နေပြည်တော်
ကမ္ဘာ့စီးပွားရေးဖိုရမ် ဖွင့်ပွဲတွင် သမ္မတ ဦးသိန်းစိန်က စစ်အုပ်ချုပ်ရေးမှ
ဒီမိုကရေစီစနစ်ကို ပြောင်းလဲရန်၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက
နိုင်ငံမှာဖြစ်ပွားခဲ့သည့် လူမျိုးစု လက်နက်ကိုင်တိုက်ပွဲများ
အဆုံးသတ်စေရန်၊ ဗဟိုထိန်းချုပ်ဈေးကွက်စီးပွားရေးစနစ်မှ လွတ်လပ်သော ဈေးကွက်စီးပွားရေး စနစ်ဖြစ်ပေါ်စေရန် ကြိုးစားအလုပ်လုပ်နေကြောင်း ပြောဆိုသည်။ အပြောင်းအလဲများမှ သွေဖယ်မည်မဟုတ်ဘဲ နိုင်ငံတွင်း ၀င်လာမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို
ထောက်ခံကြောင်း၊ ဒေသတွင်း ချမ်းသာကြွယ်ဝမှုနှင့် ငြိမ်းချမ်းမှုများကိုလည်း
မြန်မာလူငယ်များ မျှဝေခံစားစေလိုကြောင်း သမ္မတဦးသိန်းစိန်က မိန့်ခွန်း
ဖတ်ကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ယနေ့ ဖွင့်ပွဲအခမ်းအနား အစီအစဉ်ကို
ကမ္ဘာ့စီးပွားရေးဖိုရမ် တည်ထောင်သူ ကလော့စ်ရွှဘ်က ကြီးမှူးပြီး လာအို၊
ဗီယက်နမ် ဝန်ကြီးချုပ်များလည်း တက်ရောက် စကားပြောကြသည်။
ဧရာဝတီ
ဧရာဝတီ