အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

ရန်ကုန်မြို့တော်တွင် အသုံးပြုနေသည့် အမှိုက်သိမ်းယာဉ် ၃၀၀ ကျော်အနက် အစီး ၁၀၀ ကျော်မှာ နှစ်ကြာ၍ ဟောင်းနွမ်းနေသည့် ယာဉ်များဖြစ်

ရန်ကုန်မြို့တော်တွင် လက်ရှိ အမှိုက်သိမ်းယာဉ် အစီးရေ ၃၀၀ ကျော်ဖြင့် အမှိုက်သိမ်း လုပ်ငန်းများကို ပြုလုပ်နေပြီး ယင်းတို့အနက်မှ အမှိုက်သိမ်းကားစီးရေ ၁၀၀ ကျော်မှာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်သော ဟောင်းနွမ်းသည့် ယာဉ်များဖြစ်ကြောင်း သိရသည်။သို့သော် ဘဏ္ဍာငွေ အခြေအနေအရ အဆိုပါ အမှိုက်သိမ်းယာဉ် ဟောင်းများကို လက်လွှတ်၍ မရနိုင်သေးဘဲ နှစ်စဉ်ပြုပြင် ထိန်းသိမ်း၍ သုံးစွဲနေရဆဲဖြစ်ကြောင်း သိရသည်။
''ရန်ကုန်မြို့တော်ရဲ့ အမှိုက်သိမ်း လုပ်ငန်းအတွက် အမှိုက်သိမ်းကား အစီးရေ ၃၀၀ ကျော်ရှိပါတယ်။ အဲဒီထဲကမှ အမှိုက်ကား အစီးရေ ၁၀၀ ကျော် လောက်က နှစ်ကြာပြီး ဟောင်းနွမ်းနေတယ်။

အဲဒါတွေကို နှစ်စဉ်ပြုပြင်ပြီး သုံးစွဲနေရပါသေးတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ယင်းအမှိုက်သိမ်းကား အဟောင်းများကို ထိန်းသိမ်းပြုပြင်ရခြင်းကြောင့် အချို့နေရာများကို အမှိုက်ကား၏ စွမ်းအားများကို အပြည့်အ၀ သုံးစွဲနိုင်ခြင်း မရှိကြောင်းနှင့် အမှိုက်သိမ်း စနစ်မှာလည်း ခေတ်မမီတော့ကြောင်း သိရသည်။ အမှိုက်သိမ်းယာဉ် အသစ်များကို ၀ယ်ယူခဲ့ရာ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် အစီး ၆၀ ကျော်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆၄ စီးဝယ်ခဲ့ကြောင်း၊ မေလကုန်ပိုင်းတွင်လည်း ဂျပန်နိုင်ငံမှ ၀ယ်ယူထားသည့် အမှိုက်သိမ်းယာဉ်အသစ် ခြောက်စီးထပ်မံ ရောက်ရှိလာကြောင်း သိရှိရသည်။

ဂျပန်မှဝယ်သည့် အမှိုက်သိမ်းယာဉ်များသည် သာမန်အမှိုက်သိမ်း ယာဉ်သေးများထက် သုံးဆခန့် အမှိုက်ဝင်ဆံ့ခြင်း၊ မြေပြင်တွင် ချထားသည့် အမှိုက်ပုံးများကို အမှိုက်သိမ်းဝန်ထမ်း မလိုအပ်ဘဲ အတင်အချ ပြုလုပ်၍ အမှိုက်သယ်ယူ စွန့်ပစ်ခြင်းတို့ကို ပြုလုပ်နိုင်သည်ဟု သိရှိရသည်။

EMG
ရန်ကုန်မြို့တွင်း လိုက်လံအမှိုက်သိမ်းနေသော အမှိုက်သိမ်းယာဉ် တစ်စီးကို တွေ့ရစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...