အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 June, 2013

ရန်ကုန်မြို့တော်တွင် စက်မှုဇုန်များ တိုးချဲ့ရန် လိုအပ်ဟုဆို

မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းအရ ရန်ကုန်မြို့တော်တွင် စက်မှုဇုန် ဧရိယာများ တိုးချဲ့ရန် ဟက်တာ ၇၀၀ ခန့် လိုအပ်ကြောင်း မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု မဟာစီမံကိန်း၏ အဖွဲ့ခေါင်းဆောင် Mr.Koji Yamada က ရန်ကုန်မြို့ Chatrium ဟိုတယ်၌ ဇွန်လ ၅ ရက်က ကျင်းပသည့် မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု မဟာစီမံကိန်း အလုပ်ရုံ ပွဲတွင် ပြောကြားသည်။လက်ရှိ ရန်ကုန်မြို့တော်၌ စက်မှုဇုန် ဟက်တာပေါင်း ၅၁၀၅ တွင် စက်မှုဇုန် ၂၄ ခု ရှိကြောင်း၊၂၀၄၀ ပြည့် နှစ်တွင် တိုးလာမည့် လူဦးရေနှင့်အတူ

“ကမ္ဘာ့ပထမဆုံး ပီဇာပို့လုပ်ငန်းသုံး အဝေးထိန်းရဟတ်ယာဉ်ငယ်”

ကမ္ဘာ့ပထမဆုံး ပီဇာပို့သည့် အဝေးထိန်း ရဟတ်ယာဉ်ငယ် တစ်စင်းကို ဗြိတိန် စားသောက်ကုန် လုပ်ငန်းတစ်ခုက စတင် တီထွင် အသုံးပြုနေကြောင်း သိရှိရသည်။ Dominoက အဆိုပါ ရဟတ်ယာဉ်ငယ်လေးကို တီထွင်ပြီး လူလုပ်သားများ နေရာတွင် အစားထိုးနိုင်ရန် မျှော်လင့်နေသည်။
 Domicopterဟု အမည်ပေးထားသော ရဟတ်ယာဉ်လေးကို Aerosight နည်းပညာ ကုမ္ပဏီက Domino၏ မှာယူမှုကြောင့် ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရဟတ်ယာဉ်ငယ်လေးသည် (၄)မိုင်မျှ

ရွှေညဝါဆရာတော် ဂျပန်သို့ ကြွမည်

ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟနဲ့ လက်ထောက် ဦးသူရိယတို့ဟာ ဇွန်လ ၁၁ ရက်နေမှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ရောက်လာမှာဖြစ်ပြီး ၆ ရက်ခန့် သီတင်းသုံးနေထိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ရွှေည၀ါ ဆရာတော်မှ ဂျပန်နိုင်ငံရှိ မြန်မာမိသားစုတွေကို တရားရေအေးတိုက်ကျွေးမှာဖြစ်ပြီး ဂျပန်နိုင်ငံ

မြန်မာ့တိုးရစ်ဇင် လုပ်ငန်း တိုးတက်အောင်မြင်တော့မလား

နေပြည်တော်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကြီးမှာ အရှဖွံ့ဖြိုးရေးဘဏ်၊ နော်ဝေနိုင်ငံတို့က ပူးပေါင်း ကူညီမှုနဲ့ အမေရိကန် ဒေါ်လာ သန်း ၅၀၀ လောက် ကုန်ကျခံမယ့် မြန်မာနိုင်ငံက ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း (တိုးရစ်ဇင်) အထူးစီမံကိန်းတခု သဘောတူလိုက် တယ်လို့ သိရပါတယ်။ အဲဒီ စီမံကိန်းကြီးကို အကောင်အထည်ဖော်ဖို့ရမှာ ဖွံ့ဖြိုးရေး စီမံကိန်းငယ်တွေ ၄၀ လောက်လည်း ပါဝင်ပြီး ဟိုတယ် လုပ် ငန်းနဲ့ တည်ဆောက်ရေးတွေ၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးတွေ၊ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှု ပတ်ဝန်းကျင်တွေ ကို မထိခိုက်တဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အစီအစဉ်ကြီးတခု

Air Asia လေကြောင်းက ဘန်ကောက်- နေပြည်တော် နေ့စဉ်ပြေးဆွဲမယ်

AirAsia လေကြောင်းလိုင်းဟာ ဘန်ကောက်ကနေ မြန်မာနိုင်ငံ နေပြည်တော်ကို နေ့စဉ်ပြေးဆွဲဖို့ အစီအစဉ်ကို လာမယ့် အောက်တိုဘာလမှာ စတင်မယ်လို့ သိရပါတယ်။ နေပြည်တော်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အဲအေးရှား အုပ်စု စီအီးအို တိုနီ ဖမန်းဒ်က ဘန်ကောက်- နေပြည် တော် ခရီးစဉ်ကို လာမယ့် အောက်တိုဘာစတင်မယ်ဆိုတဲ့ အစီအစဉ်ကို ကြေညာ လိုက် တာဖြစ်ပါတယ်။ “၂၀၁၃ အောက်တိုဘာလမှာ စတင်မယ့် ဘန်ကောက်မှ နေပြည်တော်ကို ဆက်သွယ်မယ့် ပထမ ဆုံး

ဒေါ်လာသန်း (၅၀၀) ကုန်ကျမည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာမဟာစီမံကိန်းကိုယခုနှစ်အတွင်းအကောင်အထည်ဖော်မည်

မြန်မာနိုင်ငံအစိုးရသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ နော်ဝေနိုင်ငံ အစိုးရတို့နှင့်အတူ ဖွံ့ဖြိုးရေးစီမံကိန်းပေါင်း (၂၁)ခုကိုလုပ်ကိုင်နိုင်ရန်အတွက် ဒေါ်လာသန်း (၅၀၀) ကုန်ကျမည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမဟာစီမံကိန်းတစ်ခုကို ထုတ်ဖော် လိုက်သည်။ အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပြိုင်အဆိုင်လုပ်ကိုင်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ အရေးကြီးသည့်ဒေသများအား ကာကွယ်ရန်နှင့်တိုင်းရင်းသားပြည်သူလူထုအား ကာကွယ်စောင့်ရှောက်

မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ပယ်ဖျက်ပေးရေး တောင်းဆိုမည်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးပြီး မတရားအသင်း အဖွဲ့ ဆက်သွယ်မှု (ပုဒ်မ ၁၇/ ၁) ဖြင့် ဖမ်းဆီးခံထားရ သူများကို ပြန်လွှတ်ပေးရန် တိုင်းရင်းသား ပါတီနှင့် နိုင်ငံရေးသမားများ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
 မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/ ၁ ကို လွှတ်တော်သို့ တင်ပြသွားရမည် ဖြစ်ကြောင်း၊ လွှတ်တော်မှ ပယ်ဖျက် ပေးရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား အများစုသည် ၁၇/ ၁ ဖြင့် ဖမ်းဆီးခံနေရသဖြင့် အမြန်ဆုံး ပြန်လွှတ်ရန်လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ရှမ်းအမျိုးသား

“စိုးမြတ်နန္ဒာရဲ့ Karat Silk ပိုးထည်ဆိုင်ကြော်ငြာရိုက်ကွင်းပေါ်က အနုပညာဖန်တီးမူ”

ဇွန်လ၅ရက်နေ့ကအကယ်ဒမီစိုးမြတ်နန္ဒာရဲ့KaratSilkပိုးထည်ဆိုင်ကြော်ငြာကိုသရုပ်ဆောင်ဝတ်မှုန်ရွှေရည်နဲ့ ဓါတ်ပုံ ကိုနိုင်နိုင်ထွန်း ( exposure)တို့ ကပုံဖေါ်ရိုက်ကူးခဲ့ကြောင်းသိရပြီး
အဆိုပါကြော်ငြာဓါတ်ပုံဖန်တီးမူရိုက်ကွင်းကပေါ်ကအနုပညာဖန်တီးမူအကြောင်းကိုပိုးထည်ဆိုင်လုပ်ငန်းရှင်

တစ်ဖြစ်လဲအကယ်ဒမီစိုးမြတ်နန္ဒာက“2013အတွက်ဒါဒါ့ဆိုင်ကြော်ငြာကိုမနေ့ကတနေ့လုံးရိုက်ကြတယ်၊
မေတ္တာနဲ့ရိုက်ကူးပေးတဲ့ ကစ်ကစ် (ဝတ်မှုန်ရွှေရည်) နဲ့ ဓါတ်ပုံ ကိုနိုင်နိုင်ထွန်း ( exposure)

ဒုတိယအကြိမ်မြောက်ဟိုချီမင်း စီးတီးExpo ပြပွဲ ကျင်းပလျက်ရှိ

ဗီယက်နမ်နိုင်ငံ Investment and Trade Promotion Centre (ITPC) မှ ကြီးမှူးကျင်းပသည့် ဟိုချီမင်း စီးတီး Expo ၂၀၁၃ ပြပွဲကို ဗီယက်နမ်နိုင်ငံမှ ကုမ္မဏီပေါင်း တစ်ရာကျော်ပါဝင်ပြီး ယနေ့မှစတင်၍ ၁၀ရက်နေ့ အထိ နံနက် (၉)နာရီမှ ညနေ(၆)နာရီ အတွင်း ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။ ဗီယက်နိုင်ငံ၏ ထိပ်တန်းကုမ္မဏီများနှင့် တွဲဖက်လုပ်ကိုင်နိုင်မည့် အခွင့်
အရေးများ ရရှိစေရန် ရည်ရွယ်၍ ဒုတိယအကြိမ် ဟိုချီမင်းစီးတီး Expo ၂၀၁၃ ကို ကျင်းပခြင်းဖြစ်ကြောင်း

မန္တလေး မြောက်ပိုင်းပြန်များနှင့် ABSDFအမှန်တရား ဖော်ထုတ်ရေး ကော်မရှင် တွေ့ပြီ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း ဒေသတွင် ယင်းအဖွဲ့ဝင်များကို သူလျှိုဟု စွပ်စွဲကာ ညှဉ်းပန်း သတ်ဖြတ်ခဲ့မှုကိစ္စနှင့် ပတ်သက်ပြီး အမှန်တရားနှင့် တရားမျှတမှု ပြန်လည် ဖော်ထုတ်ရန် ကော်မရှင်အဖွဲ့က အသက်မသေဘဲ ကျန်ရစ်သူ ABSDF မြောက်ပိုင်းပြန် ကာယကံရှင်များနှင့် မန္တလေးတွင် ပထဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
ABSDF ဗဟိုမှ ကိုကျော်ကျော်လင်း၊ ကိုမြင့်ဦး၊ ကိုသန့်စင်မြင့်နှင့် ကိုညွန့်ဝင်း စသည့် အဖွဲ့ဝင် ၄ ဦးပါသော

ငြိမ်းချမ်းစွာ စီတန်းလှည့်လှယ်ခြင်းဆိုင်ရာဥပဒေအရ ပြစ်ဒဏ်များချမှတ်

မုံရွာမြို့နယ် တရားရုံးမှ ယခုလ ၅ ရက်နေ့ မွန်းလွှဲ ၂ နာရီခွဲအချိန်ခန့်ကငြိမ်းချမ်းစွာစီတန်းလှည့် လှယ်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ငွေဒဏ် သုံးသောင်းကျပ် ပေးဆောင်စေရန်နှင့် ငွေဒဏ်ပေးဆောင်ရန်ပျက်ကွက် ခဲ့ပါက ထောင်ဒဏ်တစ်လကျခံစေဟု ပြစ်ဒဏ်ချမှတ်ခဲ့ ကြောင်း ရဲမှုခင်း
မှတ်တမ်းများအရ သိရသည်။
အဆိုပါ ပြစ်ဒဏ်များချမှတ်ခြင်းခံရသူ ကိုနွေဦးကို၊ ကိုဟိန်းဇော်ဝင်း၊နှင့် ကိုထင်သျှားပြည့်လျှံဦး ဆိုသူ

CNG ဈေးတက်လျှင် ကားသမားများ ဆန္ဒဖော်ထုတ်ကြမည်

CNG သဘာဝဓာတ်ငွေ့ ဈေးနှုန်းအပြောင်းအလဲ ရှိမည်ဆိုသော သတင်းများ ဖြစ်ပေါ်နေသည့်အတွက် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အငှားယာဉ်ပိုင်ရှင် တချို့နှင့် ယာဉ်မောင်းတချို့က CNG ဈေးတက်၍ ၎င်းတို့ ဝင်ငွေလျော့ကျလာပါက ဆန္ဒထုတ်ဖော်သည်အထိ ပြုလုပ် သွားမည်ဟု ပြောကြသည်။
လက်ရှိ ဈေးနှုန်းသည် ပြည်သူများ သက်သာချောင်ချိမှုကို အထောက်အကူ ပေးနိုင်ခြင်းမရှိဘဲ ယာဉ်ပိုင်ရှင်လူနည်းစုကိုသာ အကျိုးရှိစေသောကြောင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းကို

