အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

၂ဝ၁၅ ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် အချိုးကျကိုယ်စားပြုမဲစနစ် ရခိုင်ပါတီများ ကန့်ကွက်

ရခိုင်ပါတီနှစ်ခုဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့က
ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်၏ ၂ဝ၁၅ ရွေးကောက်ပွဲတွင် သုံးမည့်အချိုးကျ ကိုယ်စားပြုစနစ်ကို ကန့်ကွက်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။ALD ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်တိုင်းရင်းသားတို့၏ အကျိုးစီးပွားကို ရှေး ရှုကာ အချိုးကျ ကိုယ်စားပြုစနစ်ကို လက်မခံနိုင်ဟု ဇွန်လ ၁ ရက်နေ့ တောင်ကုတ်မြို့၊ ပါတီဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲ အခမ်းအနားတွင် ပြောဆိုသည်။

''PR စနစ်ကို အတည်ပြုဖို့ လွှတ်တော်ကို တင်ပြခဲ့တယ်။ စာမိတ္တူကို နိုင်ငံရေးပါတီတွေကို ပေးခဲ့တယ်။ တချို့ ပါတီတွေက ဒီစနစ်ကို လက်ခံချင်ကြတယ်။ သို့ သော် လက်ရှိ ရခိုင်ဒေသအခြေအနေအရ ALD အနေနဲ့ PR ကို လုံးဝ လက်ခံလို့မဖြစ်ဘူး။'' ဟု ပြောသည်။

RNDP ၏ေ မလ၂၇နေ့မှ၂ ၉ရက်နေ့ထိ အမ်းမြို့၌ ကျင်းပသော ဗဟိုကော်မတီနှစ်ပတ်လည် အစည်းအဝေး တွင် (PR) စနစ်ကျင့်သုံးမည့်အစီအစဉ်အား ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

ကန့်ကွက်ရခြင်းနှင့်စပ်လျဉ်း၍ RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ''ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် ပါတီတွင်း အချင်းချင်းပြဿနာဖြစ်လာနိုင်သလို နိုင်ငံရေးပါတီတွေအချင်းချင်းလည်း ပဋိပက္ခဖြစ်လာနိုင်တယ်။ ဒီမိုကရေစီစနစ်နဲ့ အသားကျပြီး ရင့်ကျက်တည်ငြိမ်တဲ့ နိုင်ငံရေးအနေအထားကို မရောက်မချင်း ပြည်သူ အားလုံး မဲပေးရွေးချယ်ခွင့်ရှိတဲ့ ရွေးကောက်ပွဲစနစ်နဲ့ပဲသွားသင့်တယ်'' ဟု ပြောသည်။

အချိုးကျကိုယ်စားပြုစနစ် PR မှာ ရွေးကောက်ပွဲ၌ မဲအများဆုံးရပါတီက အပြတ်အသတ်အနိုင်ရခြင်းမျိုး မဟုတ်ဘဲ၊ ပါတီတစ်ခုချင်းစီ၏မဲရရှိမှု အရေအတွက်ကိုလိုက်၍ အချိုးကျ ကိုယ်စားလှယ်လောင်းရရှိသည့် စနစ်ဖြစ်သည်။

Mizzima News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...