အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

ရတနာပုံ မှန်ဘီလူး စက်ရုံ အလုပ်သမားများ ဆန္ဒပြနေ

ယနေ့ ဇွန်လ (၃)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ ပြင်စာကျေးရွာအနီး ရှိ ရတနာပုံ ဆိုက်ဘာစီးတီးရှိ ဘက်ထရန်စမစ်ရှင်း (မှန်ဘီလူး စက်ရုံရှိ အလုပ်သမားများ ဆန္ဒပြ ) BT စက်ရုံမှာ အလုပ်သမားများ ဆန္ဒပြနေကြကြောင်း သတင်းရရှိပါတယ်။ အဆိုပါ စက်ရုံက အခြေခံလစာ ၄ သောင်း ၃ ထောင်ကနေ ယခု ၃ ထောင်တိုးပြီး ၄သောင်း ၆ ထောင် ဖြစ်လာပြီးနောက် တစ်နေ့ကို ချိုးရေ
တစ်နာရီသာ ပေးတယ်၊ အိမ်သာရေကို လဲဖျက်ထားပါတယ်၊ ဒါကြောင့် ဆန္ဒပြတာလို့ ဆန္ဒပြသူတွေက Myanmar News Now ကို သိရပါတယ်

ဝန်ထမ်းပေါင်း ၁ ထောင်ကျော်ကို ရေတစ်နာရီထဲပေးရုံနဲ့ မလုံလောက်ဘူး ထင်ပါတယ်၊ ပိုင်ရှင်မှာတရုတ်တွေဖြစ်ကြပါတယ်၊ မနက်စာကို ထမင်းကြမ်းကျွေးပါတယ်၊ နေ့လည်စာဟင်းကိုလဲ ကြက်အရိုး တစ်တုံးသာပေး တယ်လို့ BT ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

သစ်ထူးလွင်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...