အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

စင်္ကာပူမှ မြန်မာလုပ်သား ခေါ်ယူမှု ပြန်မြင့်တက်လာ

စင်္ကာပူနိုင်ငံအခြေစိုက်စက်ရုံ၊အလုပ်ရုံများကမြန်မာလုပ်သားများကိုခေါ်ယူမှုပြန်လည်မြင့်တက်လာကြောင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ သိရသည်။“စင်္ကာပူနိုင်ငံမှာ စီမံကိန်းအသစ်တွေ ဝင်လာတဲ့အတွက် မြန်မာနိုင်ငံက လုပ်သားတွေကို ခေါ်ယူလာတာ တွေ့ရပါတယ်။ အဓိက ကတော့ မြန်မာလုပ်သားတွေက အခြား နိုင်ငံသားတွေထက် လုပ်ငန်းခွင်အတွင်းမှာ အလုပ်ကိုသေချာလုပ်တယ်၊ ကြိုးစားမှု ရှိတာတွေကြောင့် ဦးစားပေး ခေါ်ယူတာလို့ သိရပါတယ်” ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေး
အေဂျင်စီတခုမှ မန်နေဂျာ ဒေါ်အေးအေးလင်း က ပြောသည်။

ယခုအခါ စင်္ကာပူရှိ Kappel Sea Scan၊ Hui  Kon ၊ Hong Ye Marine၊ Alliance  Marine နှင့် Henen Hopman စသည့် ကုမ္ပဏီများမှ လက်သမား၊ အထွေထွေလုပ်သား၊ ဂဟေဆက်၊ လျှပ်စစ်ပစ္စည်း၊ ဆေးမှုတ်လုပ်ငန်း စသည့် စက်ရုံများမှ ကျွမ်းကျင်လုပ်သားများ ခေါ်ယူနေခြင်း ဖြစ်သည်။

“ပြည်ပနိုင်ငံများကို သွားရောက် အလုပ်လုပ်ကိုင်သူ အများစုက ထိုင်းနိုင်ငံကို သွားသူက အများဆုံး ရှိနေပါတယ်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၀၃ ခုနှစ်မှာ အလုပ်သမားခန့်ထားခြင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်” ဟု အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

မြန်မာများ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်၊ အရှေ့အလယ်ပိုင်း အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိကြောင်း သိရသည်။

ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့မှာ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိ၍ လုပ်ကိုင်ခွင့် ယာယီ ပိတ်ပင်ခဲ့ကြောင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ သိရှိရသည်။

ခင်မျိုးသွယ် | ရန်ကုန် (မဇ္ဈိမ)
by Mizzima - News in Burmese

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...