အရေးပေါ် ဖွဲ့စည်းလိုက်တဲ့ ဗီဒီယို ကွပ်ကဲရေးအဖွဲ့ ဘာတွေကွပ်ကဲမလဲ

သိပ်ကြာသေးခင် ကာလက မြန်မာဗီဒီယိုဇာတ်ကားတချို့ရဲ့ ချစ်ကြိုက်ခန်းတချို့ကို ပွင့်လင်းထင်သာ မြင်သာစွာ ရိုက်ကူး သရုပ်ဆောင် လာကြတယ်လို့ မြန်မာ facebook ပရိသတ်တွေက တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး ဝေဖန်သံ ညံလာခဲ့ရာက တဆင့် ပြည်တွင်းပြည်ပ မီဒီယာတွေအထိ အဲဒီဇာတ်ကားတွေရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို အင်တာဗျူးတွေလုပ်၊ ဖြေရှင်းချက်တွေပေး၊

“ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံး ဥက္ကဌ ဦးဇင်ဝိုင်းနှတ်ထွက်”

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံး ဥက္ကဌ ဦးဇင်ဝိုင်းသည် ကျန်းမားရေး အခြေနေကြောင့် ဆေးကုသ ရန် အတွက် နှုတ်ထွက်စာတင်သွားကြောင်းသိရှိရပြီးနာယကများနှင့်အမူဆောင်အဖွဲ့ကအရေးပေါ်အစည်းအဝေးကျင်းပကာ၎င်း ဧ။်နှတ်ထွက်စာကိုလက်ခံခဲ့ကြောင်းနှင့်လစ်လပ်သွားသော မြန် မာနိုင် ငံ ရုပ် ရှင် အစည်း ရုံး ဥက္ကဌ နေ ရာ တွင် ဒုတိယဥက္ကဋ္ဌဖြစ် သော သရုပ်ဆောင် လူမင်း မှ ခေတ္တတာဝန် ယူ မည် ဖြစ် ကြောင်းသိရှိ ရပါသည်။
Popular Journal

ပြုပြင်ပြောင်းလဲရေး ကြိုးစားလုပ်နေ ဟု ဦးသိန်းစိန် ပြော

နေပြည်တော် ကမ္ဘာ့စီးပွားရေးဖိုရမ် ဖွင့်ပွဲတွင် သမ္မတ ဦးသိန်းစိန်က စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်ကို ပြောင်းလဲရန်၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံမှာဖြစ်ပွားခဲ့သည့် လူမျိုးစု လက်နက်ကိုင်တိုက်ပွဲများ အဆုံးသတ်စေရန်၊ ဗဟိုထိန်းချုပ်ဈေးကွက်စီးပွားရေးစနစ်မှ လွတ်လပ်သော ဈေးကွက်စီးပွားရေး  စနစ်ဖြစ်ပေါ်စေရန် ကြိုးစားအလုပ်လုပ်နေကြောင်း ပြောဆိုသည်။ အပြောင်းအလဲများမှ သွေဖယ်မည်မဟုတ်ဘဲ နိုင်ငံတွင်း ၀င်လာမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို

ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ပတ်ဝန်းကျင်ယိုယွင်းမှု ပိုမိုဖြစ်ပေါ်

မြန်မာနိုင်ငံတွင် ထိန်းသိမ်းရေးလုပ်ငန်းများအားနည်းနေခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု တစ်နှစ် ထက်တစ်နှစ် ပိုမိုလာကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဇွန်လ ၅ ရက်နေ့၌ နေပြည်တော် ရှိပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၌ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည်။
ပတ်ဝန်းကျင် ထိခိုက်မှုများသည် ဒေသအလိုက်သိသာထင်ရှား စွာ ဖြစ်ပေါ်နေရာလွန်ခဲ့သော

ပက်ပ်စီကုမ္ပဏီ လာမည့်နှစ်မှစ၍ မြန်မာ့လယ်ယာကဏ္ဍ၌ ရင်းနှီးမြုပ်နှံမည်

အစားအသောက်နှင့်အချိုရည်များထုတ်လုပ်ဖြန့်ဖြူးသောပက်ပ်စီကုမ္ပဏီသည်မြန်မာ့လယ်ယာမြေကဏ္ဍတွင် လာမည့်နှစ်မှစတင်၍ ရင်းနှီးမြုပ်နှံမူကိုလုပ်ဆောင်တော့မည်ဟု အရှေ့အာရှစီးပွားေ၇းဖိုရမ်တွင်ကြေညာ
သည်.။
အဆိုပါကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ Ms.Indra Nooyi က ၎င်းတို့သည်လက်ရှိတွင်ရန်ကုန်တက္ကသိုလ်

ဟက်ဇဘိုလာအားဖြည့်ထားသည့် ဆီးရီးယားတပ်များ ကူဆေယာကို သိမ်းယူ

လက်ဘနွန်မှ ဟက်ဇဘိုလာလှုပ်ရှားမှုမှ တိုက်ခိုက်ရေးသမားထောင်ပေါင်းများစွာ ပါဝင်တိုက်ခိုက်ပြီးနောက် မဟာဗျူဟာကျနေရာတွင် တည် ရှိသည့် ကူဆေယာမြို့ကို ဆီးရီးယားအစိုးရတပ်က သိမ်းယူလိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က မီဒီယာထုတ်ပြန်ချက်တစ်ခုတွင် ပါရှိသည်။
 “အကြမ်းဖက်သမားတွေအများအပြားကို သတ်ခဲ့ပြီး တချို့ကို ဖမ်းဆီးပြီးနောက်မှာတော့ ဆီးရီးယားတပ်ဟာ ဟွန်းစ်နယ်က ကူဆေယာကို လုံးဝ ထိန်းချုပ်လိုက်ပါပြီ” ဟု နိုင်ငံပိုင်တီဗီသတင်းတွင်

ဘားအံသူအဖွဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူထုလှုပ်ရှားမှု ပြုလုပ်

