အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

ယင်းလက်ရှင်နာဝပ်အစိုးရကို ထိုင်းရုပ်သေးအစိုးရအဖြစ် ဆန္ဒပြ

အဖြူရောင်မျက်နှာဖုံးတွေ အများအပြား ၀တ်ဆင်ထားတဲ့ ဆန္ဒပြသူတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ဝန်ကြီးချုပ် ယင်းလက်ရှင်နာဝပ် အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ဘန်ကောက်မြို့ရဲ့ စီးပွားရေး အချက်အခြာကျတဲ့ နေရာတ၀ိုက်မှာ တနင်္ဂနွေနေ့က ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြတာပါ။သူတို့ကိုယ်သူတို့ မျက်နှာဖုံးဖြူ တပ်ဆင်သူများလို့
အမည်တပ်ထားကြသူတွေက အစိုးရဟာ ၂၀၀၆ ခုနှစ်တုန်းက ဖြုတ်ချခံခဲ့ရပြီး တိုင်းပြည်ကနေ တိမ်းရှောင်နေရတဲ့ အရင် ၀န်ကြီးချုပ်ဟောင်း တက်ဆင်  ရှင်နာဝပ်ရဲ့ ကြိုးဆွဲရာ ကနေတဲ့ အစိုးရသာဖြစ်တယ် ဆိုပြီးတော့ ဝေဖန်ကြပါတယ်။

အစိုးရအပေါ် ထောက်ခံသူတွေကလည်း တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ဆန္ဒထုတ်ဖော်ပြသကြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...