အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 June, 2013

ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ပတ်ဝန်းကျင်ယိုယွင်းမှု ပိုမိုဖြစ်ပေါ်

မြန်မာနိုင်ငံတွင် ထိန်းသိမ်းရေးလုပ်ငန်းများအားနည်းနေခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု တစ်နှစ် ထက်တစ်နှစ် ပိုမိုလာကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဇွန်လ ၅ ရက်နေ့၌ နေပြည်တော် ရှိပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၌ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည်။
ပတ်ဝန်းကျင် ထိခိုက်မှုများသည် ဒေသအလိုက်သိသာထင်ရှား စွာ ဖြစ်ပေါ်နေရာလွန်ခဲ့သော ဆယ်နှစ်အတွင်းကစ၍ မြန်မာနိုင်ငံ၏ မြစ်ကြီး များဖြစ်သော ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်းမြစ် အစရှိသည့် မြစ် များသည် သဘာဝဂေဟစနစ် ပျက်စီးမှုနှင့် လူတို့၏ အပြုအမှုတို့ကြောင့် မိုးရာသီကာလ ရောက်ရှိပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရေကြီးရေ လွှမ်းမိုးမှုများ ဖြစ်ပေါ်နေသည့်အပြင် နွေရာသီ ရောက်ရှိပါကလည်း ရေရှားပါးမှုဒဏ်ကို အလွန်အမင်း တွေ့ကြုံ ခံစားနေရပြီး ရေလမ်းခရီး သွားလာရေး လည်း ခက်ခဲလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီး အပြင် ပြည်နယ်အချို့တွင် ရေကြီးမှုဒဏ်ကြောင့် ငွေကြေးသန်းပေါင်း များစွာနှင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းအပြင် အင်းလေးကန် မှာလည်း သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှုနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ အားနည်းနေခြင်းကြောင့် ရေလျော့နည်း ခန်းခြောက်မှုများ ဖြစ်ပေါ် လာနေကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဆက်လက်ပြောကြားသည်။

၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ 'ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ စားနပ်ရိက္ခာ ချွေတာ စားသုံးစို့' ဖြစ်သည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအနေနှင့် ပတ်ဝန်းကျင် ပျက်စီးမှုကို လျော့နည်းကျဆင်းစေ ရန်နှင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် အစားအစာကို ချွေတာစားသုံးရန် လိုအပ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားထားကြောင်း United Nations Information Centre ၏ Website စာမျက်နှာတွင် ဖော်ပြထားသည်။

ယခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့သည် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကမ္ဘာ့နိုင်ငံ အသီးသီး မှ ခေါင်းဆောင်များ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆွေးနွေးခဲ့သည်မှာ ၄၁ နှစ်ပြည့်မြောက်သောနေ့လည်း ဖြစ်သည်။

The Voice Weeky

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...