ဇွန်လ ၅ရက်နေ့တွင် ကျရောက်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဖားအံသူအဖွဲ့မှ ဦးဆောင်ကာ "စိမ်းစိုပြေစေ သဘာဝအမွေ"ဟူသော ခေါင်းစဉ်ဖြင့် ပထမအကြိမ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ဖားအံမြို့တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
 နံနက်ပိုင်းတွင် ဖားအံမြို့မ ဈေးကြီးနှင့် လှိုင်းဘွဲအ၀ိုင်းနေရာတို့တွင် လူအင်အား ၇၀ကျော်ဖြင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များ၊ စတစ်ကာများ

ကလေးနှစ်ဦးထက် ပိုမမွေးရ ဒေသန္တရအမိန့် ထုတ်ပြန်ထားမှု လုံးဝမရှိဟုငြင်းဆို

ရခိုင်ပြည်နယ်တွင် ကလေးနှစ်ဦးထက် ပိုမမွေးရဟူသော ဒေသန္တရအမိန့် အစိုးရသစ်လက်ထက်၌ ထုတ်ပြန်ထားခြင်းမရှိခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်က ငြင်းဆိုသည်။ ယနေ့ နံနက် ၉း၃၀ နာရီက ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံးတွင် ပြုလုပ်သော ပြည်နယ်အစိုးရ၏ သတင်း စာရှင်းလင်းပွဲ၌

လှိုင်သာယာစက်မှုဇုန်လုပ်ငန်း တိုးချဲ့ရန် မြေမကျန်

ရန်ကုန်တိုင်းဒေသကြီး၏ အကြီးဆုံး စက်မှုဇုန်တစ်ခုဖြစ်သော လှိုင်သာယာ စက်မှုဇုန်များတွင် လုပ်ငန်း တိုးချဲ့လုပ်ကိုင်ရန်အတွက် မြေကွက်များ မကျန် ရှိတော့ကြောင်း လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြော ကြားသည်။ လှိုင်သာယာစက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇ တို့တွင် လုပ်ငန်းလည်ပတ်မှု မရှိသည့် စက်ရုံ၂၀ ခန့်သာ ကျန်ရှိပြီး ဧက ၁၀၀၀ ကျော် ကျယ်ဝန်းသော ယင်းစက်မှု ဇုန်တွင် စက်ရုံ၊ အလုပ်ရုံပေါင်း ၅၈၀ ခန့်ရှိသောကြောင့် အဆောက်အအုံ ထပ်မံ တည်ဆောက်၍

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာနည်းဥပဒေ(မူကြမ်း)ရေးဆွဲရေး ကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

၆-၆-၂ဝ၁၃ ရက်နေ့ ၁ဝးဝဝ မှ ၁၃း၃ဝ အချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အစည်းအဝေး ခန်းမ(၂)တွင် ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ခင်မောင်စီ ဦးဆောင်ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းဥပဒေ(မူကြမ်း) ရေးဆွဲရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး

အင်ဒို SEA Games တွင် ဂျူဒို ငွေတံဆိပ်ရခဲ့သူများယခုနှစ် ရွှေတံဆိပ် ယူမည်ဟုဆို

အင်ဒိုနီးရှား SEA Games တွင် ငွေတံဆိပ်နှင့်သာ ကျေနပ်ခဲ့ရသော ဂျူဒို အားကစားသမားများသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်ရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်နိုင်ဆွေက ပြောကြားသည်။အင်ဒိုနီးရှားတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် တစ်ခုသာရခဲ့ပြီး ငွေ တံဆိပ် ခြောက်ခုနှင့် ကြေးတံဆိပ် နှစ်ခုသာ ရရှိခဲ့သောကြောင့် လာမည့် ပြိုင်ပွဲ SEA Games တွင်

ကင်ညာ ကို ဗြိတိသျှ နစ်နာကြေးပေးမယ်

၁၉၅ဝ ပြည့်လွန် နှစ်တွေတုန်းက ညှဉ်းပန်း နှိပ်စက် ခံရတယ် ဆိုတဲ့ ထောင်နဲ့ချီတဲ့ ကင်ညာ နိုင်ငံသား တွေ အတွက် ဗြိတိသျှ အစိုးရက နစ်နာကြေး ပေးဖို့ ကြာသပတေး နေ့မှာ ကြေညာမယ် လို့ ယူဆ ရပါတယ်။
 အဲဒိချိန် တုန်းက ကိုလိုနီ ဘဝက လွတ်မြောက်ရေး အတွက် တောင်းဆို တိုက်ပွဲ ဝင်နေတဲ့ မောမော သူပုန် တွေနဲ့ ဗြိတိသျှ အစိုးရ ရင်ဆိုင် နေရတဲ့ အချိန် ဖြစ်ပါတယ်။
နစ်နာ ထိခိုက် ခဲ့ရသူတွေ အတွက် အထူး ဝမ်းနည်းကြောင်း ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဝီလျံ ဟိဂ်က

မိုက်ခရိုဆော့ဖ် မြန်မာပြည် ဝင်ပြီ

အင်အားကြီး အိုင်တီ ကုမ္ပဏီကြီးဖြစ်သော မိုက်ခရိုဆော့ဖ်သည် ပြည်တွင်းမှ Myanmar Information Technology (MIT) နှင့် ချိတ်ဆက်၍
မြန်မာ့ဈေးကွက်သို့ ဝင်လာကြောင်း သိရသည်။ မိုက်ခရိုဆော့ဖ်နှင့် MIT တို့ ပူးပေါင်း၍ Microsoft ecosystem တိုးချဲ့ခြင်း၊ Information and Communication Technology (ICT) လုပ်ငန်းများ

တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်နိုင်

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်နိုင်မည်ဟု ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။ အောင် စာရင်းထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ကို မေးမြန်းခဲ့ရာဒုတိယဝန်ကြီး ဦးအေးကြူက" ဆရာတို့တောင်ရက်အတိအကျမသိသေ
ပါဘူး ဇွန်လဆန်း စနေ၊တနင်္ဂနွေ တစ်ရက်ရက်မှာထွက်မှာတော့သေချာတယ်"ဟုပြောကြားခဲ့သည်။
တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသောကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းကို ဇွန်လ ဒုတိယအပတ်တွင်ထုတ်ပြန်နိုင်ကြောင်း မကွေးတိုင်းဒေသကြီး နတ်မောက် ဒုတိယမြို့နယ်

