အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 June, 2013

တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်နိုင်

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်နိုင်မည်ဟု ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။ အောင် စာရင်းထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ကို မေးမြန်းခဲ့ရာဒုတိယဝန်ကြီး ဦးအေးကြူက" ဆရာတို့တောင်ရက်အတိအကျမသိသေ
ပါဘူး ဇွန်လဆန်း စနေ၊တနင်္ဂနွေ တစ်ရက်ရက်မှာထွက်မှာတော့သေချာတယ်"ဟုပြောကြားခဲ့သည်။
တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသောကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းကို ဇွန်လ ဒုတိယအပတ်တွင်ထုတ်ပြန်နိုင်ကြောင်း မကွေးတိုင်းဒေသကြီး နတ်မောက် ဒုတိယမြို့နယ်
ညွှန်ကြားရေးမှုးက ''အောင်စာရင်းက ဇွန် ဒုတိယပတ် ၉ ရက်နေ့လို့ပြောသံ
ကြားပါတယ်။

ဇွန် ၂ ရက်နေ့မှာပြည်နယ်နဲ့တိုင်း ညွှန်ကြားရေးမှုး ဆီမှာ
အောင်စာရင်းသွားယူပြီး ကိုယ်ရုံးမှာမထားဘဲ ရဲစခန်း ဒါမှမဟုတ် လုံခြုံတဲ့
နေရာမှာ ထားရမှာပါ။အခုထိတော့ထုတ်ပြန်ထားတာ အတိအကျမရှိသေး
ပါဘူး''ဟုပြောကြားခဲ့သည်။

အောင်စာရင်းထွက်ရှိမည့်ရက်ကို တရာဝင်ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ဇွန်လ ၉ရက်နေ့တွင် ထွက်ရှိလာနိုင်
ကြောင်း၊ အနောက်ပိုင်းခရိုင် ပညာရေးမှုးရုံးမှ ဒုတိယညွှန်ကြားရေးမှုး
ဦးအုန်းသွင် က ပြောကြားခဲ့သည်။ ၂၀၁၂-၂၀၁၃ တက္ကသိုလ်ဝင်တန်း
တွင်မြန်မာတစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်း ၃၀ ကျော်ရှိခဲ့ရာ မွန်ပြည်နယ်
သည် အောင်ချက်အကောင်းဆုံးဖြစ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများမှ
သတင်းရရှိသည်။

SkyNet

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...