အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

ရှမ်းတိုင်းရင်းသားများ KIO ကိုယ်စားလှယ်များအား ကြိုဆို နှုတ်ဆက် ရင်း .တောင်းဆိုမှု အချို့ပြုလုပ်

ဗမာအစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံး ကာ မြစ်ကြီးနား မှ လိုင်ဇာသို့ ထွက်ခွာခဲ့သော KIO ကိုယ်စားလှယ်များအား ၀ိုင်းမော်မြို့နယ် တွင် အယောက် ၈၀ ခန့်ရှိ သော ရှမ်းတိုင်းရင်းသားများ ရှမ်းဝတ်စုံ ၀တ် ဆင်ပြီး ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ KIO ကိုယ်စားလှယ်များအား စောင့် ကြိုနှုတ်ဆက်ခဲ့ရင်း နှစ်ဖက်အစိုးရအား တောင်းဆိုမှု အချို့ပြုလုပ်ခဲ့ ကြသည်။
ရှမ်းတိုင်းရင်းသားများသည် အပစ်အခတ်ရပ်စဲရေး အမြန် လက်မှတ် ထိုးပေးရန်၊ငြိမ်းချမ်းရေးအဖွဲ့ ကျန်းမာပါစေ၊ ဖမ်းဆီး ခံထားရသော တိုင်းရင်းသားများအား ပြန်လွတ်ပေးရန်၊ စိုက်ပျိုးမြေတွင် ထောင်ထားသော “မိုင်း” များအား ပြန်ဖော်ထုတ်ပေးရန်၊ကချင်ပြည်နယ်တွင်းရှိ ရှမ်းမျိုးနွယ်စု များအား ပေါ်တာဆွဲခြင်း၊ စစ်သားအဖြစ် စုဆောင်းဖြင်းမှ ရပ်တန့်ပေးရန် နှင့် အကြောက်တရားကင်းစွာ လယ်လုပ်ခွင့် ပြုရန်စသည့် ဆိုင်းပုဒ်များ ကိုင်ဆောင် ရင်း နှစ်ဖက်အစိုးရအား တောင်းဆိုခဲ့ကြသည်။

“ကျွန်တော်တို့က ဆန္ဒပြတာလည်း မဟုတ်ဘူး။ လူကြီးတွေ ပြန်တဲ့လမ်းကို တားဆီး ပိတ်ပင် တာလဲ မဟုတ်ဘူး။ ဒါကျွန်တော်တို့ရဲ့ ဆန္ဒတွေ ကို သိခွင့်ပေး လိုက်တာပဲ။ အပစ်အခတ် အမြန်ရပ်စဲ မှ ကျွန်တော်တို့ အေးအေး ချမ်းချမ်း လယ် လုပ်ချင်တယ်။” ဟု ဦဆောင်ပါဝင်သူ ဦးဆန်းဝေက ဆိုသည်။

အဆိုပါ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည့် ရှမ်းတိုင်းရင်းသားများဟာ တာလောကြီး၊ ခပ်ချို၊ မိုင်းနားနှင့် ၀ိုင်းမော်မြို့ရှိသော ရှမ်းတိုင်းရင်းသား ဒေသခံ များ ဖြစ်ကြ သည်။

KIO ဒုဗိုလ်ချုပ်ဂွန်မော်က လည်း ရှမ်းတိုင်းရင်းသားများ တောင်းဆိုသော အပစ်အခတ်ရပ်စဲရေး လက်မှတ် အမြန်ထိုးပေးပါ ဆိုသည့် အချက်အပေါ် “ကျွန်တော်တို့လည်း ဒါတောင်းဆိုနေတာကြာပါပြီ။ အစိုးရနှင့် ကျွန်တ်ာတို့ KIO ဆက်လက် ညှိနိုင်းသွားမှာပါ။” ဟု ပြောဆိုခဲ့သည်။

DVB

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...