စင်ကာပူနိုင်ငံတွင်
ကျင်းပပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ ညီလာခံတစ်ခုတွင် အမေရိကန်
ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို
တိုးမြှင့်နိုင်ရန် ကြိုးပမ်းနေချိန်တွင်
ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်က တရုတ်နိုင်ငံအား သတိပေးခဲ့ကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စုအတွင်း ဆိုက်ဘာခြိမ်းခြောက်မှု အန္တရာယ်များ မြင့်တက်လာခြင်းနှင့် ပတ်သက်၍ အမေရိကန် အစိုးရက စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများအနက် အချို့တိုက်ခိုက်မှုသည် တရုတ်အစိုးရ စစ်တပ်တို့နှင့် ဆက်နွှယ်လျက် ရှိကြောင်း သိရသည်။ ထို့ပြင် ဆိုက်ဘာတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံအား ပြစ်တင်ဝေဖန်သည့် အမေရိကန် အရာရှိကြီးများအနက် ဟေဂယ်လ်သည် ပထမဆုံး မဟုတ်ကြောင်းသိရသည်။ အမေရိကန် ပြည်ထောင်စု တွင် ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်များ လျှော့ချလျက်ရှိသော်လည်း ကာကွယ်ရေး ဝန်ကြီးဌာနသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ၊ စစ်ဘက်သုံး သင်္ဘောများနှင့် လေယာဉ်များကို ပစိဖိတ်ဒေသများသို့ ပြောင်းရွှေ့မည် ဖြစ်ကြောင်း အဆိုပါညီလာခံတွင် အာရှနိုင်ငံများအား ဟေဂယ်လ်က အခိုင်အမာ ပြောကြား ခဲ့သည်။
မြ၀တီ