အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 June, 2013

UNDP အုပ်ချုပ်ရေးမှူး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် လာရောက်

ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) အုပ်ချုပ်ရေးမှူး မစ္စစ် ဟယ်လင်ကလာ့စ် သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက် လည်ပတ်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ UNDP ပြန်ကြားရေး တာဝန်ခံ ဦးညီညီအောင်က The Voice သို့ ပြောကြားသည်။

၁၉၈၇ ခုနှစ်တွင် UNDP အုပ်ချုပ်ရေးမှူး တစ်ဦး မြန်မာနိုင်ငံသို့ လာရောက် ဖူးသော်လည်း ယခုတစ်ကြိမ်မှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် လာရောက်သည့် ခရီးစဉ် ဖြစ်သည်။

UNDP အုပ်ချုပ်ရေးမှူး မြန်မာနိုင်ငံသို့ ရောက်ရှိ ခြင်းသည် အစိုးရက အကောင်အထည် ဖော်နေသည့် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို UNDP က ပိုမို ထိရောက်စွာ ထောက်ပံ့ ကူညီရန် အချက်ပြလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဦးညီညီအောင် က သုံးသပ် ပြောကြားသည်။

အဆိုပါ UNDP အုပ်ချုပ်ရေးမှူးသည် ကျေးလက်အဆင့် လူသား ရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် UNDP က ပံ့ပိုး ကူညီသည့် ရှမ်းပြည်နယ်ရှိ ကိုယ်ထူကိုယ်ထ အဖွဲ့(Self-reliance Group) များနှင့် ဇွန်လ ၄ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် သန်လျင်မြို့နယ် ကရင်ဆိပ် စံပြကျေးရွာ၌ UNDP အပြင် UNFPA.UNESCO.FXB International နှင့် British Council တို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသော Community Learning Centre နှင့် လူထု အခြေပြု ကျေးရွာ ဖွံ့ဖြိုးမှု လုပ်ငန်းများ ကို ကုလသမဂ္ဂ တာဝန်ရှိသူများနှင့် အတူမေလ ၅ ရက်နေ့က သွားရောက် လေ့လာ ခဲ့ပြီး ဒေသခံ များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

မစ္စစ် ဟယ်လင်ကလော့စ်သည် ဇွန်လ ၆ ရက်နေ့က နေပြည်တော် တွင် ပြုလုပ်သည့် ကမ္ဘာ့ စီးပွားရေးဖိုရမ် တွင်လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ကမ်းလှမ်း ထားချက်အရ ပူးတွဲ သဘာပတိ အဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးညီညီအောင် က ပြောကြားသည်။

UNDP သည် မြန်မာနိုင်ငံ အစိုးရ၏ အုပ်ချုပ်ရေး ယန္တရား ကောင်းမွန်ရေး အတွက်၂၀၁၃-၂၀၁၅ ဘဏ္ဍာနှစ် ခွင့်ပြု ချက်အရ ကန်ဒေါ်လာသန်း ၁၅၀ ကို လွှတ်တော် ကိုယ်စားလှယ် စွမ်းရည်မြှင့် သင်တန်းပေးခြင်းနှင့် အဆင့်မြင့် အရာရှိများကို လေ့ကျင့် သင်ကြားပေးခြင်း တို့တွင် အသုံးပြုထားသည်။

UNDP အုပ်ချုပ်ရေးမှူး တာဝန်ဖြင့် လာရောက် လည်ပတ်သည့် မစ္စစ် ဟယ်လင်ကလာ့စ်သည် ၁၉၉၉ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိ နယူးဇီလန် ဝန်ကြီးချုပ်အဖြစ် ဝန်ကြီးချုပ် သက်တမ်း သုံးနှစ်တိုင်တိုင် ဆောင်ရွက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း မြှင့်တင်ပေးခြင်း၊ ကျန်းမာရေးနှင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တက်လာအောင် ဆောင်ရွက်ခြင်းနှင့် တိုင်းရင်းသား လူမျိုးစု ပြဿနာများကို ပြေလည်အောင် ဖြေရှင်းခြင်းတို့ လုပ်ဆောင်နိုင်ခဲ့သည်။

၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊
ဒေါ်အောင်ဆန်း စုကြည်တို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း UNDP မှ သတင်းရရှိသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...