အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 June, 2013

ရန်ကုန်မြို့တော်တွင် စက်မှုဇုန်များ တိုးချဲ့ရန် လိုအပ်ဟုဆို

မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းအရ ရန်ကုန်မြို့တော်တွင် စက်မှုဇုန် ဧရိယာများ တိုးချဲ့ရန် ဟက်တာ ၇၀၀ ခန့် လိုအပ်ကြောင်း မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု မဟာစီမံကိန်း၏ အဖွဲ့ခေါင်းဆောင် Mr.Koji Yamada က ရန်ကုန်မြို့ Chatrium ဟိုတယ်၌ ဇွန်လ ၅ ရက်က ကျင်းပသည့် မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု မဟာစီမံကိန်း အလုပ်ရုံ ပွဲတွင် ပြောကြားသည်။လက်ရှိ ရန်ကုန်မြို့တော်၌ စက်မှုဇုန် ဟက်တာပေါင်း ၅၁၀၅ တွင် စက်မှုဇုန် ၂၄ ခု ရှိကြောင်း၊၂၀၄၀ ပြည့် နှစ်တွင် တိုးလာမည့် လူဦးရေနှင့်အတူ
တိုးပွားလာမည့် လုပ်သားဦးရေ အတွက် စက်မှုဇုန် ဧရိယာများ ၇၀၀ ဟက်တာခန့် အသစ်ချဲ့ထွင် ရန်လိုအပ်ကြောင်း အသစ်ဆောင်ရွက်မည့် စက်မှုဇုန်များကို လည်း မြို့ပတ်လမ်း(Outer ring road) တစ်လျှောက်တွင် ဖော်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

“စက်မှုဇုန်တွေ ထပ်တိုးမယ် ဆိုရင်တော့ များများတိုး စေချင်တယ်။ အဲဒါမှ ဈေးကြီး နေတဲ့ စက်မှုဇုန် မြေဈေးနှုန်းတွေ ကျလာပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ လည်း ပိုဝင် လာနိုင်တယ်။ ပြည်တွင်း လုပ်ငန်းရှင် တွေလည်း စက်မှုဇုန် ဈေးကျရင် ပိုလုပ်လာနိုင်တယ်” ဟု အထည်ချုပ် လုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောကြားသည်။

စက်မှုဇုန်တိုးချဲ့မည့် လုပ်ငန်းများကို ၂၀၄၀ ပြည့်နှစ်တွင် အပြီးသတ် ဆောင်ရွက်ဖြစ်ပြီး လက်ရှိ စက်မှုဇုန်များ၏ ဖွံ့ဖြိုး တိုးတက်ရေးကိုပါ ဆောင်ရွက်မည် ဖြစ်သော ကြောင့် စတင် တိုးချဲ့မည့် ကာလကို အတိအကျ ပြောကြားနိုင်ခြင်း မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) ၊ မြို့ပြစီမံကိန်း ဌာနခွဲမှ၊ အကြီးတန်း အရာရှိတစ်ဦးက ပြောကြား သည်။

ရန်ကုန်မြို့တော်တွင် လူဦးရေ ၅ ဒသမ ၁ သန်း နေထိုင်လျက် ရှိပြီး နှစ်စဉ် လူဦးရေ ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးပွား လျက်ရှိသောကြောင့် ၂၀၄၀ ပြည့်နှစ်တွင် လူဦးရေ ၁၁ သန်းကျော် ရှိလာမည် ဖြစ်ကြောင်း တိုးလာမည့် လုပ်သားဦးရေ အတွက် စက်မှုဇုန်သစ်များ ဆောင်ရွက် မည် ဖြစ်ကြောင်း (Y.C.D.C) ထံမှ သိရသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...