ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ
ဝန်ကြီး ဦးအောင်မင်းတို့အဖွဲ့သည် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင်
ပြည်သူများအ တွက် ငွေကျပ်(၁၁၉)သိန်း လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
မြစ်ကြီးနားမြို့တွင် ကချင်စစ်ဘေးရှောင်ဒုက္ခသည်စခ န်း (၂၅)ခုရှိပြီး အဆိုပါ စခန်းများမှ အိမ်ထောင်စုတစ်ခုလျင် ငွေကျပ် (၆၀၀၀)နှုန်းဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအနေဖြင့် အဆိုပါ ဒုက္ခသည်စခန်းများသို့ သွားရောက်စဉ် မတရားအသင်းအက် ဥပဒေပုဒ်မ၁၇(၁)ဖြင့် ထိန်းသိမ်းခြင်းခံရသူများမှ တစ်ဦးဖြစ်သည့် ဦးလထော်ဘရန်ရှောင်ကို တစ်ပတ်အတွင်း ပြန်လည်လွတ်မြောက်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါ မိသားစုဝင်အား ပြောကြားခဲ့သည်။
“အခု တရားရုံးချိန်းကို နောက်ဆုံး ဖြစ်စေရမယ်။သူကို့တစ်ပတ်အတွ င်း စီစဉ်ဆောင်ရွက်ပေးသွားမှာပါ ” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ်များသည် မေလ(၃၁)ရက်နေ့၌ ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကာ ဇွန်(၁)ရက်နေ့တွင် မြစ်ကြီးနား မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
“ကျွန်တော်တို့ ရဲ့  KIO ခေါင်းဆောင်တွေ ကို လေးစားတဲ့ အတွက် လိုက်ပို့ တာပါ။ နောက်တစ်ခါ မြစ်ကြီးနားမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လုပ်ရင် ဒီထက်ပိုများတဲ့ လူအင်အားနဲ့ ကျွန်တော်တို့ ခေါင်းဆောင်တွေကို ကြိုဆိုပြီး အခုလိုပဲ သူတို့ ကို ပြန်လိုက်ပို့ မှာပါ” ဟု ကချင်လူငယ်တစ်ဦးက ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းရှိ မဂျွယ်ခန်းမ တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ၀န်ကြီးဦးအောင်မင်းတို့နှင့်KIOကိုယ်စားလှယ်တို့(၃)ရက်ကြာ
တွေ့ဆုံဆွေးနွေးပွဲ၌ နှစ်ဖက် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက် (၇)ချက်
ကို ပြည်သူအများကလည်း ကျေနပ်အားရမှုရှိကြောင်း သိရှိရသည်။
အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့မှလည်း အဆိုပါ သဘောတူ ညီချက်(၇)ချက်ကို ထောက်ခံကြောင်း နှင့် လူမှုရေးအသင်းအဖွဲ့များမှ ဒုက္ခသည်စခန်းများသို့ လာရောက်ထောက်ပံ့ပေးခြင်းကို လည်း တားမြစ်ခြင်းမပြုလုပ်ရန် တိုက်တွန်းလိုကြောင်း မေလ(၃၁)နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အမွန်း (မြစ်မခ) /မြန်မာခရိုနီကယ်
မြစ်ကြီးနားမြို့တွင် ကချင်စစ်ဘေးရှောင်ဒုက္ခသည်စခ
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအနေဖြင့် အဆိုပါ ဒုက္ခသည်စခန်းများသို့ သွားရောက်စဉ် မတရားအသင်းအက် ဥပဒေပုဒ်မ၁၇(၁)ဖြင့် ထိန်းသိမ်းခြင်းခံရသူများမှ
“အခု တရားရုံးချိန်းကို နောက်ဆုံး ဖြစ်စေရမယ်။သူကို့တစ်ပတ်အတွ
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ်များသည် မေလ(၃၁)ရက်နေ့၌ ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကာ ဇွန်(၁)ရက်နေ့တွင် မြစ်ကြီးနား မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
“ကျွန်တော်တို့ ရဲ့  KIO ခေါင်းဆောင်တွေ ကို လေးစားတဲ့ အတွက် လိုက်ပို့ တာပါ။ နောက်တစ်ခါ မြစ်ကြီးနားမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လုပ်ရင် ဒီထက်ပိုများတဲ့ လူအင်အားနဲ့ ကျွန်တော်တို့ ခေါင်းဆောင်တွေကို ကြိုဆိုပြီး အခုလိုပဲ သူတို့ ကို ပြန်လိုက်ပို့ မှာပါ” ဟု ကချင်လူငယ်တစ်ဦးက ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းရှိ မဂျွယ်ခန်းမ တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတ
အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့မှလည်း အဆိုပါ သဘောတူ ညီချက်(၇)ချက်ကို ထောက်ခံကြောင်း နှင့် လူမှုရေးအသင်းအဖွဲ့များမှ ဒုက္ခသည်စခန်းများသို့ လာရောက်ထောက်ပံ့ပေးခြင်းကို
အမွန်း (မြစ်မခ) /မြန်မာခရိုနီကယ်