အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 June, 2013

ကချင်စစ်ပွဲ ကာလအတွင်း သေဆုံးသူများအား ရည်စူး၍ ဆွမ်းကပ် အမျှဝေမည်

ကချင်ဒေသ တကျော့ပြန် စစ် နှစ်နှစ်ပြည့်သောနေ့ အထိမ်းအမှတ် နှင့် ငြိမ်းချမ်းရေး ကို ကြိုဆိုသောအားဖြင့် စစ်ပွဲကာလအတွင်း သေဆုံး သွားသည့် နှစ်ဖက် စစ်သည်များ နှင့် အရပ်သားများ အား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ် အမျှဝေခြင်း အခမ်းအနားအား ဇွန်လ ၉ ရက်နေ့ တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့မှ သိရသည်။
အဆိုပါနေ့ နံနက် ၉ နာရီ၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မဟာ ဗန္ဓုလ ပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌ ပြုလုပ်သွားမည်ဖြစ်ပြီး ၄င်းနေ့ နေ့လည် ၁၂ နာရီတွင် အလုံမြို့နယ် ၊ သစ်တောလမ်း ရှိ ဇောတနာရာမ စာသင်တိုက်၌ စစ်ပွဲကြောင့် သေဆုံးသူများအား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်အမျှဝေ သည့် အစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ထပ်မံသိရသည်။

သူရထွန်း
Popular Myanmar News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...