အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 June, 2013

ဂျာမန် မောင်းသူမဲ့ လေယာဉ်နှင့် အာဖဂန် ခရီးသည်တင် လေယာဉ်တစ်စင်းတို့ တိုက်မိလု နီးပါး ဖြစ်ပွားခဲ့

ထိန်းချုပ်မှု မဲ့နေသော Luna အမည်ရှိ ဂျာမန် မောင်းသူမဲ့ လေယာဉ်သည် အာဖဂန် နိုင်ငံကို ဖြတ်ကျော် ပျံသန်းစဉ်လူ ၁ဝဝ ကို သယ်ဆောင်လာသော Ariana အာဖဂန် ခရီးသည်တင် လေယာဉ်တစ်စင်းနှင့် တိုက်မိလု နီးနီး အခြေအနေ ဖြစ်ပွားခဲ့မှုကြောင့် ဂျာမနီနိုင်ငံတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ Luna မောင်းသူမဲ့ လေယာဉ်သည် အာဖဂန်နိုင်ငံတွင် ပျံသန်းစဉ် ယင်းခရီးသည်တင် လေယာဉ်အနီးသို့ နှစ်မီတာခန့် အကွာအထိ ရောက်ရှိခဲ့ရာ တိုက်မိလု နီးပါးဖြစ်ပွားခဲ့ပုံကို မောင်းသူမဲ့ လေယာဉ်တွင် တပ်ဆင်ထားသော ကင်မရာမှ ဗီဒီယို ရိုက်ကူးနိုင်ခဲ့သည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ်များ အနေဖြင့် အခြား လေယာဉ်များနှင့် တိုက်မိခြင်းမှ ကာကွယ်နိုင်သည့် နည်းပညာသည် အဖိုးအခ ကြီးမားလှသည့် အတွက်ကြောင့် Luna မောင်းသူမဲ့ လေယာဉ်တွင် ယင်းနည်းပညာကို တပ်ဆင်ထားခြင်း မရှိကြောင်း ဂျာမနီ ကာကွယ်ရေး ဝန်ကြီး သောမတ်စ်ဒီမီဇီရီက ပြောကြားခဲ့သည်။ ၈၈ ပေါင်အလေးချိန် ရှိသော Luna မောင်းသူမဲ့ လေယာဉ်သည် အာဖဂန်မြို့တော် ကဘူးလ်မြို့ အနီး လေယာဉ် အရေးပေါ် ဆင်းသက်မှု မပြုမီ Ariana ခရီးသည်တင် လေယာဉ်ကြောင့် တိုက်မိလုနီးပါး ဖြစ်ခဲ့သောကြောင့် အစိုးရ၏ ဒရုန်းစီမံကိန်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...