အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

စမတ်ဖုန်း အသုံးပြုရမည့် အိမ်တံခါးသော့

August Smart Lock လို့ အမည်ပေးထားတဲ့ Wireless စနစ်သုံး အိမ်တံခါးသော့ ခလောက် ဖြစ်ပါတယ်။သော့မလို ၊ပတ်စဝေါ့ကုဒ်မလိုတဲ့အီလက်ထရောနစ် သော့ခလောက် ဖြစ်ပါတယ်။ အသုံးပြုရန် အတွက် မိမိ အသုံးပြုတဲ့ စမတ်ဖုန်းမှာ ဆော့ဝဲလ်ကို Install လုပ်ထားရပါမယ်။
မိမိ အိမ်ကို ၀င်စေလိုတဲ့ သူများကို သာ ဖုန်းမှာ ပါတဲ့ ဆော့ဝဲလ်မှာ စာရင်း လုပ်ထားမှာ ဖြစ်ပြီး မိမိအိမ်ထဲမှာ ရှိတဲ့ အချိန် ထိုင်ရာက မထ ဖုန်းဖြင့် တံခါးဖွင့်နိုင်ပါတယ်။ ဒါမှ မဟုတ် မိမိ အိမ်မှာ မရှိတဲ့ အချိန် အိမ်ထဲ ၀င်စေလိုတဲ့ သူကို ဖုန်းနဲ့ အတည်ပြုပေးထားပြီး ၀င်ခွင့်ပေးနိုင်ပါတယ်။

ဖုန်းမှာ ထည့်သွင်းထားတဲ့ အချက်အလက်များမှာ မိမိ အိမ်ထဲ ၀င်စေလိုတဲ့ သူများကိုသာ တံခါးအလိုအလျောက် ဖွင့်ပေးမှာ ဖြစ်တဲ့ အတွက် မိမိမ၀င်စေလိုတဲ့ သူများကိုလည်း တံခါးပိတ်ထားနိုင်ပါတယ်။

နောက်ပြီး တံခါးမှာ တပ်ထားတဲ့ အီလက်ထရောနစ် သော့ခလောက်ဟာ ကိုယ်ပိုင် ဘတ္တရီ အားကို အသုံးပြုထားပါတယ်။ ဒီတော့ မီးပျက်ရင် အလုပ်မလုပ်မှာကိုလည်း စိုးရိမ်စရာမလိုပါဘူး ။

မိမိ အိမ်ကို ၀င်ခွင့်ပြုထားတဲ့ သူတွေကိုလည်း ဘယ်အချိန် ဘယ်နှစ်နာရီမှာ ၀င်ရောက်သွားတယ်ဆိုတာကို မိမိ အိမ်မှာ မရှိတဲ့ အချိန်မှာလည်း ချိတ်ဆက်ထားတဲ့ စမတ်ဖုန်းမှာ အသိပေး စာ ပို့ ပေးမှာ ဖြစ်ပါတယ်။

အကယ်လို့ မိမိ ဖုန်းချို့ ယွင်းမှု့ ကြောင့် တစ်စုံတစ်ရာ ဖြစ်ခဲ့ ရင်လည်း ရိုးရိုး သော့တံ ဖြင့်ပါ အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။

ဒီ Smart Lock အကြောင်းကို လေ့လာလိုရင် အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

>> http://www.youtube.com/watch?feature=player_embedded&v=EFlPncm4fnY#!

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...