အကူအညီပေးတဲ့ ပစ္စည်းတွေ အကုန်လုံးဒုက္ခသည်တွေဆီ ကို ရောက်ရဲ့လားဆိုတာ စဉ်းစားရမယ့် ကိစ္စရပ်တခုပါ

ကချင်ဒေသမှ ဒုက္ခသည်များအရေး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူးMr. Ashok Nigam နှင့် တွေ့ဆုံခြင်း။
ပထမဆုံးအနေနဲ့ အစိုးရနဲ့ KIO က မေ ၃ဝ ရက်နေ့ ဆွေးနွေးပွဲကနေ သဘော တူညီချက် ၇ ချက်ကို ရေးထိုးနိုင်တဲ့ အပေါ် UN က ဘာပြောလိုပါသလဲ။
ဒီအချက် ၇ ချက်က အင်မတန် အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်ပါ တယ်။ ကျွန်တော်တို့ ကြိုဆိုပါတယ်။
ဒီ ၇ ချက်ထဲမှာ IDP (ပြည်တွင်း၌ ရွှေ့ ပြောင်းသွားလာသည့် ဒုက္ခသည်)တွေနဲ့ ပတ်သက်ပြီး ထူထောင်ရေးအပိုင်းတွေ ကို နှစ်ဖက် ဆက်လက်ဆောင်ရွက်သွားဖို့ ဆိုပြီး ပါပါတယ်။ အဲဒီလို လုပ်တဲ့အခါ

ချဲလ်ဆီး အသင်း၏ ဘန်ကောက် ခြေစမ်းပွဲ ခရီးစဉ် မြန်မာ ပရိသတ်များ ကြည့်ရှုနိုင်ရန် ဝန်ဆောင်မှု ပေးနေ

ဇူလိုင်လ အတွင်း ထိုင်းနိုင်ငံသို့ လာရောက် ခြေစမ်းပွဲ ကစားမည့် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းပွဲစဉ်အား ကြည့်ရှုလိုသူ မြန်မာ ပရိသတ် များကို သူရိယ အင်တာနေရှင်နယ် ကုမ္ပဏီက ပွဲကြည့်ရှုနိုင်ရန် စီစဉ်ပေးလျက် ရှိကြောင်း သိရသည်။ ဇူလိုင်လ ၁၇ ရက်နေ့ တွင် ချဲလ်ဆီးနှင့် ထိုင်း All Star အသင်းတို့ ကစားမည့် အဆိုပါ ပွဲစဉ်အား ကျပ် ငါးသိန်းခွဲခန့် ဖြင့် ဝန်ဆောင်မှု ပေး၍ ပို့ ဆောင်ပေး မည်ဖြစ်ကြောင်း သူရိယ အင်တာနေရှင်နယ်မှ ဦးမျိုးဝေတင့်က ပြောသည်။
”ဇူလိုင် ၁၃ ရက်မှာ ကစားမယ့် မန်ယူပွဲက လက်မှတ်ကုန် ပါပြီ။ ချဲလ်ဆီး ပွဲကတော့ ဇွန် ၈ ရက်နေ့လောက်

မြန်မာများ အကြမ်းဖက်ခံရမှု သတိပေးအပြီး မလေးရှားတွင် စတင်အရေးယူ

မလေးရှားရောက် မြန်မာအချို့ အကြမ်းဖက် ခံရမှုများကို အရေးယူပေးရန် မြန်မာအစိုးရက မလေးရှား အစိုးရထံ သတိပေးပြီး တစ်ရက်အကြာ ဇွန်လ ၅ ရက် နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်တွင် စစ်ဆင်ရေး တစ်ရပ်အနေနှင့် မြန်မာ အပါအဝင် နိုင်ငံခြားသားများကို စတင် ဖမ်းဆီးနေပြီ ဖြစ်ကြောင်း ကပုန်း နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။
ယင်းစစ်ဆင်ရေး (အော်ပရာစီ) တွင် မြန်မာနိုင်ငံသား ၅၀၀ ကျော် ဖမ်းဆီး ခံခဲ့ရပြီး ယင်းသည် လွန်ခဲ့သော

ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေအရ အားလုံး တန်းတူဖြစ်ရမယ်လို့ ပြောကြား

ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၂ ခုမှာရှိတဲ့ မွှတ်စလင်တွေကို မိသားစုတစ်ခုမှာ သားသမီး ၂ ဦးပဲ မွေးဖွားရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှုတစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တဲ့အတွက် မကျေနပ်ကြောင်း ပြောဆိုသံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ အခုလို မကျေနပ်မှုတွေပေါ်ပေါက်မှာကို ကြိုတင်တွက်ဆပြီး ဖြစ်ပါတယ်။ဒါပေမယ့် တရားဥပဒေအောက်မှာ နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အရေးရှိရမှာ ဖြစ်တဲ့အတွက် မိမိအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောစရာရှိတာကို အမှန်အတိုင်း

ဆောက်လုပ်ရေးကုမ္ပဏီ မအပ်နှံနိုင်သေး၍ ငဖဲကျေးရွာကျောင်း အခက်အခဲ ဖြစ်နေ

ကျောင်းများ ဖွင့်လှစ်လိုက်ပြီ ဖြစ် သော်လည်း ငဖဲမြို့နယ် ပဒါန်းကျေးရွာ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်း၌ အသစ်ဆောက်လုပ် ထား သော ကျောင်းဆောင်သစ်မှာ ဆောက် လုပ်ရေး ကုမ္ပဏီမှ အပ်နှံနိုင်ခြင်း မရှိ သေးသည့်အတွက် အခက်အခဲဖြစ်ပေါ် လျက်ရှိကြောင်း ကျောင်း သားမိဘ တစ်ဦးကပြောသည်။ အဆိုပါ ကျောင်းဆောင်သစ်ကို အခြေခံပညာ ဦးစီးဌာနမှ ငွေကျပ် ၆၄၈ သိန်းချထားပေးပြီးကုမ္ပဏီ မှ တာဝန်ယူဆောက်လုပ်ပေးခြင်း ဖြစ် သည်။ ကျောင်းဆောင် အကျယ်အဝန်း မှာ ပေ ၁၈ဝ x ၃ဝ ရှိ (၆) ခန်းတွဲ ဖြစ် သည်။ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အပြီးသတ် ဆောက် လုပ် နိုင်ခြင်း ရှိသော်လည်း အဆောက်အအုံ အင်္ဂါရပ် ခိုင်မာမှုမရှိခြင်းကြောင့် ယခု ထက်တိုင်

