေသန္တရ အမိန့်အား ထောက်ခံသောအားဖြင့် လူထုဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်မည်

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ပြည်နယ်အစိုးရမှ မောင်တောခရိုင်တွင် ထုတ်ပြန်ထားသော လူဦးရေထိန်းချုပ်သည့် ဒေသန္တရ အမိန့်အား ထောက်ခံသောအားဖြင့် လာမည့် ဇွန်လ ၄ ရက်နေ့၌ လူထု ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 အဆိုပါဆန္ဒဖော်ထုတ်ပွဲအား စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေး

လက်ပံတောင်း တောင်သူတွေနဲ့ ကူညီသူကို ထောင်ချ

လက်ပံတောင်း တောင် ဒေသ၊ ဦးပိုင် ကုမ္ပဏီက သိမ်းယူ ထားတဲ့ လယ်မြေ တွေမှာ ဝင်ရောက် ထွန်ယက် ခဲ့ကြတဲ့ ဒေသခံ တောင်သူ နှစ်ဦးနဲ့ သူတို့ အတွက် ကူညီ ဆောင်ရွက် ပေးနေတဲ့ ကိုအောင်စိုး တို့ကို အာဏာပိုင် တွေက ပြစ်ဒဏ် အသီးသီး ချမှတ် လိုက်ပါတယ်။
ကိုအောင်စိုးကို ရွှေဘို အကျဉ်းထောင်မှာ ၁ နှစ်ခွဲ ထောင်ချ လိုက်ပြီ ဆိုတာကို ဆားလင်းကြီး မြို့နယ်မှာ

ငယ်မူငယ်သွေးပြန် သူရဲကောင်းတွေရဲ့ အိုးထရက်ဖို့ဒ်ပွဲ

ဒီပွဲဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကိုပြန်ရောက်သွားသလို ခံစားမှုမျိုး ပေးနိုင်ခဲ့ပြီး ဇီဒန်း၊ ဖီဂို၊ မိုရီယန်တေးစ်၊ မက်ခီလီလီ၊ အာဝင်၊ ဒွိုက်ယော့ခ်၊ ဂျပ်စတမ်းတို့လို ကစားသမားတွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။ ပွဲစဉ်မစတင်ခင်မှာ ဗြိတိန်ပေါ့အဆိုတော် အမ်မီလီယာလိုင်လီရဲ့ ဂီတတင်ဆက်မှုတွေက ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပြီး ဒီပွဲမှာ ပရိသတ် ၆၀၀၀၀ကျော် လာရောက်အားပေးခဲ့ကြပါတယ်။
ရီးရဲလ်အတွက် အဖွင့်ဂိုးကို မက်ခီလီလီရဲ့ဖြတ်တင်ဘောကနေ မိုရီယန်တေးစ်က သွင်းယူပေးခဲ့ပြီး

မိုးမိတ်မြို့တွင် အမှုတစ်ခု ၃ လကြာသော်လည်း တရားရုံးမှ စစ်ဆေးခြင်း မရှိသေး

မိုးမိတ်မြို့တွင် လွန်ခဲ့သော ၃ လခန့်က မိုးမိတ်ရွှေမြင်တင်ဘုရားပွဲတော်မှ လူရိုက်မှုတစ်ခု ယနေ့တိုင် တရားရုံးမှ ခေါ်ယူစစ်ဆေးခြင်း မရှိသေးကြောင်း တရားလို၏ ဖခင်ဖြစ်သူ ကိုကျော်နိုင်က ပြောကြားသည်။ ပြီးခဲ့သည့် မတ်လက ကျင်းပခဲ့သည့် မိုးမိတ်ရွှေမြင်တင်ဘုရား တပေါင်းပွဲတ်ာတွင် မောင်အောင်ကျော်ကိုဆိုသူအား လူခြောက်ဦးက ၀ိုင်းရိုက်ရာ ရဲများကအချိန်မှီ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ မိုးမိတ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းနှင့် အရိုက်ခံရသူမှာ ဦးခေါင်းဒဏ်ရာ (၅၅)ချက်ချုပ်ရကြောင်း

ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံအား အမေရိကန် သတိပေး

စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ ညီလာခံတစ်ခုတွင် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့်နိုင်ရန် ကြိုးပမ်းနေချိန်တွင်
ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်က တရုတ်နိုင်ငံအား သတိပေးခဲ့ကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စုအတွင်း

အနမ်းနဲ့ ကျန်းမာရေး

သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။
ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး ဖတ်ကြည့် ပေါ့နော်။တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် နမ်းတယ် ဆိုတာ ခံစားချက် အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အရပါ ချစ်ခင် နှစ်လိုခြင်းဆိုတဲ့

ဆန္ဒပြ သူတွေကို အာဒိုဂန် ပြစ်တင်ပြန်

တတိယ မြောက်နေ့ ဆက်ပြီး ဆန္ဒပြ နေတဲ့ တူရကီ နိုင်ငံသား တွေကို ဒီမိုကရေစီ ဆန့်ကျင် သူတွေ အဖြစ် ဝန်ကြီးချုပ် ရီဆပ် အာဒိုဂန် က ထပ်မံ ပြစ်တင် ရှုတ်ချ လိုက်ပြန် ပါပြီ။
 အစ္စတန်ဘူလ် မြို့ Besiktas အရပ်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြ သူတွေကို ရဲက အင်အားပြင်း မျက်ရည်ယိုဗုံး တွေ ရေပိုက်တွေ သုံးပြီး လူစုခွဲခဲ့တယ် လို့ သိရ ပါတယ်။
ဗလီ၊ တက္ကသိုလ်တွေနဲ့ ဈေးဆိုင် တွေမှာ ဒဏ်ရာ ရသူတွေကို ကုသဖို့ ယာယီ ဆေးရုံတွေ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...