အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

တရားရုံးမပြောင်းပေးပါက အင်းလေးဟိုတယ်ဇုန် တရားစွဲခံရသူများ အမှုရင်ဆိုင်မည်မဟုတ်ဟုဆို

အင်းလေးကန် ဟိုတယ်ဇုန် စီမံကိန်းကို ကန့်ကွက် တားဆီး မှုများ ပြုလုပ်သည်ဟု ဆိုကာ တရားစွဲ ဆိုထားခြင်းခံရသူ ခုနစ်ဦး သည် သက်ဆိုင်ရာ တာဝန်ရှိသူများက ညောင်ရွှေတရားရုံးသို့ အမှု ပြောင်းရွှေ့ပေးခြင်း မရှိပါက ဇွန်လ ၄ ရက် နေ့တွင် ကလော တရားရုံးသို့ သွားရောက်ကာ အမှုရင်ဆိုင်မည် မဟုတ်ကြောင်း အဆိုပါ တရားစွဲဆိုခြင်း ခံထားရသူများက ပြောကြားသည်။
အင်းလေးဒေသ သလဲဦးကျေးရွာမှ မိုင်၄၀ ကွာဝေးသည့် ကလော တရားရုံးသို့ သွားရောက်ရသည်မှာ ခရီးအလွန် ကွာဝေးခြင်းကြောင့် တရားရုံး ပြောင်းလဲပေးရန် ၎င်းတို့က မေလ ၁၀ ရက်နေ့က တောင်းဆိုခဲ့ပြီး ယင်း တောင်းဆိုချက်ကို လိုက်လျောခြင်း မရှိဘဲ ကလော တရားရုံးတွင်သာ ရုံးထုတ် မည်ဆိုပါက အမှု ရုံးချိန်းနေ့တွင် ၄င်းတို့ ခုနစ်ဦးမှာ သွားရောက် အမှုရင်ဆိုင်မည် မဟုတ်ကြောင်း တရားစွဲဆို ထားခြင်းခံရသူ ဦးအောင်ကျော်မိုးက ဆိုသည်။

“ဒီအမှုကတော့ မတရားဘူးလို့ ထင်တဲ့အတွက် သူတို့အနေနဲ့ လုပ်ထုံးလုပ်နည်းအရ ဆိုပြီး ဖမ်းမယ် ဆိုရင်လည်း အဖမ်းခံဖို့ အသင့်ပါပဲ” ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက် ပြောဆိုသည်။

၎င်းတို့သည် အင်းလေးကန် ဟိုတယ် ဇုန်စီမံကိန်းကို တားဆီး ကန့်ကွက်ခဲ့သည်ဟု ဆိုကာ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ အတွင်းကစ၍ တရားစွဲ ခံထားရခြင်း ဖြစ်ပြီး ညောင်ရွှေမြို့နယ် တရားရုံး တွင် လေးကြိမ်၊ တောင်ကြီးမြို့နယ် တရားရုံးတွင် လေးကြိမ် နှင့် ကလောမြို့နယ် တရားရုံးတွင် နှစ်ကြိမ် ကြားနာ စစ်ဆေးပြီး ဖြစ်သည်။

ဥပဒေကြောင်းအရ သက်ဆိုင်ရာ တရားရုံးက ဆောင်ရွက်နေဆဲ အမှုအခင်းသာ ဖြစ်ပြီး ထိခိုက် နစ်နာစေလိုခြင်း မရှိကြောင်း ရှမ်းပြည်နယ် အစိုးရ တာဝန်ရှိသူ တစ်ဦးက အင်းလေး ဟိုတယ်ဇုန် စီမံကိန်းကြောင့် ဒေသခံများကို တရားစွဲဆိုရခြင်း အကြောင်း ကို ပြောဆိုသည်။

“အဲဒါက တရားသူကြီး အပိုင်းပါ။ကျွန်တော်တို့နဲ့ မဆိုင်ဘူး။တရားသူကြီးက ဆုံးဖြတ်ရမှာ။ သူတို့ ရုံးချိန်းကို လာတာ မလာတာ ကတော့ သူ့တို့အပိုင်း။ တရားစီရင်ရေး အတိုင်းပဲ လုပ်ဆောင် သွားမှာပဲ” ဟု ညောင်ရွှေ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...