လူငယ်တွေ ကိုယ်ရည်ကိုယ်သွေး ကျဆင်းမှု ကိုမင်းကိုနိုင် စိုးရိမ်

မြန်မာနိုင်ငံမှာ ကလေးအရွယ်ကစပြီး ကျိုးနွံမှုပုံသွင်း ထားတဲ့ အတွက် နောက်မျိုးဆက်တွေအတွက် စိုးရိမ်ပူပန်မိတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။
 အမေရိကန် ပြည်ထောင်စုကိုရောက်နေတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့နှစ်ဦးဟာ ဝါရှင်တန်ဒီစီမြို့အခြေစိုက် RFA ရုံးချုပ်ကို မနေ့က လာရောက်လည်ပတ်စဉ် ကိုမင်းကိုနိုင်က ပြောလိုက်တာပါ။"နောက်မျိုးဆက်အတွက်လည်း စိုးရိမ်ပူပန်တယ်၊ ဒီအမေရိကရောက် လာတဲ့အခါမှာ

၂၀၁၅ သမ္မတရာထူးအတွက် ယှဉ်ပြိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် အတည်ပြု

နေပြည်တော်တွင် ယနေ့စတင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အတည်ပြုပြောကြားလိုက်သည်။
 တိုင်းပြည်ပွင့်လင်းလာမှုကို မျက်နှာချင်း ဆိုင်ရမည်ဖြစ်ပြီး ကြောက်ရွံ့နေစရာ မလိုဟုလည်း ပြောသည်။ တပ်မတော်ကို စည်းကမ်းစနစ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ဒီမိုကရေစီစနစ်နှင့်

အိမ်ထောင်သည်များ အစားသင့်ဆုံး သစ်သီး ငါးမျိုး

အိမ်ထောင်ရေးမှာ သာယာကြည်နူးဖွယ်ရာ အဆင်ပြေတဲ့ ဘဝမျိုးရရှိအောင် အောက်ပါ သစ်သီးငါးမျိုးကို စားပေးသင့်ပါတယ်။
(၁) သလဲသီး

အိမ်ထောင်သည်တွေ အစားသင့်ဆုံး သစ်သီးတွေထဲမှာ သလဲသီးကလည်း ပါဝင်နေပါတယ်။ လေ့လာမှုတစ်ခုအရ သလဲသီးဟာ သွေးတိုးကို ကျစေပြီး နှလုံးရောဂါ အန္တရာယ်ကိုလည်း လျော့ကျစေတယ်လို့ သိရပါတယ်။ သလဲသီး ဖျော်ရည်ကို သောက်တာက ဆန္ဒအားကို ကောင်းစေတယ်လို့

LOCKHEED MARTIN ကုမ္ပဏီသည် အမေရိကန် တပ်မတော်နှင့် ပဲ့ထိန်း စနစ်ပါ အတွဲလိုက် ဒုံးလောင်ချာများ ထုတ်လုပ်ရန် စာချုပ် ချုပ်ဆိုခြင်း

Lockheed Martin ကုမ္ပဏီသည် အမေရိကန် တပ်မတော်တွင် အသုံးပြုရန် အမေရိကန် ဒေါ်လာ ၁၉၇ သန်း တန်ဖိုး ရှိသည့် ပဲ့ထိန်း စနစ်ပါ အတွဲလိုက် ဒုံးပစ် လောင်ချာစနစ်များ ထုတ်လုပ်ရေး စီမံကိန်းကို လက်ခံ ရရှိ ခဲ့ပါသည်။အဆိုပါ စီမံကိန်းသည် ပဲ့ထိန်း စနစ်ပါ အတွဲလိုက် ဒုံးများ ထုတ်လုပ်ရေး Lot 7 စာချုပ်နှင့်လည်း ချိတ်ဆက်ထားရာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၅ဝ.၈ သန်းခန့် စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ၄င်း Lot 7 အရ အတွဲလိုက် ဒုံးများ ထုတ်လုပ်ရေး ဆိုင်ရာ စာချုပ်ကို Lockheed Martin ကုမ္ပဏီ အနေဖြင့် ၂ဝ၁၂ ခုနှစ် ဇူလိုင်လတွင် ချုပ်ဆိုရန် သဘော တူညီမှု ရရှိပြီး ဖြစ်ပါသည်။ ထိုကဲ့သို့

UNDP အုပ်ချုပ်ရေးမှူး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် လာရောက်

ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) အုပ်ချုပ်ရေးမှူး မစ္စစ် ဟယ်လင်ကလာ့စ် သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက် လည်ပတ်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ UNDP

ကချင်စစ်ပွဲ ကာလအတွင်း သေဆုံးသူများအား ရည်စူး၍ ဆွမ်းကပ် အမျှဝေမည်

ကချင်ဒေသ တကျော့ပြန် စစ် နှစ်နှစ်ပြည့်သောနေ့ အထိမ်းအမှတ် နှင့် ငြိမ်းချမ်းရေး ကို ကြိုဆိုသောအားဖြင့် စစ်ပွဲကာလအတွင်း သေဆုံး သွားသည့် နှစ်ဖက် စစ်သည်များ နှင့် အရပ်သားများ အား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ် အမျှဝေခြင်း အခမ်းအနားအား ဇွန်လ ၉ ရက်နေ့ တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့မှ သိရသည်။
အဆိုပါနေ့ နံနက် ၉ နာရီ၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မဟာ ဗန္ဓုလ ပန်းခြံရှိ

မြန်မာ့အိုင်တီကဏ္ဍတွင် ဒေါ်လာ ၁၅ သန်းTata အတိုင်ပင်ခံလုပ်ငန်း ရင်းနှီးမြုပ်နှံမည်

မြန်မာ့အိုင်တီကဏ္ဍဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၁၅ သန်းရင်းနှီးမြုပ်နှံဆောင်ရွက်မည်ဟု Tata Consultancy Service ဒုဥက္ကဌ Mr Subramanian Ramadorai ကပြာသည်.။
 အရှေ့အာ၇ှစီးပွားရေးဖိုရမ်တွင်ပြုလုပ်သောစာနယ်ဇင်းရှင်းလင်းပွဲတွင် ၄င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ထို့အပြင် မန္တလေးတိုင်းဒေသကြီးတွင်

