မိုးမိတ်မြို့တွင် လွန်ခဲ့သော ၃ လခန့်က မိုးမိတ်ရွှေမြင်တင်ဘုရားပွဲ တော်မှ လူရိုက်မှုတစ်ခု ယနေ့တိုင် တရားရုံးမှ ခေါ်ယူစစ်ဆေးခြင်း မရှိသေးကြောင်း တရားလို၏ ဖခင်ဖြစ်သူ ကိုကျော်နိုင်က ပြောကြားသည်။ ပြီးခဲ့သည့် မတ်လက ကျင်းပခဲ့သည့် မိုးမိတ်ရွှေမြင်တင်ဘုရား တပေါင်းပွဲတ်ာတွင် မောင်အောင်ကျော်ကိုဆိုသူအား
လူခြောက်ဦးက ၀ိုင်းရိုက်ရာ ရဲများကအချိန်မှီ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊
မိုးမိတ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းနှင့် အရိုက်ခံရသူမှာ ဦးခေါင်းဒဏ်ရာ
(၅၅)ချက်ချုပ်ရကြောင်း ဆရာဝန် ဆေးစစ်ချက်မှတ်တမ်းအရ သိရသည်။
လူမှားရိုက်ခံရတာလို့လဲကြား တယ်၊
ဖြစ်ဖြစ်ခြင်းညမှာပဲ အမှုဖွင်ထားတာ ဒီနေ့ထိအမှုက ဘာမှန်းမသိရသေးဘူး၊
ဘာဖြစ်လို့လဲဆိုတာ သိချင်တယ်ဟု အရိုက်ခံရသူ၏ ဖခင်ကိုကျော်နိုင်က
ပြောကြားသည်။
မိုးမိတ်ရဲစခန်းမှူးဦးလူလှက
ဒီအမှုက လူရိုက်မှု ဟုတ်ပါတယ်၊ အာမခံပုဒ်မနဲ့တရားရုံးမှာ
အမှုစွဲတင်ထားပြီးပါပြီ၊ အမှုကြန့်ကြာနေတာကတော့ တရားရုံးနဲ့ပဲဆိုင်ပါတယ်ဟု
ပြောကြားသည်။
အရိုက်ခံရသူ မောင်အောင်ကျော်ကိုက အဲဒီညမှာ ကျွန်တော်က သူငယ်ချင်းတစ်ယောက်ကို စောင့်နေရင်း အနောက်ကနေ လူတစ်စုဝင်ရိုက် သွားတာခံရတာပဲ၊ ဒီနေ့ထိအမှုကဘာမှန်း မသိသေးဘူး၊ အာမခံပေးထားတဲ့ တရားခံတွေ တချို့ထွက်ပြေး တိမ်းရှောင်နေပြီလို့တောင် ကြားရတယ်၊ အမှုက ကြာနေပြီ သက်ဆိုင်ရာဌာနက အလုပ်မလုပ်ကြဘူးလို့ ထင်တယ်လေဟု ပြောကြားသည်။
မိုးမိတ်ရွှေမြင်တင်ဘုရား တပေါင်းပွဲတ်ာသည် ၃ ရက်တိုင် နှစ်စဉ် ကျင်းပခြင်းဖြစ်ပြီး မိုးမိတ်မြို့တွင် အကျော်ကြားဆုံးနှင့် အစည်ကားဆုံး ဘုရားပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။
့မြန်မာ့ခေတ်
လူမှားရိုက်ခံရတာလို့လဲကြား
မိုးမိတ်ရဲစခန်းမှူးဦးလူလှက
အရိုက်ခံရသူ မောင်အောင်ကျော်ကိုက အဲဒီညမှာ ကျွန်တော်က သူငယ်ချင်းတစ်ယောက်ကို စောင့်နေရင်း အနောက်ကနေ လူတစ်စုဝင်ရိုက် သွားတာခံရတာပဲ၊ ဒီနေ့ထိအမှုကဘာမှန်း မသိသေးဘူး၊ အာမခံပေးထားတဲ့ တရားခံတွေ တချို့ထွက်ပြေး တိမ်းရှောင်နေပြီလို့တောင် ကြားရတယ်၊ အမှုက ကြာနေပြီ သက်ဆိုင်ရာဌာနက အလုပ်မလုပ်ကြဘူးလို့ ထင်တယ်လေဟု ပြောကြားသည်။
မိုးမိတ်ရွှေမြင်တင်ဘုရား တပေါင်းပွဲတ်ာသည် ၃ ရက်တိုင် နှစ်စဉ် ကျင်းပခြင်းဖြစ်ပြီး မိုးမိတ်မြို့တွင် အကျော်ကြားဆုံးနှင့် အစည်ကားဆုံး ဘုရားပွဲတော်တစ်ခုဖြစ်ကြောင
့မြန်မာ့ခေတ်