အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

လာမည့်နှစ်နှစ်အတွင်း ဖုန်းပြောခ နှုန်းထားများ လျော့ကျနိုင်ပြီး အင်တာနက် တပ်ဆင်ခများလည်း အခမဲ့ ဖြစ်လာနိုင်ကြောင်း ဆက်သွယ်ရေး ဒုဝန်ကြီးပြောကြား

ဆက်သွယ်ရေး ကုမ္ပဏီအသစ်နှစ်ခု ရွေးချယ်ပြီး နောက်လာမည့် နှစ်နှစ်အတွင်း၌ ဖုန်းပြောဆိုခ နှုန်းထားများ လျော့ကျလာနိုင်ပြီး Broadband အင်တာနက်လိုင်းများ၏ ကနဦး တပ်ဆင်ခများမှာလည်း အခမဲ့ ဖြစ်လာနိုင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။
''လက်ရှိမှာ မိုဘိုင်းဖုန်း သိပ်သည်းဆက ၇ ရာခိုင်နှုန်းရှိပြီး အင်တာနက် သိပ်သည်းဆကတော့ ဖုန်းအင်တာနက် သုံးစွဲမှုတွေ အပါအ၀င်ဆိုရင် ၁ ရာခိုင်နှုန်းကျော်ရှိ လာပါတယ်။ မြန်မာနိုင်ငံရဲ့ GDP က ဒေါ်လာ ၁၀၀၀ အောက်ပဲ ရှိသေးပြီး ဖုန်းခေါ်ဆိုခနှုန်းထားက များနေပါသေးတယ်။ မိုဘိုင်းဖုန်း အသုံးပြုမှု တိုးတက်လာဖို့အတွက် နိုင်ငံတကာရဲ့ လုပ်ဆောင်မှုတွေကို ကြည့်မယ်ဆိုရင် မိုဘိုင်းဖုန်း သိပ်သည်းဆ ၃၀ ရာခိုင်နှုန်းရောက်ဖို့ အသည်းအသန် ကြိုးစားကြပြီး ၅၀ ရာခိုင် နှုန်းကျော် ရှိလာပြီဆိုရင် မျှခြေတစ်ခုကို ရောက်လို့ အတော်အတန် တည်တည်ငြိမ်ငြိမ် ရှိလာပါတယ်။ တကယ်လို့ ၁၀၀ ရာခိုင်နှုန်းကျော်ပြီး လူတစ်ဦးက နှစ်ကတ်၊ သုံးကတ် သုံးစွဲနိုင်တဲ့ အနေအထားမှာ ဆိုရင်တော့ Web ကင်မရာတွေအတွက် ထည့်သွင်းသုံးစွဲတာ၊ Tablet တွေထဲ ထည့်သွင်းသုံးစွဲတာမျိုး ဖြစ်လာပါပြီ။ မြန်မာနိုင်ငံမှာ နှစ်နှစ်ခွဲအတွင်း မိုဘိုင်းဖုန်း သိပ်သည်းဆကို ၅၀ ရာခိုင်နှုန်း ရောက်စေဖို့ ပစ်မှတ်ထားပါတယ်။ အဲဒီအတွက်လည်း ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်တဲ့အခါ အကောင်းဆုံး သူ၊ တကယ်စိတ်အချရဆုံးသူရဲ့ လက်ထဲ ထည့်ပေးမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အစမ်းသပ်ခံလို့ မရတော့ပါဘူး။ အင်တာနက် လွတ်လပ်ခွင့် ဆိုရာမှာလည်း အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးစွဲနိုင်ရုံသာမကဘဲ လူတိုင်းသုံးစွဲခွင့်ရဖို့၊ နှုန်းထားသက်သာဖို့ လိုပါတယ်။ မိုက်ခရိုဆော့ဖ်နဲ့ ဆွေးနွေးတုန်းကဆိုရင် မျှတတဲ့ ဈေးနှုန်းဖြစ်မှသာ လိုင်စင်ဗားရှင်းကို သုံးစွဲနိုင်မှာလို့ပြောတော့ ဘယ်ဈေးနှုန်းဆိုရင် မျှတတဲ့နှုန်းထား ဖြစ်မလဲလို့ သူတို့ကမေးပါတယ်။ အဲဒီအခါ FOC(Free of Charge) အခမဲ့ဖြစ်မှ မျှတတဲ့ ဈေးနှုန်းဖြစ်မယ်လို့ ပြောခဲ့တယ်။ ကျေးရွာတွေမှာ အသက်သာဆုံး ဈေးနှုန်းနဲ့ အင်တာနက် Access ရဖို့လိုပြီး အခမဲ့ဆိုရင် ပိုကောင်းပါတယ်'' ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇွန် ၁ ရက်တွင် ပြောကြားသည်။

ဆန်ခါတင်စာရင်းဝင် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ ၁၂ ခုမှ နှစ်ခုကို ဇွန်လကုန်ပိုင်းတွင် အပြီးသတ်ရွေးချယ်မည် ဖြစ်သည်။

EMG
အင်တာနက်ဖိုရမ်တွင် တွေ့ရသော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...