အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

ဆားဝက်ခြံများကို တိုက်ထုတ်နည်းများ

မျက်နှာပေါ်မှ ဆားဝက်ခြံများဟာ အလှအပ အတွက် မဟာရန်သူတော်များ ဖြစ်ပါတယ်။ ဒါကြောင့် ဆား ဝက်ခြံကြောင့် စိတ်ညစ်နေရသူတွေ အတွက် တိုက်ထုတ်နည်းလေးတွေ တင်ပြလိုက်ပါတယ်။
 ခရမ်းချဉ်သီးဖျော်ရည်
ခရမ်းချဉ်သီး တွေကို အစေ့တွေဖယ်ပြီး ညှစ်ထားတဲ့ အရည်ကို ဆားဝက်ခြံ ပေါ်မှာ အုပ်တာဟာ အကောင်း ဆုံး ပေါင်းတင် ဆေးပါပဲ။ ခရမ်းချဉ်သီး အ နှစ်ရည်ကို ဆားဝက်ခြံ ဖြစ်တဲ့နေရာမှာ ၁ဝ မိနစ် ခန့်ထားပြီး ရေအေးဖြင့် ပြန်လည် ဖယ်ရှားပါ။

ရွှံ့စေးရေ
ရွှံ့စေးရေကတော့ ဝက်ခြံက အဆီတွေကို စုပ်ယူမယ့် အကောင်းဆုံး သဘာ ဝရေပါ။ ဆိုးဝါးပြင်းထန်တဲ့ ဝက်ခြံတွေ အတွက် လိမ်းရလည်းအေးပြီး အဆီ စုပ်မှုလည်း အားကောင်းတဲ့ ရွှံ့ရေ ပေါင်းတင်ဆေးက ပိုမို ထိရောက်ပါတယ်။ ဈေးကွက်ထဲမှာ အသင့်လုပ်ပြီးသား ရွှံ့အခြေခံ ပေါင်းတင်ဆေးတွေ ရှိပါ တယ်။

နွားနို့ရည်
နွားနို့စစ်စစ် အနည်းငယ်ကို ဂွမ်းသန့်သန့်လေးနဲ့ အနည်းငယ်ယူပြီး အမည်း စက်တွေ ပေါ်ကို ၁၅ မိနစ်ခန့် ထားပေးပါ။ အမည်းစက် သို့မဟုတ် ဝက်ခြံေ ခါင်းတွေ နူးညံ့လာပြီး ဖယ်ရ ပိုလွယ်ကူတာ တွေ့ရပါမယ်။

သွားတိုက်ဆေး
နှာခေါင်းပေါ်က အမည်းစက်၊ ဆားဝက်ခြံတွေ အတွက် အရိုးရှင်းဆုံး နည်းက သွားတိုက်ဆေးပါ။ သွားတိုက် ဆေး အနည်းငယ်ကို ရေစွတ်ထားတဲ့ နှာခေါင်းပေါ် လိမ်းပေးပါ (မျက်လုံးကို သတိထားပါ) စိုနေတဲ့ သွားတိုက်တံလေးနဲ့ သွားတိုက်ဆေး ပွတ်ထားတဲ့ နေရာကို ဖြည်းဖြည်းလေး နေ့စဉ် ပွတ်ပေးပါ။ ဒီနည်း လမ်းဟာ အငြင်းပွားဖွယ်ရာ ရှိပေမဲ့ ဆားဝက်ခြံ ရှိသူများ အတွက်ေ တာ့ အလွယ်ဆုံး နည်းလမ်းလေးပါ။ ဒီနည်းသုံးပြီးလျှင် သွားပွတ်တံကို ရေေ နွး ပူပူဖြင့် စေ့စပ်စွာ ဆေးကြော သန့်စင်ပါ။ ကြယ်ရီ

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...