လက်ပံတောင်းအရေးဆောင်ရွက်သူ ၁၅ ဦး ဖမ်းဝရမ်းထုတ်ခံရ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေးရေးမှာ ပါဝင်ခဲ့သူ ဒေသခံ ၇ ဦးနဲ့ ကူညီဆောင်ရွက်ပေးနေသူ ၈ ဦးကို ရွှေဘိုမြို့နယ်တရားရုံးက တရားခံပြေးအဖြစ် သတ်မှတ်ပြီး တရားရင်ဆိုင်ဖြေရှင်းဖို့သတိပေးကြေညာချက်တစ်စောင်ကိုမနေ့ကထုတ်ပြန်ခဲ့ပါတယ်။အဲဒီစာစောင်တွေကို မုံရွာခရိုင် ဆားလင်းကြီးမြို့တွင်းက ညောင်ပင်ကြီးကမ်းဆိပ်မှာ အာဏာပိုင်တွေဖက်က မနေ့က လိုက်လံဖြန့်ဝေနေတာလို့ တရားခံပြေးအဖြစ် ကြေညာခံထားရတဲ့ ဆည်တဲရွာဒေသခံ မဝင်းဝင်းဌေးက

အလိမ္မာ စာမှာရှိနေသည့် KNPP နှင့် အစိုးရတို့၏ အခြေအနေ

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) သည်၂၀၁၃ ခုနှစ်မတ်လတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ အပစ်အခတ် ရပ်စဲစဉ် သဘော တူညီချက် (၁၄) ချက်ဖြင့် လက်မှတ်ထိုး ခဲ့သော်လည်း ထိုအထဲတွင် အပစ်အခတ် ရပ်ရေးသဘော တူညီချက်မှ တပါးအခြား မည့်သည့် အချက်မှ အကောင်အထည်ဖေါ်ခြင်း မရှိသေးပေ။  အထူးသဖြင့် အပစ်အခတ် ရပ်စဲ ထားသည်ဟု ဆိုသော်လည်း တပ်နေရာ ချထားခြင်း မရှိသေးပေ။ KNPP သည် ၄င်းတို့ နေနေကျနေရာတွင် ရှိနေသော်လည်း အစိုးရ တပ်ဖွဲ့များသည် အပစ်ရပ်ရေးကို လက်ဦးမှု ရယူပြီး၊ စစ်သင်တန်း နေရာအတွက် မြေယာများ သိမ်းယူပြီး

မိုးတွင်း၌ ရေလယ်တွင် သံလွင်မြစ်တံတား တည်ဆောက်မှု အန္တာရယ်ရှိနေ

ကယားပြည်နယ်မှ ဖားဆောင်းမြို့နယ်မှ သံလွင်မြစ်ကူးတံတား တည်ဆောက်မှုအခြေအနေမှာ တခြားတိုင်းဒေသကဲ့သို့ အထောက်အကူဖြစ်စေတဲ့ သင်္ဘောများ မရှိတဲ့အတွက် မိုးတွင်းတွင် ရေလယ်၌ တံတားတည်ဆောက်မှု အန္တရာယ်ရှိနေတယ်လို့ သိရပါတယ်။ မိုးတွင်း၌ ရေလယ်တွင် တူးဖော်ရေးလုပ်ငန်း မပြုလုပ်နိုင်သေး၍ ဦးစွာ ကမ်းစပ်ဘက်မှ လုပ်ငန်းများကိုသာ ဆောင်ရွက်ထားရတယ်လို့ အငယ်တန်း အင်ဂျင်နီယာ နှင့် မြို့ပြ တာဝန်ယူထားသူ ဦးမြင့်ကိုက ယခုလို ပြောပါတယ်။
"ပြည်နယ်ကနေ ထိုင်းနဲ့မြန်မာနဲ့လမ်းကိုစပြီး အကောင်အထည်ဖော်နေတာပေါ့နော် ပြည် နယ်ဆောက်လုပ်ရေး ဌာနက လုပ်တယ်။ အခက်အခဲကတော့ ဒီဒေသမှာသွားရေး လာရေးက ရေလယ်မှာ

ကမ္ဘာကြီးကို ပြောင်းပြန်မြင်နေရသူအမျိုးသမီး

အမျိုးသမီးတွေ မြေပုံစာရွက်ကို မဖတ်တတ်ဘူးလို့ ပြောချင်တာလား ဒါဆို ဒီသတင်းလေးဖတ်ကြည့်ပါဦး

တကယ်တော့စာသားတွေကို ပြောင်းပြန်ဖတ်ဖို့ဆိုတာ မလွယ်ကူတဲ့အလုပ်ဖြစ်ကြောင်းသင်သိမှာပါ ဒါပေမယ့် အခု ဆိုက်ဘေးရီးယားက အမျိုးသမီးတစ်ဦးကတော့ စာတွေကိုပြောင်းပြန်ဖတ်နိုင်စွမ်းရှိပါတယ် ။
သူ့နာမည်ကို Bohana Danilovic လို့ခေါ်ပြီးအသက်က ၂၈ နှစ်ဝန်းကျင် ဆိုက်ဘေးရီးးယား

ရခိုင်ပြည်နယ် မောင်တောတွင် ရခိုင်တိုင်းရင်းသား ၂ ရာခိုင်နှုန်းသာ ကျန်ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဘင်္ဂါလီ လူဦးရေ ၉၈ ရာခိုင်နှုန်းဖြစ်နေပြီး ရခိုင်တိုင်းရင်းသားမှာ ၂ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
 “၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေဟာ တော်တော်ပြည့်စုံတဲ့ ဥပဒေပါ။ အဲဒီ ဥပဒေနဲ့ ချိန်ထိုးပြီးတော့ ဘင်္ဂါလီတွေကို ဘယ်လိုအဆင့်ထားမလဲ၊ ဥပမာအားဖြင့် ခု ဒီမှာ permanent resident (PR အမြဲနေထိုင်ခွင့်) ဆိုတာကို စဆွဲနေပြီ။ သူတို့ကို permanent resident ထားပြီးတော့

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ၊ အထူးစုံစမ်းစစ်ဆေးရေး ဌာနတို့ပူးပေါင်း၍ လူကုန်ကူးခံရသူများအား ကယ်တင်

၂.၅.၂၀၁၃ ရက်နေ့တွင် မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (Associaltion of Human Rights Defenders and Promoters) ဒါရိုက်တာဖြစ်သူ ဦးမြင့်အေးက မဟာမဲခေါင်ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံချက်(UNIAP)မှတဆင့် တိုင်စာ(၁)စောင်
ပေးပို့ခဲ့ပါသည်။အဆိုပါတိုင်စာ၌ ၁၂-၁-၂၀၁၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊
မြောက်ဥက္ကလာပ မြို့နယ်၊ (၂)ရပ်ကွက်၊ နိဗ္ဗာန်လမ်းနေ သဲသဲဝင်း(ခ) သက်သက်ဝင်း(၄၅)နှစ်မှ မြဝတီမြို့၊

ဂျာမန် မောင်းသူမဲ့ လေယာဉ်နှင့် အာဖဂန် ခရီးသည်တင် လေယာဉ်တစ်စင်းတို့ တိုက်မိလု နီးပါး ဖြစ်ပွားခဲ့

ထိန်းချုပ်မှု မဲ့နေသော Luna အမည်ရှိ ဂျာမန် မောင်းသူမဲ့ လေယာဉ်သည် အာဖဂန် နိုင်ငံကို ဖြတ်ကျော် ပျံသန်းစဉ်လူ ၁ဝဝ ကို သယ်ဆောင်လာသော Ariana အာဖဂန် ခရီးသည်တင် လေယာဉ်တစ်စင်းနှင့် တိုက်မိလု နီးနီး အခြေအနေ ဖြစ်ပွားခဲ့မှုကြောင့် ဂျာမနီနိုင်ငံတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ Luna မောင်းသူမဲ့ လေယာဉ်သည် အာဖဂန်နိုင်ငံတွင် ပျံသန်းစဉ် ယင်းခရီးသည်တင်

ကေအယ်တွင် (အော်ပရာစီ) စတင်ပြုလုပ်နေပြီ

ယခုလက်ရှိ ကွာလာလမ်ပူ မြန်မာဆိုင်များတည်ရှိရာ လမ်းများအားလုံးပိတ်ဆို့စစ်ဆေးမှု့ (အော်ပရာစီ) စတင်ပြုလုပ်နေပြီ5.6.2013နံနက်11နာရီမှစတင်ပြီးကွာလာလမ်ပူမြို့မြန်မာစားသောက်ဆိုင်များ တည်ရှိရာ အနီးတစ်ဝိုက် ရှိ လမ်းများအားလုံး ၊ မြန်မာဆိုင်များ ၊ လမ်းထောင့်များတွင် အင်အားရာကျော်ရှိသော ရဲ ၊ လဝက ၊ ရေးလား(ပြည်သူ့စစ်)များပါဝင်သည့် အထူးစီမံချက်တစ်ရပ်ပြုလုပ်ကာ မည်သူ့ကို
မဆို စစ်ဆေးဖမ်းစီးမှု့စတင်နေပြီဖြစ်ပါတယ် ။ပြီးခဲ့တဲ့ 4 ရက်ဆက်တိုင် မြန်မာနိုင်ငံသားများ

ဆီးရီးယားအစိုးရတပ် သူပုန်တွေကို အပြတ်ချေမှုန်းမယ်လို့ ကြေညာ

လက်ဘနွန်နိုင်ငံရှိ Hezbollah တိုက်ခိုက်ရေးသမားတွေကို ကျောထောက်နောက်ခံ ပေးနေတဲ့ ဆီးရီးယားတပ်ဖွဲ့တွေက လက်ဘနွန်နယ်စပ်ရှိ မဟာဗျူဟာကျတဲ့ ကူဆာအီမြို့ကို လုံးဝ ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။ အဲ့ဒီမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ၃ ပတ်ကြာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ဆီးရီးယားစစ်တပ်က အစိုးရဆန့်ကျင်ရေး အကြမ်းဖက်သမားတွေကို

သွေးလွန်တုတ်ကွေးရောဂါ @Dengue Hemorrhagic Fever

( မိုးရာသီစတင် ၀င်ရောက်လာသည်နှင့်အမျှ ကလေးငယ်များတွင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှု များပြားလာပါသည်။ ထို့ကြောင့် သွေးလွန် တုပ်ကွေးနှင့် ပတ်သတ်သော အချက်များအား တင်ပြပေးချင်းဖြစ်ပါသည်။ )

သွေးလွန်တုတ်ကွေးရောဂါ ဆိုတာဘာလဲ။

သွေးလွန်တုတ်ကွေးရောဂါ ဆိုသည်မှာ ကလေးများတွင် အဖြစ်များသော ခြင်မှတဆင့် ကူးစက်တတ်သည့် ရောဂါတစ်မျိုး ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် ကလေးများ၏အသက်ကိုအဓိက ဒုက္ခပေးနေသော

စစ်တပ်သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ လယ်သမား ၃ဝဝ ကျော် ထွန်ယက်

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မြေနီတောင်ကျေးရွာအုပ်စု အနီးတဝိုက်မှာ စစ်ရေးလေ့ကျင့်ရေးတပ်က သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွင်း လယ်လုပ်ခွင့်မပြုတဲ့အတွက် ဒီကနေ့မှာ လယ်သမား ၃ဝဝ က အဲဒီမြေတွေထဲမှာ မိမိသဘောနဲ့ ထွန်ယက်စိုက်ပျိုးခဲ့ကြပါတယ်။အခုလို ထွန်ယက်စိုက်ပျိုးတာနဲ့ ပတ်သက်ပြီးပါဝင်သူ လယ်သမား ကိုကြည်စိုးက RFAကို အခုလို ပြောပါတယ်။"လယ်တွေကို အင်္ဂပူမှာ ၉၄ ခုနှစ်က လေ့ကျင့်ရေးတပ်က တပ်နယ်နိမိတ်ဆိုပြီးတော့

တိုက်ပွဲများကြောင့် လူကုန်ကူးခံရမှုကို တွန်းအားပေးသလို ဖြစ်လာကြောင်း KWAT ပြော

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) တို့အကြား တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသည့် ကာလအတွင်း ကချင်အမျိုးသမီးများအား တရုတ်နိုင်ငံဘက်ခြမ်းသို့ လူကုန်ကူးခံရအောင် တွန်းပို့ပေးသလိုဖြစ်နေကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT) ယနေ့ ပြောကြားလိုက်သည်။ကချင်ပြည်နယ်နှင့် နယ်နိမိတ်ခြင်း ထိစပ်နေသော တရုတ်-မြန်မာနယ်စပ်တစ်လျှောက်ရှိ နေရာဒေသများတွင် လူကုန်ကူးမှုများ တိုးပွားလာလျက်ရှိကြောင်း

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...